ဘာစီလိုနာအတွက် နောက်ထပ် ဖိအားများဦးမယ့်ပွဲ

ဘာစီလိုနာအတွက် နောက်ထပ် ဖိအားများဦးမယ့်ပွဲ

ဆီဗီလာ - ဘာစီလိုနာ
ဒုတိယအကျော့ အစပိုင်းမှာပဲ ဘာစီလိုနာ အတွက် ဖိအားတွေများလာခဲ့ပါပြီ။ နေမာရဲ့ ပြဿနာ
ကြောင့် အသင်းလှုပ်ခတ်နေတဲ့အချိန် မှာ အသင်းကလည်း အိမ်ကွင်းမှာ ဗလင်စီယာကို စရှုံးခဲ့ပြီး
ချန်ပီယံလမ်းကြောင်းအတွက် ခက်ခဲမယ့်အနေအထားမျိုးကို ရသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ
ဗလင်စီယာနဲ့ပွဲမှာတော့ အိမ်ရှင်ဆိုပေမယ့် ကစားပုံသိသာစွာအားနည်း နေခဲ့ပြီး ခံစစ်ပိုင်း အမှား
အယွင်းများမှုက ရှုံးပွဲတွေ့ဖို့ ဖြစ်ခဲ့ရတာပါ။

အဲဒီအနေအထားကို မပြင်ဆင်နိုင်ဘူးဆိုရင်တော့ ဘာစီလိုနာအတွက် အခုဆီဗီလာနဲ့ပွဲဟာလည်း
နောက်ထပ် ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရဦးမယ့်အနေအထား မျိုးဖြစ်နေပါတယ်။ ဘာစီလိုနာဟာ
၂၀၁၄ ထဲမှာ ကစားခဲ့တဲ့ လာလီဂါပွဲတွေမှာ နိုင်ပွဲတစ်ပွဲသာ ရထားခဲ့ပြီး အသင်းကစားပုံ ရုန်းကန်
လာရတာ တွေ့ရတယ်။

၂၀၁၄ အတွင်း နိုင်ပွဲ နှစ်ပွဲသာရထားပြီး အလက်တီကိုနဲ့သရေ၊ လီဗန်တေးနဲ့ သရေကျခဲ့ရတဲ့အပြင်
ဗလင်စီယာကိုပါ အရေး နိမ့်ထားခဲ့ရလို့ ရမှတ် ခုနစ်မှတ်လောက်အထိ ဆုံးရှုံးမှု ကြံုထားခဲ့ရတယ်။

နောက်ဆုံးကစားထားတဲ့ လာလီဂါအဝေးကွင်း နှစ်ပွဲဆက်တိုက် လည်း နိုင်ပွဲပျောက်ထားခဲ့တယ်။
အလက်တီကို နဲ့ လီဗန်တေး နှစ်သင်းစလုံးကို သရေသာ ကစား နိုင်ခဲ့ပြီး ရဂိုးလည်းတစ်ဂိုးပဲရထား
ခဲ့တဲ့ ဘာစီလိုနာရဲ့ကစားပုံဟာ အခုဆီဗီလာနဲ့ပွဲမှာလည်း နိုင်ပွဲရဖို့ ရုန်းကန်ရဦးမယ့်ပုံပါပဲ။ ဆီဗီလာကလည်း နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်တိုက်ပြန်ယိုင်ဆင်းသွားတာ တွေ့ရ တယ်။

အိမ်ကွင်းမှာ လီဗန်တေးကိုရှုံးပြီး အဝေး ကွင်းမှာလည်း မာလာဂါကိုဆက်ပြီးရှုံးထားခဲ့ တဲ့အပြင်
နောက်ဆုံးလေးပွဲဆက်တိုက် နိုင်ပွဲ ပျောက်နေတဲ့အသင်းဖြစ်လို့ ဘာစီလိုနာနဲ့ အတွေ့မှာ ရလဒ်
ကောင်းအောင် ပြန်ပြီးကြိုးစား ရုန်းကန်လာမယ့်အနေအထားမျိုးဖြစ်နေတယ်။

ဆီဗီလာဟာ ဘာစီလိုနာနဲ့တွေ့ရင် အပြန်အလှန် ကစားနိုင်ခဲ့တဲ့ အစဉ်အလာရှိတတ်ပြီး ပထမ
အကျော့ ဘာစီလိုနာကွင်းမှာတောင် ဘာစီလိုနာဘက်ကို နှစ်ဂိုးရအောင် ပြန်သွင်းကာ ၃-၂ နဲ့ပဲ
အရေးနိမ့်ထားခဲ့လို့ အခုအိမ်ကွင်းပွဲမှာ လည်း ဆီဗီလာရဲ့တိုက်စစ်အနေအထားဟာ ဘာစီလိုနာရဲ့
ခံစစ်ကြောင်းကို ပြန်ခြိမ်းခြောက် နိုင်ဦးမယ့် အနေအထားမျိုးပါပဲ။ ဘာစီလိုနာရဲ့ခံစစ်ကလည်း
အတော်လေးကို အခြေအနေဆိုးနေတာ တွေ့ရတယ်။ ခံစစ်ကြောင်းမှာ အဲလ်ဗက်စ်ပြန်ကစားနိုင်
လို့ အဲလ်ဗက်စ်၊ ပီကေး၊ မာရှေယာနို၊ အယ်လ်ဘာတို့နဲ့ လူစုံပွဲထုတ်ခွင့်ရတဲ့အချိန်ရောက်မှ အသင်း
ခံစစ်ဟာ သိသိသာသာကို အားနည်းနေပြီး ဗလင်စီယာနဲ့ပွဲမှာ ခံစစ်အားနည်းမှုက ပိုပြီး သိသာနေ
ခဲ့တယ်။

အခုပွဲမှာလည်း အယ်လ်ဘာ ပွဲပယ်ခံထားရဖို့ရှိလို့ ဘာစီလိုနာရဲ့ဘယ်ခြမ်း ဟာ အနည်းငယ်အား
လျော့သွားဖွယ်ရှိနေ တယ်။ အယ်လ်ဘာနေရာမှာ အက်ဒရီယာနို အကောင်းဆုံး ကစားပြနိုင်တာ
မှန်ပေမယ့် လက်ရှိကွင်းလယ်အတွဲအဖက်မှာ ဇာဗီ အသက် အရွယ်ကြောင့် ကစားပုံလေးလာတာ
၊ ဖာဘရီဂတ်စ်ရဲ့ခြေစွမ်းက ခံစစ်ကိုကူညီတဲ့နေရာမှာ အားနည်းနေသေးတာတွေကြောင့် ဘာစီလို
နာ ရဲ့ခံစစ်ကစားပုံဟာ အားရစရာအနေအထားမျိုး ဖြစ်မလာခဲ့ပါဘူး။

အင်နီယေစတာ ပြန်ကစားနိုင်လို့ ကွင်းလယ်မှာ အားပြည့်လာနိုင်ပေမယ့် လည်း ဘာစီလိုနာရဲ့
လက်ရှိ ခံစစ်အနေအထား ကို နည်းပြမာတီနိုအနေနဲ့အပြောင်းအလဲ မလုပ်ခဲ့ဘူးဆိုရင်တော့ ဆီဗီ
လာနဲ့ပွဲမှာလည်း ဘာစီလိုနာခံစစ်ကြောင်းဟာ ဆီဗီလာရဲ့ တိုက်စစ်ကို မနည်းထိန်းချုပ်ရဦးမှာ
သေချာ တယ်။

ဘာစီလိုနာခံစစ်မှာ မာရှေယာနို အမှား အယွင်းများတတ်လို့ ဘာထရာ-ပီကေးအတွဲကို ဒီပွဲမှာ
မာတီနို ဦးစားပေးပြီး ပွဲထုတ်လာမလား ဆိုတာလည်း စောင့်ကြည့်ချင်စရာကောင်းနေ တယ်။
ဘာစီလိုနာဟာ ဒီပွဲမတိုင်မီ ဆိုစီဒက်နဲ့ ကိုပါဒယ်ရေးပွဲ နွှဲထားရလို့ ပွဲပန်းနေနိုင်တဲ့ အနေအထား
မျိုးရှိနေတာကိုလည်း ထည့်စဉ်းစား ဖို့ လိုလိမ့်မယ်ထင်တယ်။

ဆီဗီလာကတော့ ကြားထဲမှာ ဘာပွဲမှကစားဖို့ မရှိဘဲ ဒီပွဲအတွက် ပြင်ဆင်ချိန်ပိုရထားတယ်။
ဒါ့ပြင် ဆီဗီလာရဲ့အနေအထားဟာ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် မျှော်လင့်ချက် အားနည်း
သွားပြီး ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကိုသာ အဓိကထား မျှော်လင့်ပြီး ကစားရတော့မယ့်
ဒီအချိန်မျိုးမှာ အတတ်နိုင်ဆုံး အမှားအယွင်းနည်းအောင် ကြိုးစားမှာသေချာတယ်။ ဒါပေမဲ့
ဆီဗီလာရဲ့ ခံစစ်ပိုင်းသိသာစွာအားနည်းနေမှုက ဘာစီ လိုနာလိုအသင်းရဲ့တိုက်စစ်ကို ထိန်း
ချုပ်ရာမှာ လည်း အခက်အခဲရှိနေဦးမှာပါ။

ဆီဗီလာဟာ တိုက်စစ်ကစားပုံကောင်းပေမယ့် ခံစစ်ပိုင်းမှာ တော့ အားနည်းမှုတွေရှိနေသေးပြီး
ပွဲတိုင်းလိုလို ဂိုးတွေပေးထားရတာ တွေ့ရတယ်။ နောက်ဆုံး ကစားခဲ့တဲ့ လီဗန်တေး၊ မာလာဂါ
တို့ကို ရှုံးထား ခဲ့တဲ့ နှစ်ပွဲမှာဆိုရင် ပေးဂိုးက ခြောက်ဂိုးရှိပြီး တစ်ပွဲ သုံးဂိုးနှုန်းပေးနေရလို့ ဘာစီလို
နာရဲ့ တိုက်စစ်ကို ထိန်းနိုင်ဖို့ သိပ်မလွယ်တာကလည်း သေချာနေပါတယ်။ ဘာစီလိုနာကတော့
နောက်ဆုံး အဝေးကွင်း နှစ်ပွဲဆက် ရဂိုးတစ်ဂိုးပဲရှိတယ်။ တိုက်စစ်ပိုင်း မှာ ပက်ဒရို၊ အလက်ဆစ်
တို့ ဂိုးတွေရနေကြ ပေမယ့် မက်ဆီ ပုံမှန်ဂိုးမရသေးဘဲ ပြီးခဲ့တဲ့ ဗလင် စီယာနဲ့ပွဲမှာသာ ပင်နယ်တီ
ကနေ တစ်ဂိုးပဲ သွင်းထားနိုင်သေးတယ်။

ပက်ဒရို၊ အလက်ဆစ် တို့ ဂိုးတွေရနေချိန်မှာ ဂိုးမသွင်းနိုင်ဘဲဖြစ်နေ တဲ့ မက်ဆီဟာလည်း အခု
နောက်ပိုင်းပွဲတွေမှာ သူကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့အတွက် တစ်ကိုယ် တော် ထိုးဖောက်မှုမျိုးတွေ
ပိုလုပ်လာနေလို့ ဘာစီလိုနာရဲ့ တိုက်စစ်ကစားပုံဟာ မက်ဆီမကစားနိုင်တဲ့အချိန်ကလောက်
တိုက်စစ်ပိုင်းမှာ ဂိုးရဖို့အချိတ်အဆက် အားလျော့လာနေတာ တွေ့ရတယ်။

ဒါပေမဲ့ ဆီဗီလာအသင်းရဲ့ ခံစစ် အနေအထားကြောင့် ဒီပွဲမှာ ဘာစီလိုနာ ဂိုးရဖို့ အခွင့်အရေးများ
နေတာတော့ အမှန်ပါပဲ။ ဒီတော့ အခုပွဲမှာ အဓိကထားစောင့်ကြည့်ရမယ့် အချက်က အမှား
အယွင်းများလွန်းတဲ့ ဘာစီ လိုနာရဲ့ခံစစ်ကြောင်းဟာ ဆီဗီလာရဲ့ ဂိုးရအောင် ကစားတတ်ပုံ
အောက်မှာ တည်ငြိမ်စွာ ထိန်းချုပ် ကစားနိုင်စွမ်း ရှိ၊ မရှိဆိုတဲ့အချက်ပါပဲ။

ဘာစီ လိုနာရဲ့အနေအထားဟာ ဖိအားလည်းရှိနေတဲ့ အချိန်မျိုးဖြစ်လို့ ဖိအားနည်းပြီး ဒီပွဲအတွက်
ပြင်ဆင်ခွင့်ပိုရထားတဲ့ ဆီဗီလာရဲ့ တုံ့ပြန် အားအောက်မှာ ထပ်ပြီးရုန်းကန်ရဦးမလား လို့ထင်နေမိ
ပါတယ်။ ဒါကြောင့်လည်း ဒီပွဲ အတွက် ဆီဗီလာနဲ့ ဂိုးအများကိုပဲ ရွေးထား လိုက်တယ်။

အခြားပွဲစဉ်များ
* အက်စ်ပန်ညို - ဂရန်နာဒါ
* ဗလင်စီယာ - ဘက်တစ်
* ရာယို - မာလာဂါ
* ရီးယဲလ် - ဗီလာရီးယဲလ်
ဗယ်လာဒိုးလစ် - အယ်လ်ချီ *
အိုဆာဆူနာ - ဂီတာဖေး *
အယ်လ်မီရီယာ - အလက်တီကို *
ဆိုစီဒက် - လီဗန်တေး *
* ဆယ်လ်တာ - ဘီလ်ဘာအို



ဖတ်ရှုမှုအများဆုံး