၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ရ ရက်နေ့ အထိ ဂျပန်နိုင်ငံ၊အိုဆာကာမြို့တွင် ကျင်းပ ပြုလုပ်
မည့် ယူ-၁၄ ဂျပန်၊ အာဆီယံဘောလုံး ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အသက် ၁၄
နှစ်အောက်လူငယ်ကစားသမား များကို ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကစားသမားရွေးချယ်ရာတွင် အရည်အချင်းရှိသော ရွက်ပုံး
သီး လူငယ်ဘောလုံးသမားများ ပေါ်ထွက်လာစေရန် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တွင် MFF 100plus
U-14 Championship ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး လူ ရွေးချယ်မှုများကိုပြုလုပ်ခဲ့သည်။
လက်ရှိတွင် ဧရာဝတီယူနိုက်တက်မှကစား သမား လေးဦး၊ နေပြည်တော် ဘောလုံးအကယ်ဒမီ မှ
ခုနစ်ဦး၊ စူပါစတားဘောလုံးသင်တန်း ကျောင်းမှ နှစ်ဦး၊ ဘိုကလေးဘောလုံးသင်တန်း ကျောင်းမှ
ငါးဦး၊ မန္တလေးဘောလုံးအကယ်ဒမီ မှ ၂၉ ဦး စုစုပေါင်း ၄၇ ဦးကို ပဏာမအနေဖြင့် ရွေးချယ်လေ့
ကျင့်ပေး သွားမည်ဖြစ်သည်။
လက်ရှိပဏာမရွေးချယ်ထားသော ကစား သမားများကို မြန်မာနိုင်ငံဘာလုံးအဖွဲ့ချုပ် လက်အောက်
ရှိ မန္တလေးဘောလုံးအကယ်ဒမီ တွင် လေ့ကျင့်ပေးမည်ဖြစ်သည်။














