အာဆင်နယ်ကတော့ နောက်က မန်စီးတီး၊ ချယ်လ်ဆီးတို့ ဖိအားပေးနေ မှုတွေကို ပွဲစဉ်(၂၂)
ကစားပြီးတဲ့အထိကြံ့ကြ့ံခံနေနိုင်တုန်းပဲ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရော်ဘီဆာဗေ့ချ်ကတော့
အာဆင်နယ်ဟာ ပရီမီယာလိဂ်ချန်ပီယံ မဖြစ်နိုင်ဘူးလို့ အခုထိ ငြင်းဆန်နေ တုန်း ဖြစ်ပါတယ်။
ဘယ်လိုပဲ ငြင်းနေ ကြပါစေ။ အာဆင်ဝင်းဂါးကတော့ သူ့အသင်းကို အကောင်းဆုံးရလဒ်တွေ
ဆောင်းကြဉ်းပေးနိုင်ဆဲပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ် (၂၁) တုန်းကဆိုရင် ပရီမီ ယာလိဂ် ထိပ်ဆုံးက သုံးသင်းဟာ အဝေးကွင်းတွေမှာ
ချည်း ကစားကြရ တဲ့ သီတင်းပတ်ဖြစ်ပါတယ်။ စနေ အစောပိုင်းမှာ ချယ်လ်ဆီးက ဟားလ် စီးတီး
ကို အဝေးကွင်းမှာ အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ ပါတယ်။
တနင်္ဂနွေရောက်တော့ မန်စီးတီးက နယူးကာဆယ်ကို အနိုင် ယူပြီး ထိပ်ဆုံးကို ဦးဆောင်သွားခဲ့
ပြန်ပါတယ်။ တနင်္လာမှာ ကစားရမယ့် အာဆင်နယ်အတွက် ကြီးမားတဲ့ ဖိအား ပေးထားမှု အခြေ
အနေဖြစ်ပါတယ်။ ဒါပေမဲ့ တနင်္လာမှာတော့ ဗီလာကွင်းမှာ ကစားရတဲ့ အာဆင်နယ်ဟာ အမှား
အယွင်းမရှိဘဲ ဗီလာကို အနိုင်ယူသွားခဲ့ လို့ နောက်ဆုံးမှာ ချယ်လ်ဆီး၊ မန်စီးတီး တို့ဟာ အာဆင်
နယ်ကို ဖိအားပေးနိုင် သည့်တိုင်အောင် မကျော်နိုင်ဘဲ ဖြစ်သွားခဲ့ရပါတယ်။ ဒါဟာ အာဆင်နယ်ရဲ့
ချန်ပီယံဖြစ်နိုင်စွမ်းရှိတဲ့ တည်ငြိမ်မှု ဆိုတာ ထင်ရှားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ် (၂၂) ကတော့ သုံး
သင်းစလုံးဟာ အိမ်ကွင်းတွေချည်း ကစားရလို့ သုံးသင်းစလုံးက အနိုင်ရသွားခဲ့ ပြန်ပါ တယ်။
ဒီအတွက် ထိပ်ဆုံးမှာ အာဆင် နယ်၊ ဒုတိယနေရာမှာ မန်စီးတီး၊ တတိယနေရာမှာ ချယ်လ်ဆီးတို့
ဟာ အကြိတ်အနယ်ဖြစ်နေမြဲပဲ ဖြစ်ပါတယ်။ လာမယ့်ပွဲစဉ် (၂၃) နဲ့ (၂၄) မှာတော့ ထိပ်သီးသုံးသင်း
ရဲ့ အားပြိုင်မှုဟာ အပြောင်းအလဲဖြစ်လာနိုင်ဖို့ အခြေ အနေများတဲ့ ပွဲစဉ်တွေဖြစ်လာတော့ မှာပဲ
ဖြစ်ပါတယ်။
အာဆင်နယ်ကို သုံးသပ်သူတွေ အားမရတဲ့အပိုင်းက တိုက်စစ်မှာ တိုက်စစ်မှူးကောင်းရှားပါးနေခြင်း
ကြောင့်ပဲ ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်ကို ကြည့် လိုက်ရင် ဂျီရောက်တစ်ယောက်ပဲရှိ နေခြင်း
က ဝေဖန်သုံးသပ်သူတွေကို အထင်သေးစေတာပဲ ဖြစ်ပါတယ်။ ဒီအထင်သေးမှုဟာ ရာသီစတင်
ကတည်းက ရှိနေခဲ့ ကြပြီး အခုထိလက်မလျှော့သေးဘဲ အထင်သေးမြဲသေးနေခြင်းကတော့ သုံး
သပ်သူတွေအနေနဲ့ ခေါင်းမာမှုလို့တောင် ပြောရမလိုပါပဲ။ ဒီဇင်ဘာ ပွဲကျပ်ကာလရောက်ရင်
အာဆင်နယ် ကျန်ရစ်မှာပဲလို့ ထင်ထားပေမယ့် ၂၀၁၃ ကို အာဆင်နယ်ဟာ ဦးဆောင် သွားခဲ့
ပါတယ်။
အခု ၂၀၁၄ ရာသီသစ် မှာလည်း အာဆင်နယ်ဟာ ရင်းနှီးမြှုပ်နှံ မှု နည်းနည်းနဲ့ ရင်နှီးမြှုပ်နှံမှု
အားကြီး ထားတဲ့ မန်စီးတီး၊ ချယ်လ်ဆီးတို့ကို အသာစီးယူထားနိုင်တာကိုတော့ ချီးကျူး အသိ
အမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိလည်း အာဆင်နယ်ဟာ အထင်သေးခံနေရဆဲပဲ
ဖြစ်ပါတယ်။ လာမယ့် နှစ်ပွဲမှာ မန်စီးတီး ဟာ စပါး၊ ချယ်လ်ဆီး တို့နဲ့ တွေ့ နေတာဖြစ် လို့ ဒီနှစ်ပွဲ
အပြီးမှာတော့ ပြတ်သားမှုတစ်ခုခုတော့ မြင်တွေ့ ရတော့မှာပါ။ အာဆင်ဝင်းဂါးအနေ နဲ့လည်း
လက်ကျန် ၁၇ ပွဲမှာ အကောင်း ဆုံး ဖြတ်သန်းနိုင်ဖို့အတွက် ချက်ချင်း အသုံးတည့်မယ့် တိုက်စစ်မှူး
ကောင်း တစ်ယောက်ကို ရှာဖွေနေတဲ့ပုံမှာ ရှိနေပါတယ်။
ဒါပေမဲ့ အာဆင်ဝင်းဂါး ရဲ့ ဖီလော်က ၄-၂-၃-၁ ကစားကွက် အောက်မှာ တိုက်စစ်မှူးကောင်းထက်
ကွင်းလယ်ကစားသမားကောင်းကို သာ အဓိကအားထားနေတော့ သူဟာ တိုက်စစ်မှူးဖြည့်မှာလား၊
ကွင်းလယ် သမားကို ဖြည့်မှာလားဆိုတာက ဝေခွဲရ ခက်ခက် ဖြစ်နေပါတယ်။
အာဆင်နယ်ဟာ အမ်းမရိတ်ကွင်း သစ်ကြီး ဆောက်လိုက်တဲ့အတွက် အကြွေးရှိသွားတာကို
လျှော့ချနိုင်ဖို့ ကစားသမားအသုံးစရိတ်က လျှော့ချ ခဲ့ရပါတယ်။ ပရီမီယာလိဂ်မှာ ချန်ပီယံမဖြစ်
ပေမယ့် ချန်ပီယံလိဂ်ကိုတော့ နှစ်တိုင်းဝင်နိုင်အောင် အာဆင် ၀င်းဂါး လုပ်ပေးနိုင်ခဲ့ပါတယ်။
အခုကြွေးတွေ နည်းပါးလွန်း သွားမှုအောက်မှာ အသင်း အောင်မြင်ရေးဆီကို ပြန်လာနေတာကြောင့်
ဒီဆောင်းရာသီဈေးကွက်မှာ ကစားသမားတစ်ယောက်ကို အနည်းဆုံး ၀ယ်မှာ ကတော့ သေချာပါ
တယ်။
အာဆင် နယ်မှာ ကြီးမားပြီး အောင်မြင်မှု ရှိတဲ့ ကစားသမားရှာဖွေရေး နက်ဝပ်ကြီး တည်ဆောက်
ထား တာပါ။ အခု ကစားသမား ၀ယ်ယူရေးမှာ အဲဒီကင်းထောက် တွေရဲ့ တင်ပြမှုဟာ အဓိကဖြစ်
နေလို့ အာဆင်ဝင်းဂါးဟာ ကစားသမား ဖြည့်တင်းရေးအတွက် အချိန်ယူနေ တာပဲ ဖြစ်ပါတယ်။
အာဆင်ဝင်းဂါးဟာ ထက်မြက်ပြီး အသုံးမတည့်ဖြစ်နေတဲ့ ကစားသမားမျိုးတွေကို ရှာဖွေနိုင်စွမ်း
ရှိသူဖြစ်တယ်ဆိုတာ အွန်နရီ၊ ဘားကမ့်၊ ပီရက်ဇ်၊ ၀ီလ်တော့ဒ်တို့က သက်သေ ဖြစ်ပါ တယ်။
အွန်နရီ၊ ဘားကမ့် တို့ဆိုတာ အီတလီစီးရီးအေမှာတုန်း က ဘာမှမဟုတ်တဲ့ ကစားသမားတွေ ပါ။
အာဆင်ဝင်းဂါးနဲ့တွေ့မှ သူတို့ အရည်အသွေးတွေ ပေါ်လာတာ ဖြစ်ပါ တယ်။ ဖာဘရီဂတ်စ်ဆိုရင်
ဘာစီလိုနာ လွှင့်ပစ်တဲ့ လူငယ်ကစားသမားဖြစ်ပါ တယ်။ အာဆင်ဝင်းဂါး ကောက်ယူ မွေးစားလို့
ထင်ရှားသွားတာပါ။ နောက်ဆုံးကျတော့ ဘာစီလိုနာဟာ သူတို့လွှင့်ပစ်သူကို သူတို့ပဲ ပြန်ပြီး
ဈေးကြီးပေးဝယ်ခဲ့ရတဲ့ ဘဝရောက် အောင် ဖြစ်သွားခဲ့ပါတယ်။
အခုလည်း အဲဒီလိုရွက်ပုန်းသီး ကစားသမားတွေကို အာဆင်ဝင်းဂါးရှာဖွေနေပုံရ ပါတယ်။ သတင်း
တွေကတော့ ဘိုင်ယန် တိုက်စစ် မှူး မန်ဇူကစ်၊ ဘာဘာ တော့ဗ်၊ ဒါကော့စတာ၊ မိုယာတာတို့ကို
ထင်ကြေးပေးနေကြပေမယ့် အာဆင်ဝင်းဂါးဟာ ဈေးကြီးပေးရမယ့် ကစား သမားတွေကိုတော့
၀ယ်ယူတော့မယ် မထင်ပါဘူး၊ အိုဇေးလ်လို အသင်းမှာနေရာမရ စိတ်ပျက်နေပြီး အသင်း ပြောင်းဖို့
ကြိုးစားနေသူတွေကိုပဲ ရှာဖွေခေါ်ယူနိုင်သလို မထင်မရှား တွေကိုပဲ ဖြည့်သွားမှာသေချာပါတယ်။
အာဆင်ဝင်းဂါးအနေနဲ့ ရီးယဲလ် တိုက်စစ်မှူး မိုယာတာကိုခေါ်ဖို့ ကြိုးစားနေသလို ဂျူဗင်တပ် မှာ
ဒီရာသီ နေရာပျောက် နေတဲ့ မွန်တီနီဂရိုး တိုက် စစ်မှူး ဗူချီနစ်ကိုလည်း စိတ်ဝင်စားနေခဲ့ပါတယ်။
အွန်နရီ၊ ဘားကမ့် အခုနောက်ဆုံးအိုဇေးလ်တို့ကို ခေါ်ယူခဲ့တဲ့ အနေအထားတွေနဲ့ ယှဉ်လိုက်ရင်
ဗူချီနစ်ကို အာဆင်ဝင်းဂါးခေါ်မယ်ဆိုရင် ခေါ်နိုင်ဖွယ်ရှိနေပါတယ်။ ဗူချီနစ်အနေအထားက ဘာဘာ
တော့ဗ်၊ မန်ဇူ ကစ်၊ ဒါကော့စတာ တို့ထက်စာရင်ပိုပြီးဖြစ်နိုင်ဖွယ်ရှိတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဗူချီနစ်ဟာ မနှစ်က ရာသီကအထိ ဂျူဗင်တပ်ရဲ့ အဓိက အားထားရတဲ့ တိုက်စစ်မှူးဆိုတာအားလုံး
အသိပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကွန်တီဟာ သူ့ကို လုံးဝမသုံးဘဲထားခဲ့တာက ဗူချီနစ်ကို စိတ်ပျက်
သွားစေခဲ့ပါတယ်။ အွန်နရီကို မီလန်ကနေ ခေါ်စဉ်ကလည်း ဒီပုံစံအတိုင်းပဲ ဖြစ်ပါတယ်။ ဘားကင့်
တုန်းကလည်းဒီပုံစံအတိုင်းပဲဖြစ်ပါတယ်။ အိုဇေးလ်ကျတော့ အသင်းကိုယ်တိုင်က ရောင်း ချင်ခဲ့တာ
ဖြစ်ပါတယ်။
အခုလည်း ဂျူဗင်တပ်ဟာ ဗူချီနစ်ကို နေရာမပေး သလို ရောင်းချင်နေပါတယ်။ အာဆင် ၀င်းဂါးချိန်
နေတာက ဗူချီနစ်ဟာအသက် ၃၀ ထဲ ရောက်နေတဲ့အချက် ဖြစ်ပါတယ်။ ရီးယဲလ်တိုက်စစ်မှူး မိုယာ
တာက အသက်ငယ်သေးတာတောင် အာဆင်ဝင်းဂါးက အငှားနဲ့ ခေါ်ချင်နေသလို ဗူချီနစ်ကိုလည်း
အငှားနဲ့ ခေါ်ချင်နေပါတယ်။ ဘောလုံး သမားအရောင်းအဝယ်မှာ ထူးချွန်တဲ့ အာဆင်ဝင်းဂါးဟာ
ဒီဆောင်းရာသီမှာ အသင်းအတွက် လိုအပ်တဲ့ ကစား သမားကို မဖြစ်မနေဝယ်မှာ ဖြစ်ပေမယ့်
ချင့်ချိန်မှုရှိနေတာကို တွေ့ရပါတယ်။
အောက်ဈေး ဘယ်လောက်ရမလဲဆိုတာကိုစောင့်နေပုံရပါတယ်။ ဗူချီနစ်ကို အငှားနဲ့ သူကခေါ်ချင်
ပေမယ့် ဗူချီနစ် ဘက်က စာချုပ်ချင်နေလို့ ကြန့်ကြာနေတာလို့လည်း ဆိုကြပါတယ်။ နောက်ထပ်
အာဆင်ဝင်းဂါး စိတ်ဝင်စားနေတာက ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်က တိုက်စစ်မှူး
အက်ဒရီယန်ရာမို့စ်ပဲ ဖြစ်ပါတယ်။
ရာမို့စ်က ကိုလံဘီယာ ကစားသမား ဖြစ်ပါတယ်။ ရာမို့စ်ဟာ လက်ရှိ ဟာသာဘာလင်အတွက်
၁၇ ပွဲမှာ ၁၁ ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပထမရာသီဝက်မှာ ရာမို့စ်ဟာ
ဘွန်ဒက်စ်လီဂါရဲ့ တတိယ မြောက် စွမ်းရည်အကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်နေပါတယ်။
အသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။ ဗူချီနစ်ထက်စာရင်တော့ အသက်ငယ်သေးပြီး ရေရှည်သုံးနိုင်
မယ့်သူဖြစ်ပါ တယ်။ အာဆင်ဝင်းဂါးအနေနဲ့ စာချုပ် နဲ့ခေါ်မယ်။ဈေးနှုန်းက သင့်တယ်ဆိုရင် ရာမို့စ်
ဟာလည်း အာဆင်နယ် ရောက်လာနိုင်သူ ဖြစ်ပါတယ်။ တွန်း တွန်းတိုက်တိုက် ကစားနိုင်ပြီး ခေါင်း
တိုက်လည်း ကောင်းသူဖြစ်ပါ တယ်။ ဈေးသက်သာပြီး အရည်အချင်း ရှိမယ့်သူဆိုရင် အာဆင်ဝင်း
ဂါးဟာ စိတ်ဝင်စားမှာဖြစ်ပါတယ်။အလက်တီကို မက်ဒရစ်က ကော့စတာကျတော့ ဈေးသိပ်ပြီးကြီး
လွန်းနေမှာ သေချာတာကြောင့် အာဆင်ဝင်းဂါးခေါ်နိုင် စရာအကြောင်း မရှိပါဘူး။
နောက်ပြီး ရှော်လ်ကေးက ကွင်းလယ်သမား ဒရက်စလာကိုလည်း အသံထွက်နေပေမယ့် အာဆင်
နယ်မှာ ကွင်းလယ်သမားတွေများနေလို့ သူလည်း အာဆင် နယ်ကို ရောက်လာနိုင်ဖွယ်မရှိပါဘူး။
ဒီဆောင်းရာသီမှာ အာဆင်နယ်ကို ရောက်လာနိုင်သူက ဗူချီနစ်ဟာ နံပါတ်တစ်ဖြစ်နိုင်ပြီး အက်ဒရီ
ယန် ရာမို့စ်ဟာ နံပါတ်နှစ်ရောက်လာနိုင်သူပဲ ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ် ရဲ့ ခြေစွမ်းအနေ
အထားနဲ့ဆိုရင် ထိပ်တန်းကစားသမားတစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင်လည်း ခေါ်တဲ့ကစား
သမားဟာ အာဆင်နယ်ကိုလာချင်နေမှာ သေချာပါတယ်။
လက်ရှိ အာဆင်နယ်တိုက်စစ်မှာဂျီရောက် တစ်ယောက်ပဲ ရှိတဲ့အတွက်တော့ အာဆင်နယ်တိုက်
စစ်ဟာ လုံလောက်မှု မရှိတာတော့ သေချာပါတယ်။ တိုက်စစ် မှူး ရှားပါးနေလင့်ကစား ၂၀၁၄ ထဲ
မှာလည်း အာဆင်နယ်တိုက်စစ်ဟာကျဆင်းသွားခြင်းမရှိသေးဘဲ တစ်ပွဲကို နှစ်ဂိုးနှုန်းနဲ့တော့ ဂိုး
တွေသွင်းနေဆဲပဲ ဖြစ်ပါတယ်။
မန်စီးတီး၊ ချယ်လ်ဆီးတို့ဟာ ငွေကြေး သုံးစွဲမှု အာဆင်နယ်ထက် မြောက်မြား လှပေမယ့် ပရီမီ
ယာလိဂ် အဝေးကွင်း ရလဒ်ပိုင်းမှာတော့ အာဆင်နယ် လောက် ကောင်းတဲ့အသင်းတွေမဟုတ်
ကြပါဘူး။
ဒီရာသီမှာ မန်စီးတီးဟာဂိုး ၁၀၀ သွင်းထားခဲ့ပြီးဖြစ်ပေမယ့် ပရီမီယာလိဂ်မှာ အမှတ်ဖြတ်ထားနိုင်
ခြင်းမရှိသေးပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ အဝေးကွင်းရောက်ရင် သူတို့ရဲ့ခံစစ်တွေ
က အားနည်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ဒီနှစ်မှာ အဝေးကွင်းရလဒ်တွေ
ကောင်းခဲ့တဲ့ အသင်းဖြစ်ပါတယ်။ မန်ယူ၊ မန်စီးတီးတို့ကိုအဝေးကွင်းမှာ ရှုံးခဲ့တာတစ်ခုပဲ အာဆင်
နယ်ကို ပြောစရာရှိနေခဲ့ပါတယ်။ကစားသမားပိုင်ဆိုင်မှုအရ လက်ကျန် ပွဲအနေအထားကို တွက်
လိုက်ရင်အာဆင်နယ်ဟာ တိုက်စစ်မှူးလိုအပ် နေတာကတော့ သေချာပါတယ်။
ဆောင်းရာသီ အပြောင်းအရွှေ့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့အထိဆိုတော့ အာဆင်ဝင်းဂါးအနေနဲ့
ကစားသမား ဖြည့်ဖို့ လုံလောက်တဲ့အချိန်ရှိနေပါ တယ်။ ပြီးရင် သူဟာ ကစားသမားကို ကပ်ပြီး
ခေါ်တတ်လေ့ရှိလို့ အာဆင်နယ် ရဲ့ ကစားသမားဖြည့်တင်းမှုကို နောက် ဆုံးအချိန်ထိ စောင့်ကြည့်
ရဦးမလား ဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအပြောင်း အရွှေ့တုန်းကတော့ အိုဇေးလ်ကိုအံ့အားသင့်ဖွယ် ခေါ်ယူလိုက်သလိုပဲ
ဒီဆောင်းရာသီမှာရော ဘယ်လို အံအားသင့်ဖွယ် ခေါ်ဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါရဲ့...။















