လီဗာပူး - အာဆင်နယ်
လီဗာပူးတိုက်စစ်နဲ့ အာဆင်နယ်ခံစစ် အားပြိုင်မယ့်ပွဲစဉ်ဖြစ်ပါတယ်။ အိမ်ကွင်းဆိုရင် လီဗာပူးခံစစ်
က အဝေးကွင်းထက် ပိုကောင်းလို့လည်း အာဆင်နယ်တိုက်စစ် ရုန်းကန်ရနိုင်ခြေရှိပါတယ်။ ဒီပွဲက
တစ်ချက်မှားတဲ့အသင်း ရှုံးပွဲတွေ့မှာဖြစ်လို့ ပွဲကိုခန့်မှန်းရတာ ခက်ပါတယ်။ အဲဒီတော့ ဂိုးအနည်း
ကိုရွေးတာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ချယ်လ်ဆီး - နယူးကာဆယ်
အသင်းကြီးတွေနဲ့တွေ့ရင်နယူးကာဆယ်ကစားအားတင်လေ့ရှိပါတယ်။ ချယ်လ်ဆီးက အိမ်ကွင်း
မို့ ပထမအကျော့က ရှုံးကြွေးကို ဆပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဂိုးပြတ်အနိုင်ရဖို့က
တော့ အခက်အခဲရှိလာနိုင်ပါတယ်။ ချယ်လ်ဆီးရဲ့အနိုင်ဟာ မပြတ်သားနိုင်ပါဘူး။
နော်ဝစ်ချ် - မန်စီးတီး
ပထမအကျော့တုန်းကတော့ မန်စီးတီးဟာ ဂိုးအများအပြားသွင်းပြီး အနိုင်ယူထားပါတယ်။ အခု
နော်ဝစ်ချ်ကွင်းဆိုတော့ မန်စီးတီးဂိုးပြတ်အနိုင်ရနိုင်ပါ့မလား။ ဒုတိယရာသီဝက်မှာ အဝေးကွင်းရ
လဒ်တွေ မန်စီးတီးကောင်းနေပါတယ်။ မန်စီးတီးနှစ်ဂိုးပြတ်တော့ အနိုင်ရသွားပါ လိမ့်မယ်။
မန်ယူ - ဖူလ်ဟမ်
မန်ယူက ထိပ်တန်းအဆင့်ခြေစွမ်းမရှိတော့တဲ့အသင်းဖြစ်တယ်ဆိုတာကို လက်ခံရတော့မှာ ဖြစ်ပါ
တယ်။ ဖူလ်ဟမ်ကလည်း အခြေအနေအတော်ဆိုးနေပါတယ်။ တန်းဆင်းသွားရနိုင်ခြေရှိနေပါ
တယ်။ မန်ယူနိုင်မှာပါ။ ဒါပေမဲ့ ဂိုးတော့မပြတ်နိုင်ပါဘူး။
စပါး - အဲဲဗာတန်
စပါးနိုင်ပွဲပျောက်သွားတာ နှစ်ပွဲဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ အဲဗာတန်ကလည်း ခြေယိုင်စ ပြု
လာနေပါတယ်။ နောက်ဆုံးပွဲမှာ ဗီလာကိုအနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာ အဲဗာတန်တော်တော် ရုန်း
ခဲ့ရပါတယ်။ ဒီပွဲဟာ အကြိတ်အနယ်ရှိလာမယ့်ပွဲဖြစ်ပါတယ်။ စပါးနိုင်ပွဲပြန်ရမယ့်ပွဲပါ။
ဆွမ်ဆီး - ကာဒစ်ဖ်
ဒီပွဲက ဝေးလ်ဒါဘီပွဲဖြစ်ပါတယ်။ ဆွမ်ဆီးက ကာဒစ်ဖ်နဲ့ ယှဉ်လိုက်ရင်ပိုပြီးငြိမ်ပါတယ်။ ကွင်းလယ်
ကစားကွက်မှာ ပိုပြီးထိန်းချုပ်နိုင်စွမ်းရှိမယ့်ပွဲ ဖြစ်ပါတယ်။ ကာဒစ်ဖ်အနေနဲ့ ခံစစ်ကို အကောင်းဆုံး
ပြင်နိုင်ဖို့ပဲကြိုးစားရမှာဖြစ်ပါတယ်။ ဆွမ်ဆီးအနိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။
ဆန်းဒါးလန်း - ဟားလ်စီးတီး
ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကွင်းမှာ ဂိုးပြတ်အနိုင်ရလိုက်တာဟာ ဆန်းဒါးလန်းအတွက်
ယုံကြည်မှု ပြည့်ဝသွားစေပါတယ်။ ဟားလ်စီးတီးက နိုင်ပွဲပျောက်နေတာ လေးပွဲဆက်တိုက်
ရှိပြီဖြစ်ပါတယ်။ ဂိုးမသွင်းနိုင်တာက အဓိကအားနည်းချက်ဖြစ်ပါတယ်။ ဆန်းဒါးလန်း နိုင်ပွဲဆက်
ဦးမှာပါ။
ဆောက်သမ်တန် - စတုတ်
ဆောက်သမ်တန် ခြေပြန်တက်လာနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကိုဒုတိယပိုင်း မှာ
သုံးဂိုးသွင်းသွားခဲ့တာက ဆောက်သမ်တန်ကို သတိထားစရာဖြစ်ပါတယ်။ လူလည်း ပြန်စုံလာ
နေပါတယ်။ စတုတ်က မန်ယူကို အနိုင်ရထားပေမယ့် အဝေးကွင်းဆိုရင် ကစားပုံကမကောင်း
ပါဘူး။ ဆောက်သမ်တန်ကိုပဲ ကြိုက်ပါတယ်။
ခရစ္စတယ် - ၀က်စ်ဘရွန်း
နှစ်သင်းစလုံးက တန်းမဆင်းရဖို့ ရုန်းကန်နေကြတဲ့အသင်းတွေဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ကွင်း
တွေကို အားပြုကစားနေကြပါတယ်။ ၀က်စ်ဘရွန်းက နည်းပြသစ်လက်ထက်မှာ နိုင်ပွဲမရသေးပါဘူး။
ဂိုးသွင်းအားတော့ ပြန်တက်လာနေပါတယ်။ ဒီပွဲမှာဝက်စ်ဘရွန်း မရှုံးနိုင် ပါဘူး။ သရေနဲ့ အနိုင်ပါ။
ဗီလာ - ၀က်စ်ဟမ်း
ချယ်လ်ဆီးကို သရေကစားခဲ့တာဟာ ၀က်စ်ဟမ်းရဲ့ ယုံကြည်မှုကို ပြန်ရသွားစေပါတယ်။ ဗီလာက
အဲဗာတန်ကို သရေကစားနေရင်းက နောက်ဆုံးမှာ ရှုံးသွားခဲ့ပါတယ်။ တိုက်စစ်က ကောင်းသ
လောက် ခံစစ်က အားနည်းနေလို့ ဟန်ချက်မညီဖြစ်နေပါတယ်။ ၀က်စ်ဟမ်းကို ကြိုက်ပါတယ်။














