ရှုံးပွဲဆက်မှုကို ရပ်တန့်ရမယ့် မွန်ချင်နဲ့ လေဗာကူဆင် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၀)

ရှုံးပွဲဆက်မှုကို ရပ်တန့်ရမယ့် မွန်ချင်နဲ့ လေဗာကူဆင် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၀)

မွန်ချင် - လေဗာကူဆင် ပထမအကျော့ရလဒ်၊
လေဗာကူဆင် ၄-၂ မွန်ချင်

မွန်ချင်ဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက် ရှုံးထားပေမယ့် အိမ်ကွင်း
၁၀ ပွဲမှာ ၂၅ မှတ်ရယူထားနိုင်လို့ အိမ်ကွင်းကစားပုံ မာကျော တယ်လို့ ဆိုနိုင်ပါတယ်။ လေဗာကူ
ဆင်က အဝေးကွင်း ကိုးပွဲမှာ ငါးပွဲနိုင်၊ လေးပွဲရှုံး အဖြေ ထွက်ထားတယ်။နောက်ဆုံးပွဲစဉ်မှာ မွန်ချင်
က ဟန်နိုဗာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် လေဗာ ကူဆင်ကတော့ စတုဂတ်ကို အနိုင်ရခဲ့တယ်။ မွန်
ချင်အိမ်ကွင်းနိုင်ပွဲပြန်ရအောင် လုပ်လိမ့်မယ်လို့ ထင်တယ်။

၀ုဖ်ဘတ် - မိန့်ဇ် ပထမအကျော့ရလဒ်၊
မိန့်ဇ် ၂-၀ ၀ုဖ်ဘတ်

အဆင့်(၆)နဲ့ အဆင့်(၇) ထိပ်တိုက်တွေ့ဆုံမှာမို့ ပြိုင်ဆိုင်မှုပြင်းထန်မယ့်ပွဲတစ်ပွဲလို့ ဆိုနိုင် ပါတယ်။
ရမှတ်ကလည်း ၃၀ ချင်း တူညီမှာဖြစ်နေလို့ နိုင်တဲ့သူက အဆင့်ပြောင်းလဲယူသလို ဖြစ်သွားမှာပါ။
၀ုဖ်ဘတ်နှစ်ပွဲဆက် ရှုံးထား သလို မိန့်ဇ်ကလည်း အဝေးကွင်းလေးပွဲဆက် ရှုံးပွဲမရှိတာက ၀ုဖ်ဘတ်
အတွက် ခက်ခဲနိုင်ပါ တယ်။ မိန့်ဇ်ကိုတောင် အကြိုက်ပိုမိပါတယ်။

၀ါဒါဘရီမင် - ဒေါ့မွန် ပထမအကျော့ရလဒ်၊
ဒေါ့မွန် ၁-၀ ၀ါဒါဘရီမင်

၀ါဒါဘရီမင်ဟာ အော့စ်ဘတ်ကို ဂိုးပြတ်ရှုံး တဲ့အတွက် အဆင့်(၁၂)နေရာကို ထိုးဆင်းသွား ပြီး
ဒေါ့မွန်ကတော့ ဘရောက်ချ်ကို အူဘာမီယန် ရဲ့ သွင်းဂိုးတွေနဲ့နိုင်ပြီး နို၀င်ဘာနောက်ပိုင်း နိုင်ပွဲပြန်
ရခဲ့တယ်။ ဆားဘီးယားကွင်းလယ် ကစားသမား မီလော့စ်ဂျိုဂျစ်ကိုလည်း ခေါ်ယူ ထားနိုင်တာမို့
ဒေါ့မွန် နိုင်ပွဲဆက်ဦးမယ့်သဘော ရှိတယ်။

ဖရိုင်းဘတ် - ဟော့ဖန်ဟိမ်း ပထမအကျော့ရလဒ်၊
ဟော့ဖန်ဟိမ်း ၃-၃၃ ဖရိုင်းဘတ်

တန်းဆင်းဇုန်ထဲက ဖရိုင်းဘတ်ဟာ အိမ်ကွင်း မှာ နှစ်ပွဲနိုင်၊ သုံးပွဲသရေ၊ လေးပွဲရှုံးထားပါတယ်။
ဇယားအလယ်က ဟော့ဖန်ဟိမ်းကတော့ အဝေး ကွင်းမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ ငါးပွဲရှုံးထားပြီး
သူတို့ရဲ့ အဝေးကွင်းတိုက်စစ်က ဖရိုင်းဘတ်ရဲ့ အိမ်ကွင်းတိုက်စစ်ထက်သာပါတယ်။ ဧည့်သည်နဲ့
နှစ်သင်းပေါင်းသွင်းဂိုးအများကို ရွေးပါမယ်။

ဖရန့်ဖတ် - ဘရောက်ချ် ပထမအကျော့ရလဒ်၊
ဘရောက်ချ် ၂-၀ ဖရန့်ဖတ်

ဖရန့်ဖတ်ဟာ နောက်ဆုံးခြောက်ပွဲအနက် အိမ်ကွင်းမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကစားထား တယ်။
ဘရောက်ချ်ကတော့ အဝေးကွင်းမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ခြောက်ပွဲရှုံး အဖြေထွက် ထားလို့
ဖရန့်ဖတ်ဘက်က အနည်းငယ် အလေး သာပါတယ်။

ဟမ်းဘတ် - ဟာသာဘာလင် ပထမအကျော့ရလဒ်၊
ဟာသာဘာလင် ၁-၀ ဟမ်းဘတ်

နှစ်သင်းစလုံး နောက်ဆုံးနှစ်ပွဲစီ ဆက်တိုက် ရှုံးထားပါတယ်။ ဟမ်းဘတ်ဟာ ဒီရာသီ ခံစစ် အား
အနည်းဆုံးအသင်း ဖြစ်နေပါတယ်။ ဟာသာဘာလင်ကတော့ အဝေးကွင်းမှာ သုံးပွဲ နိုင်၊ သုံးပွဲသ
ရေ၊ သုံးပွဲရှုံးရလဒ်ထွက်နေတာကို တွေ့ရပြန်တယ်။ ဟာသာဘာလင်ကိုပဲ ကြိုက် တယ်။

စတုဂတ် - အော့စ်ဘတ် ပထမအကျော့ရလဒ်၊
အော့စ်ဘတ် ၂-၁ စတုဂတ်

စတုဂတ်ကတော့ နောက်ဆုံးသုံးပွဲဆက်ရှုံးပြီး အဆင့်(၁၃)နေရာရောက်နေပါပြီ။ အဆင့်(၉)
နေရာက အော့စ်ဘတ်ကတော့ အဝေးကွင်း လေးပွဲဆက်ရှုံးပွဲမရှိပါဘူး။ ဒီပွဲစဉ်ဟာ သရေ ရလဒ်
ကို ဦးတည်နေပြီး အော့စ်ဘတ်ကို အားပေး ရမှာဖြစ်ပါတယ်။

ရှော်လ်ကေး - ဟန်နိုဗာပထမအကျော့ရလဒ်၊
ဟန်နိုဗာ ၂-၁ ရှော်လ်ကေး

အဆင့်(၄)နေရာက ရှော်လ်ကေးဟာ အိမ်ကွင်း နှစ်ပွဲဆက်နိုင်ထားသလို အဆင့်(၁၀)က ဟန်နို
ဗာကလည်း နောက်ဆုံးနှစ်ပွဲဆက် နိုင်ထား ပါတယ်။ ရှော်လ်ကေးဟာ မွန်ချင်ရဲ့ ကျော်တက်ခြင်း
ကို မခံရဖို့အတွက် ဆန်တာနာ၊ ဘိုတန်၊ ဟန်တယ်လာတို့ရှိနေတဲ့ ရှော်လ်ကေးကိုပဲ အားပြုရမှာ
ဖြစ်ပါတယ်။

နုရင်ဘတ် - ဘိုင်ယန်မြူးနစ် ပထမအကျော့ရလဒ်၊
ဘိုင်ယန် ၂-၀ နုရင်ဘတ်

ဘိုင်ယန်ဟာ အခုအချိန်အထိ ဘွန်ဒက်စ်လီဂါ ကို အာရုံစိုက်နေဆဲဆိုတာ ထင်ရှားတယ်။ ဂေါ့ဇီ၊
ရစ်ဘာရီ၊ ရော်ဘင်တို့က ဘိုင်ယန်ရဲ့ ဂိုးသွင်းစက်တွေပါ။ ရစ်ဘာရီလည်း အမှုပြတ် သွားပြီဖြစ်လို့
ကွင်းတွင်းကိစ္စကို အပြည့်အဝ အာရုံစိုက်လာနိုင်ပါပြီ။ ဂွာဒီယိုလာကလည်း ပေါ့ဆနေမှာမဟုတ်
ဘူးလို့ ပြောထားတဲ့အတွက် အိမ်ကွင်းတစ်ပွဲသာ နိုင်ပွဲရှိတဲ့ နုရင်ဘတ် ဘိုင်ယန်ကို နိုင်ဖို့မလွယ်
ပါဘူး။



ဖတ်ရှုမှုအများဆုံး