ဖီဖာဥက္ကဋ္ဌနေရာကို စိန်ခေါ် လိုက်တဲ့ ရှန်ပိန်

ဖီဖာဥက္ကဋ္ဌနေရာကို စိန်ခေါ် လိုက်တဲ့ ရှန်ပိန်

ရှန်ပိန်ဆိုလို့ ယမကာလို့ မထင်လိုက်ပါနဲ့။ သူ့ နာမည်အပြည့်အစုံက ဂျာရုန်းရှန်ပိန်ပါ။ ပြင်သစ်
လူမျိုး၊ အသက် ၅၅ နှစ်ပဲရှိသေးတဲ့သူ။ အဲဒီ ပုဂ္ဂိုလ်က ၂၀၁၅ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ လက်ရှိ
ဥက္ကဋ္ဌ ဘလတ္တာနဲ့အပြိုင် ယှဉ်ပြိုင်အရွေးခံဖို့ ပြင်ဆင်နေတဲ့သူ ဖြစ်ပါတယ်။

ဘလတ္တာလို ကျောက်နံရံကြီးကို ဂျာရုန်းရှန်ပိန် ဆိုတဲ့ မထင်မရှားလူတစ်ယောက်က ယှဉ်နိုင် ပါ့
မလားဆိုတာကတော့ လက်ရှိမှာ မေးခွန်းအထုတ်ခံရဆုံး ဖြစ်နေခဲ့ပါတယ်။ ၂၀၀၉ ဖီဖာ ဥက္ကဋ္ဌရွေး
ကောက်ပွဲတုန်းက ဘလတ္တာကို ယှဉ်ပြိုင်အန်တုဖို့ကြိုးပမ်းခဲ့တဲ့ ကာတာနိုင်ငံသား အာရှဘောလုံး
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဘင်ဟာမန်း ကိုတော့ ဘလတ္တာဟာ သူမှောက်ထားတဲ့ အောက်ဖဲတွေ တစ်ချပ်
ပြီးတစ်ချပ် လှန်ပြလိုက်တာ နောက်ဆုံးတော့ ကာတာစော်ဘွားကြီးမှာဘောလုံးလောကနဲ့ ဝေးရာ
ကို လွင့်သွားခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က အခုဘောလုံးအဖွဲ့ချုပ်လက်ကိုင်ရာထူးရှိမထား သူ ရှန်ပိန်အတွက် သက်တမ်း
ရှည်ဖီဖာဥက္ကဋ္ဌ ကြီးကို အနိုင်ရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ သံသယဝင်နေကြတာပဲ ဖြစ်ပါတယ်။
တကယ်တမ်း ရှန်ပိန်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာ ကြည့်လိုက်ရင်တော့ ဘလတ္တာတစ်ယောက်
ရင်ခုန်မောပြီး ပြိုင်ဆိုင်ရမယ့်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို တွေ့လိုက်ရမှာပဲ ဖြစ်ပါတယ်။

ဘင်ဟာမန်းနဲ့ ပြိုင်တုန်းက ဘလတ္တာဟာမှောက်ထားတဲ့ အောက်ဖဲတွေ တစ်ချပ်ပြီး တစ်ချပ်လှန်
ပြပြီး ပြတ်ပြတ်သားသားအောင်ပွဲခံ နိုင်ခဲ့ပေမယ့် ဒီတစ်ခါ ဘလတ္တာရဲ့အောက်ဖဲ တွေကို လှန်ပြ
မယ့်သူက ဂျာရုန်းရှန်ပိန်ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ ဂျာရုန်းရှန်ပိန်ဟာ ဘောလုံးလောနဲ့ စိမ်း
သူတစ်ယောက်မဟုတ် ပါဘူး။ သူဟာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှာ နှစ်ပေါင်း ၁၁ နှစ်ကြာ
ထဲထဲဝင်ဝင်အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဘလတ္တာရဲ့ဥက္ကဋ္ဌရွေးကောက်ပွဲမှာ စည်းရုံးရေးမှူးအဖြစ်လည်း လုပ်ခဲ့သူဖြစ်လို့ ဘယ်လိုစည်းရုံး
ရမယ်ဆိုတာကို ကျွမ်းကျင်သူလည်း ဖြစ်နေပါတယ်။ အတိအကျပြောရရင် ရှန်ပိန်ဟာ ဘလတ္တာ
နဲ့အနီးကပ်ဆုံးနေခဲ့တဲ့ ပြင်သစ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖီဖာဥက္ကဋ္ဌရဲ့ နိုင်ငံတကာအကြံပေး
အဖြစ် သုံးနှစ်၊ ဖီဖာနိုင်ငံတကာဆက်ဆံရေး ဒါရိုက်တာအဖြစ် သုံးနှစ်၊ ဖီဖာဥက္ကဋ္ဌရဲ့ ကိုယ်စား
လှယ်အဖြစ် နှစ်နှစ်၊ ဖီဖာလက်ထောက် အထွေထွေ အတွင်းရေးမှူးအဖြစ် သုံးနှစ်၊ စုစုပေါင်း ၁၁
နှစ် ဖီဖာရဲ့ စီမံရေးရာတွေကို လုပ်ခဲ့တဲ့ အတွေ့အကြံုရင့်တစ်ယောက်ပဲဖြစ် ပါတယ်။

ဘလတ္တာနဲ့ အနီးဆုံးနေရာမှာ လုပ်ကိုင် ခဲ့တဲ့အတွက် သူ့မှာ ဖီဖာရဲ့ အတွင်းရေး အကောင်းအဆိုး
တွေ တစ်ပုံတစ်ပင်ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါဟာ ဘင်ဟာမန်း နဲ့မတူတဲ့ ဂျာရုန်းရှန်ပိန်
ရဲ့ ထူးခြားအားသာမှုပဲ ဖြစ်ပါတယ်။ ဖီဖာနဲ့ ဆက်စပ်ပတ်သက်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်မှတ်ခွဲ
တမ်းကိစ္စတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ပေါ်ပေါက်ခဲ့ခြင်း ကိစ္စမျိုးတွေ၊ ဖီဖာအိမ်ရှင်ဖြစ်ခွင့်
အတွက် လာဘ်ပေးလာဘ်ယူမှုတွေကို သိထားနိုင်သူ တစ်ယောက်ဖြစ်နေလို့ ရှန်ပိန်မှာ အောက်ဖဲ
ကောင်းကောင်းတွေ ပိုင်ဆိုင်ထားဖွယ်ရှိနေပါတယ်။ ဒါက အချက်တစ်ချက်အနေနဲ့ ရှိနေ တာပါ။

သူဟာ ၂၀၁၀ မှာ ဖီဖာကို ကျောခိုင်းထွက်ခွာ လာသူဖြစ်ပါတယ်။ အခုဆိုရင် သုံးနှစ်ကြာသွား ပြီ
ပေါ့။ ဒီကာလတွေမှာ ရှန်ပိန်ဘာတွေလုပ်နေ သလဲကြည့်လိုက်တော့ သူဟာ ပါလက်စတိုင်း
ဘောလုံးအဖွဲ့ချုပ်ရဲ့ အကြံပေး၊ ပါလက်စတိုင်း အိုလံပစ်ကော်မတီရဲ့ အကြံပေး၊ ကိုဆိုဗိုဘောလုံး
အဖွဲ့ချုပ်အကြံပေး၊ ဆိုက်ပရပ်စ်မှာ နှစ်ခြမ်းကွဲနေတဲ့ ဘောလုံးအဖွဲ့ချုပ်ကို ကြားဝင် စေ့စပ်ပေးတဲ့
သံတမန်၊ ကွန်ဂိုနိုင်ငံက ွှဏ ြဖေနာဘန ကလပ်ရဲ့ အကြံပေးဆိုတဲ့ ဖွံ့ဖြိုးမှု နှေးကွေးနေတဲ့ နေရာ
တွေသွားပြီး ဘောလုံး အဖွဲ့ချုပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင် နေခဲ့သူဖြစ်နေခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ သံတမန်အဖြစ် စတင်ခဲ့တဲ့ ဂျာရုန်းရှန်ပိန်ဟာ ၁၉၉၈ ပြင်သစ်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပလာတီနီရဲ့ အကြံပေးအဖြစ် တာ
၀န်ယူ ရာကနေ ဘောလုံးစီမံခန့်ခွဲရေး လောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် သံတမန်အနေနဲ့ ကျူးဘား၊ ဘရာဇီးလ်၊ လော့စ် အိန်ဂျလိစ်တို့မှာ တာဝန်ကျခဲ့သူတစ်
ယောက် ဖြစ်ပါတယ်။အခုတော့ သူဟာ ဖီဖာဥက္ကဋ္ဌရာထူး အတွက် ဘလတ္တာနဲ့အပြိုင် ၂၀၁၅
ရွေးကောက်ပွဲ ကို ယှဉ်ပြိုင်အရွေးခံတော့မှာ ဖြစ်ပါတယ်။အခုသူ့ရဲ့ ယှဉ်ပြိုင်မှုအတွက် ဂန္ထဝင်
ဘောလုံး သမားကြီးပီလီက ရှန်ပိန်ကို ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

"ဒီအချိန်မှာ ကျွန်တော်တို့ အငြင်း အခုံလုပ်ရမယ့်အချိန် မဟုတ်ပါ ဘူး။ အနာဂတ်ဘောလုံး လော
က တိုးတက်ဖို့ အတွက် အရေးပါတဲ့ အချိန်ရောက် နေပြီ။ ကျွန်တော်ကတော့ ရှန်ပိန်ရဲ့ ရည်မှန်း
ချက် တွေကို အပြည့်အဝ ထောက်ခံလိုက်ပါတယ်''လို့ ဗီဒီယိုမက်ဆေ့ချ်ကနေ ပြောဆိုထားခဲ့ပြီ
ဖြစ်ပါ တယ်။

ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့ ထောက်ခံမှုရထားခြင်းဟာ ရှန်ပိန်အတွက် မဟာအင်အားတစ်ခု
ပဲ ဖြစ်ပါတယ်။ ပီလီရဲ့ ဩဇာသက်ရောက်မှုက ဘောလုံးအသိုင်းအဝိုင်း မှာ ကြီးမားမှုရှိထားဆဲဖြစ်
နေလို့ပါ။ ဒီပြောဆိုမှု အရ ကြည့်လိုက်ရင် တောင်အမေရိကတိုက်ရဲ့ မဲတွေကို ရှန်ပိန်ဟာပိုင်ဆိုင်
လာနိုင်တဲ့အနေအထားဖြစ်ပါတယ်။

ရှန်ပိန်ဟာ အာဖရိကတိုက် ကွန်ဂိုနိုင်ငံက ွှဏ ြဖေနာဘန ကလပ်ကို အောင်မြင်မှုရအောင် အကြံ
ပေးကူညီနိုင်ခဲ့ခြင်းကလည်း အာဖရိက တိုက်မှာတော့ သူ့ရဲ့ကြိုးပမ်းမှုအတွက် အောင် မြင်မှုပဲဖြစ်
ပါတယ်။

TP Mazembe ကလပ်ကို အာဖရိကပြင်ပမှာ မသိကြပေမယ့် အာဖရိက မှာတော့ အအောင်မြင်
ဆုံးကလပ်အသင်းပဲ ဖြစ်ပါတယ်။ အဲဒီကလပ်အောင်မြင်ဖို့အတွက် ရှန်ပိန်ဟာ နည်းစနစ်ပိုင်းတင်
မဟုတ်ဘဲ နည်းပညာပံ့ပိုးမှုအပိုင်း၊ ကွင်းပြင်ပလူမှု ဆက်ဆံရေးပိုင်းတွေမှာပါ ကူညီပေးနိုင်သူလို့
ထင်ရှားနေခဲ့ပါတယ်။ကလပ်ပိုင်ရှင်ဟာ ရှန်ပိန် ကို အကြံပေးအဖြစ် ခန့်အပ်ခဲ့ခြင်းအပေါ်မှာ
အတော်ကို ကျေနပ်နေခဲ့သူဖြစ်ပါတယ်။

"ဟေး...ဒီကိုလာကြည့်ကြစမ်းပါ။ ငါတို့မှာ ပြဿနာတွေအများကြီးနဲ့ပါ။ ဒါပေမဲ့မှန်ကန် ထိရောက်
တဲ့ နည်းစနစ်၊ မှန်ကန်ကောင်းမွန်တဲ့ နည်းပညာပံ့ပိုးနိုင်မှုတွေကြောင့်ငါတို့ အောင်မြင်မှုရနေပြီ"လို့
ဥက္ကဋ္ဌ ဖြစ်တဲ့ ကာတန်ဘီက ကြံုးဝါးနေခဲ့ပါတယ်။

ဒီကလပ်အသင်းအောင်မြင်မှုရဖို့ ရှန်ပိန်ဟာ စနစ်ကျတဲ့စီမံမှုတွေဖြစ်လာဖို့ အကောင်းဆုံး အကြံ
တွေပေးနိုင်တာကို အာဖရိကတိုက်ကြီးက သတိထားမိနေကြပါတယ်။ ဒီအခြေအနေက အခု
အခါမှာတော့ အထောက်အပံ့ပြန်ဖြစ်လာ နေပါပြီ။ အာဖရိကဟာ ရှန်ပိန်ကို ယုံကြည်နေ ကြတယ်။

"ဘောလုံးအားကစားက တစ်ကမ္ဘာ လုံးအတိုင်းအတာမှာရှိနေတဲ့ အားကစားဖြစ်ပါ တယ်။ ဒေသတစ်ခုတည်းမှာ ဖြစ်ထွန်းအောင်မြင် နေတာမဟုတ်ပါဘူး။ ဘောလုံးအဆင့်အတန်း
တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဟန်ချက်ညီတဲ့ စီမံမှုတွေလုပ်ပေးနိုင်ရပါမယ်။ ချမ်းသာတဲ့ ထိပ်သီး နိုင်ငံ
တွေကိုပဲ သီးသန့်ရှေ့တန်းတင်ရမှာမဟုတ် ပါဘူး။ တိုက်ကြီးများအလိုက်ခွဲခြားသတ်မှတ် ထားမှု
မှာ တိုက်ကြီးအားလုံးဟာ တန်းတူ အခွင့်အရေးရဖို့ လိုအပ်ပါတယ်။ တန်းတူ အောင်မြင်မှုရအောင်
စွမ်းဆောင်ပံ့ပိုးပေးနိုင် ရပါမယ်''လို့ ရှန်ပိန်ဟာ သူ့ရဲ့စည်းရုံးရေးခရီးကို စတင်နေလျက်ရှိနေပါတယ်။

ဘလတ္တာကိုကောင်းကောင်းထိုးနှက်လိုက်တဲ့ စကားပဲဖြစ်ပါ တယ်။ ၁၉၉၈ ကနေ ၂၀၁၅ အထိ
ကာလအတွင်း မှာ ဘလတ္တာဟာ ဘာတွေလုပ်ပေးနိုင်ခဲ့ပြီး ဘယ် ဒေသတွေမှာ ဖွံ့ဖြိုးမှုအားကောင်း
နေပါသလဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စီးပွားရေးတွက်ခြေကိုက် ဖို့၊ ကွန်ဖက်ဒရေးရှင်းဖလားနဲ့ငွေရှာဖို့၊
ကမ္ဘာ့ ကလပ်အသင်းများပြိုင်ပွဲနဲ့ ငွေရှာဖို့ပဲ အဓိက ကြိုးပမ်းနေသလို သူ့ကိုယ်အမြဲတမ်းထောက်ခံ
နေဖို့အတွက် ဘောလုံးအဖွဲ့ချုပ်လေးတွေကို မလောက်ငတဲ့ ငွေကြေးပမာဏနဲ့ မက်လုံးပေး မြှူ
ဆွယ်၊ ဒီလောက်ပဲလုပ်ပြရင်း ဖီဖာပလ္လင်ကို ဆုပ်ကိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့ကို ယှဉ်ပြိုင်နိုင်လောက်တဲ့သူ ပေါ်လာရင်လည်း မှောက်ထားတဲ့အောက်ဖဲတွေ ဆွဲထုတ်ပြရင်းနဲ့ ကန်
ထုတ်ပစ်နိုင်စွမ်းရှိသူပါ။ အခုတစ်ကြိမ်မှာ တော့ ရှန်ပိန်ရဲ့စိန်ခေါ်မှုက အရင်နှစ်တွေက လောက်
မလွယ်တဲ့ အနေအထားပါ။

ဆက်လက်ဖော်ပြပါမည်။



ဖတ်ရှုမှုအများဆုံး