အာရှအဆင့် ရိုးရာခြင်း ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပရန် စီစဉ်နေ

အာရှအဆင့် ရိုးရာခြင်း ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပရန် စီစဉ်နေ

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို တရုတ်၊အိန္ဒိယကဲ့သို့သော အာရှနိုင်ငံ ကြီးများက စိတ်ပါ၀င်စား
သောကြောင့် အာရှအဆင့် ဖိတ်ခေါ်ပြိုင်ပွဲများကို မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွား
နိုင်ရန် စီစဉ်နေကြောင်းသိရသည်။မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် အနေဖြင့် အာရှခြင်းလုံးအဖွဲ့
ချုပ်ကိုလည်း မြန်မာနိုင်ငံ၌ ဖွဲ့စည်းနိုင်ခဲ့ သည်။

အာရှခြင်းလုံးအဖွဲ့ချုပ်ကို မြန်မာနိုင်ငံတွင် ဖွဲ့စည်းရာတွင် အရှေ့ တောင်အာရှနိုင်ငံများမှ ပူးပေါင်း
ပါ၀င် ဆောင်ရွက်ခဲ့ကြသည်။ အာရှခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့
ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင် က နိုင်ငံအားလုံး၏ ထောက်ခံမှုအရ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ် သည်။
ဒုတိယဥက္ကဋ္ဌနေရာအတွက် စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများမှ ပူးပေါင်းတာဝန်ယူကြမည်ဖြစ်
ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာရှ အဆင့် ရိုးရာခြင်းလုံး ဒိုင်လူကြီး အယောက် ၃၀ ရှိကြောင်းသိရသည်။
အာရှအဆင့် ရိုးရာခြင်းလုံးပြိုင်ပွဲများ တွင် ၀င်ရောက်တာဝန်ယူကိုင်တွယ် နိုင်မည်ဖြစ်သည်။

"မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို နိုင်ငံတကာအသိအမှတ်ပြုရန်ကြိုးစားရာမှာ အခက်အခဲ
တွေတော့ အများကြီးကြံုတွေ့ခဲ့ရပါတယ်။ အရင် က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ
ခွင့် နှစ်ကြိမ်ရခဲ့ပါတယ်။ အဲ့ဒီမှာလည်း မြန်မာ့ရိုးရာခြင်းလုံးကိုထည့်သွင်းကျင်းပခွင့်မရခဲ့ပါဘူး။ နည်း
ဥပဒေပြဋ္ဌာန်းထားခြင်းမရှိလို့ပါ။ နိုင်ငံ တကာက နားလည်နိုင်လောက်တဲ့ နည်း ဥပဒေပြဋ္ဌာန်းထား
ရပါတယ်။ နည်းဥပဒေရေးဆွဲရာမှ နှစ်နှစ်အချိန်ပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရိုးရာ ခြင်းလုံး
ပညာရှင်ကြီးတွေကို ဖိတ်ခေါ် ပြီး နည်းဥပဒေစာအုပ်ကို အမှားနည်း နိုင်သမျှနည်းအောင် ရေးဆွဲခဲ့
ရပါ တယ်။ အကုန်အကျတွေလည်း အများ ကြီး ကုန်ကျခဲ့ပါတယ်။ ဆီးဂိမ်းမှာ ရိုးရာ ခြင်းလုံးကို
ထည့်သွင်းကျင်းပခွင့်ရရှိပြီး ကိုယ့်ရိုးရာအားကစားနည်းကို နိုင်ငံ တကာအလယ်မှာ ချပြခွင့်ရတဲ့
အတွက် အတိုင်းမသိ ၀မ်းသာပါတယ်"ဟု ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများသည်မြန်မာ့ရိုးရာခြင်းလုံးအားကစားကို နိုင်ငံတကာပြိုင်ပွဲများတွင်
ထည့်သွင်း ကျင်းပရန် ထောက်ခံမှုများရရှိထားကြောင်းသိရသည်။ ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ
၌ ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးကို ထည့်သွင်း ကျင်း
ပနိုင်ရန် အခြေအနေကောင်းများ ရှိနေကြောင်းသိရသည်။

လာမည့် ၁၇ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြုလုပ်မည့် အာရှအိုလံပစ်ကော်
မတီ၏ ပုံမုန် အစည်းအဝေးတွင် လေ့လာသူအဖြစ် တက်ရောက်ရန် မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံးအဖွဲ့
ချုပ်ကို ဖိတ်ကြားခဲ့သည်။

အာရှအိုလံပစ်ကော်မတီက ဖိတ်ကြား ရခြင်းရည်ရွယ်ချက်မှာ မြန်မာ့ရိုးရာ ခြင်းလုံး ခတ်ပုံခတ်နည်း၊
ခြင်းလုံး ဥပဒေများ၊ အမှတ်ပေးနည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံ တက်ရောက် မည့် အဆိုပါအစည်း
အဝေးတွင် မြန်မာ့ ရိုးရာခြင်းလုံးကို မိတ်ဆက်ခွင့်ရရန်ဖြစ် သည်။ ထို့ပြင် မြန်မာ့ရိုးရာခြင်းလုံးကို
ကမ္ဘာ့နိုင်ငံများသို့ မိတ်ဆက်ခွင့်ရမည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး