အာဆင်နယ် - ကိုဗင်ထရီ
ဒီပွဲက အာဆင်နယ်နိုင်မယ်ဆိုတာ လူတိုင်း သိနေပါလိမ့်မယ်။ ဒါပေမဲ့ သုံးဂိုးပြတ်ပါ့မလားဆိုတာ
ကိုတော့စဉ်းစားရပါလိမ့်မယ်။ အာဆင်နယ်ဟာ ပရီမီယာလိဂ်မှာ ချန်ပီယံရည်မှန်းချက်ရှိထားတဲ့
အတွက် အာဆင်ဝင်းဂါးဟာ အခုပွဲမှာ ထိပ်တန်းကစားသမားတချို့ကို အနားပေးထားနိုင်ပါတယ်။
သူ့ရဲ့ လူငယ်တွေကို ဦးစားပေးလာနိုင်တဲ့ပွဲဖြစ်ပါတယ်။ စီနီယာကစားသမား အတော် များများ
ချန်ထားနိုင်တဲ့ပွဲဖြစ်လို့ သုံးဂိုးပြတ်နိုင်ဖို့ဆိုတာခက်မယ်ထင်ပါတယ်။ အာဆင်နယ် နှစ်ဂိုးပြတ်ဆို
တာ အမြင့်ဆုံးဖြစ်လာနိုင်ပါတယ်။
မန်စီးတီး - ၀က်ဒ်ဖို့ဒ်
မနှစ်တုန်းကလည်း မန်စီးတီးဟာ ၀က်ဒ်ဖို့ဒ်နဲ့ တွေ့ခဲ့ပါတယ်။ ဂိုးပြတ်နဲ့ပဲ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါ
တယ်။ အခုပွဲမှာလည်း ပယ်လီဂရီနီဟာ စီနီယာ ကစားသမားတချို့ကို အနားပေးထားမှာ သေချာ
ပါတယ်။ ၀က်ဒ်ဖို့ဒ်က ဒီနှစ် လိဂ်ချန်ပီယံရှစ်တန်းမှာ မနှစ်ကလောက်ကောင်းတဲ့ အသင်းမဟုတ်ပါ
ဘူး။ အခုမန်စီးတီးကွင်းမှာ ဂိုးပြန်သွင်းနိုင်ဖို့လည်း မလွယ်ပါဘူး။ မန်စီးတီး အနည်းဆုံး နှစ်ဂိုးပြတ်
တော့အနိုင်ရပါလိမ့်မယ်။
ဆန်းဒါးလန်း - ကစ်ဒါမင်စတာ
ဆန်းဒါးလန်းက အက်ဖ်အေဖလားမှာ ပွဲချောင်နေပေမယ့် ဒီပွဲမှာ ဆန်းဒါးလန်း သုံးဂိုးပြတ် အနိုင်ရမှ
ဖြစ်မှာပါ။ ကစ်ဒါမင်စတာက တန်းနိမ့် တဲ့အသင်းဖြစ်ပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်မှာ ပီတာဘရော့ကို အဝေး
ကွင်းမှာ အနိုင် ကစားလာတဲ့အသင်းဖြစ်လို့ လျှော့တွက်လို့မရပါဘူး။ ဆန်းဒါးလန်း ဂိုးပေး ရနိုင်တဲ့
ပွဲဖြစ်ပါတယ်။ ဆန်းဒါးလန်းအနိုင်ရမှာပါ။ ဒါပေမဲ့ ဂိုးပြတ် အနိုင်မရနိုင် ပါဘူး။
ချယ်လ်ဆီး - စတုတ်
ချယ်လ်ဆီးကတော့ တိုက်စစ်တော်တော်ကောင်းနေတာ အားလုံးအသိပါ။ အခုပွဲမှာမော်ရင်ညိုဟာ
ဟာဇတ်၊၀ီလီယံတို့ကို အနားပေးထားနိုင်ပါတယ်။ စတုတ်ကိုအနိုင်ရရင်ပြီးမှာဆိုတော့ သူ့ရဲ့အရန်
ကစားသမားတွေနဲ့ ပွဲထွက် လာမယ့် ပွဲဖြစ်လာနိုင်ပါတယ်။ ဂိုးသမားကအစ ပြောင်းလဲထားနိုင်ပါ
တယ်။ စတုတ်ကလည်း လုံလောက်တဲ့ ကစားသမားမရှိလို့ ကစားသမားတွေ ပွဲပန်း နေပါတယ်။
ဒီပွဲထက် တန်းမဆင်းရဖို့က အရေးကြီးလို့ ဒီပွဲကို အာရုံရောက်မယ် မထင်ပါဘူး။ ချယ်လ်ဆီး နှစ်ဂိုး
တော့ ပြတ်မှာပါ။
ဘွန်းမောက် - လီဗာပူး
ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးဟာ အိမ်ကွင်းမှာ အိုးလ်ဟမ်းကို ခက်ခက်ခဲခဲ ကစား သွားခဲ့ရပါတယ်။ ဆွာ
ရက်ဇ်ကို ဒုတိယပိုင်းမှာထည့်တော့မှ လီဗာပူး ကစားအား ကောင်းလာခဲ့တာ ဖြစ်ပါတယ်။ အခု
လည်း ကစားသမားတချို့ကိုအနားပေးလာ မယ့် ပွဲဖြစ်ပါတယ်။ သရေကျရင် အန်းဖီလ်မှာ ကစား
ရမှာဖြစ်လို့ ကွင်းဝင်ကြေး လည်း ရမှာဖြစ်တာကြောင့် ဒီပွဲဟာ လီဗာပူးအိမ်ကွင်းကို ခေါ်ကစားနိုင်
တဲ့ပွဲ ဖြစ်တာကို သတိပြုစေချင်ပါတယ်။ ဘွန်းမောက်ကို ရွေးလိုက်ပါ။
ဘာမင်ဂမ် - ဆွမ်ဆီး
ဘာမင်ဂမ်ကို လျှော့မတွက်ပါနဲ့။ လိဂ်ချန်ပီယံရှစ်တန်းမှာ ထိပ်သီးငါးသင်း ထဲမှာ ရှိနေပါတယ်။
ပရိသတ်အားပေးမှုလည်း ကောင်းတဲ့အသင်း ဖြစ်ပါတယ်။ ပရီမီယာလိဂ်မှာ ရှိစဉ်ကတည်းက
ဘာမင်ဂမ်ဟာ အိမ်ကွင်းဆိုရင် အခက်တွေ့ အောင် ပြိုင်ဘက်တွေကို ကစားလေ့ရှိပါတယ်။
အခုလည်း ဆွမ်ဆီး အခက်တွေ့ နိုင်ပါတယ်။ ဆွမ်ဆီးမှာ ကစားပုံကောင်းပေမယ့် ဂိုးသွင်းအား
ပိုင်းမှာတော့ တော်တော်အားနည်းနေပါတယ်။ ပွဲလည်းပန်းနေတဲ့ပုံမှာ ရှိပါတယ်။ ဘာမင်ဂမ်
သရေနဲ့ အနိုင်ပါ။
ဘော်လ်တန် - ကာဒစ်ဖ်
ဘော်လ်တန်က တန်းဆင်းပြီးတဲ့နောက်မှာ အသင်းကတော်တော် ယိမ်း ယိုင်သွားပြီဖြစ်ပါတယ်။
လိဂ်ချန်ပီယံရှစ်တန်းမှာကိုပဲ ရုန်းကန်ရတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်။ အခုအိမ်ကွင်းဆိုတဲ့အချက်
ကလွဲရင် ယုံကြည်စရာမရှိပါဘူး။ ကာဒစ်ဖ်ကျတော့ ဆိုးလ်ရှားစ်အနေနဲ့ အသင်းကို တည်ဆောက်
နေတာဆိုတော့ ဂရုစိုက်မှာပါ။ ကစားကွက် တည်နေတာကိုတွေ့ရပါတယ်။ ဒီပွဲမှာ ကာဒစ်ဖ် အနိမ့်
ဆုံး သရေကစားနိုင်မှာပါ။ ကာဒစ်ဖ်ကို ရွေးရပါမယ်။
ရှက်ဖီးယူနိုက်တက် - ဖူလ်ဟမ်
ရှက်ဖီးယူနိုက်တက်အနေနဲ့ အိမ်ကွင်းဆိုတဲ့ အားတစ်ခုရှိနေပါတယ်။ ဖူလ်ဟမ်ထက် တန်းနိမ့်တယ်
လို့ ယူဆရပေမယ့် ဖူလ်ဟမ်ဟာ ဒီပွဲမှာ စီနီယာ ကစားသမားတွေကို အနားပေးထားနိုင်ပါတယ်။
အိမ်ကွင်းကို ခေါ်ကစား နိုင်ရင် ၀င်ငွေပိုရနိုင်သလို သူတို့အာရုံတွေကလည်း ပရီမီယာလိဂ်မှာ
တင်ကျန် နိုင်ရေးဖြစ်နေလို့ ဒီပွဲကို မရှုံးနိုင်ရေးပဲဦးစားပေးလာနိုင်ပါတယ်။ ရှက်ဖီးယူနိုက် တက်ကို
ကြိုက်ပါတယ်။
စတိဗ်ဗင်အေ့ချ် - အဲဗာတန်
ခြေကတော့ တော်တော်ကွာပါတယ်။ အဲဗာတန်အနေနဲ့ စတိဗ်ဗင်အေ့ချ်ကို ဘယ်လိုကစားကစား
အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ စတိဗ်ဗင်အေ့ချ်က အက်ဖ်အေဖလားရောက်ရင် အသင်းကြီးတွေ
ကို တစ်ပွဲတိုးအားနဲ့ ကစားတတ် လေ့ရှိတဲ့အစဉ်အလာရှိထားပါတယ်။ အိမ်ရှင်ကို ရွေးရမှာဖြစ်ပါ
တယ်။














