မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် တစ်ဆင့်တက်

မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် တစ်ဆင့်တက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှသတ်မှတ်သော ဇန်နဝါရီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်
ချက်တွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်း သည် အဆင့် (၁၂၉)နေရာတွင် ရပ်တည်နိုင်ခဲ့
သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဒီဇင်ဘာလ ကမ္ဘာ့သတ်မှတ်ချက်တွင် အဆင့် ၁၃၀
ဖြစ်ခဲ့ပြီး ယခုလတွင် အဆင့်တစ်ဆင့် တက်၍ သတ်မှတ်ခံရခြင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့
ချုပ်၏သတ်မှတ်ချက် အရ မြန်မာ့လက်ရွေးစင်အသင်းသည် အရှေ့ တောင်အာရှတွင် အဆင့်
(၂)နေရာ၌ရပ်တည် နိုင်ခဲ့ပြီး အာရှအဆင့် သတ်မှတ်ချက်တွင် အဆင့် (၁၈)နေရာတွင် ရပ်တည်
နိုင်ခဲ့သည်။

မြန်မာ့ လက်ရွေးစင်အသင်း၏အောက်တွင် အရှေ့ တောင်အာရှဘောလုံးအင်အားကြီးနိုင်ငံများ
ဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံများက ရပ်တည်နေကြသည်။



ဖတ်ရှုမှုအများဆုံး