နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ ဇန်နဝါရီလဆန်းပြီဆိုရင် ရင်ခုန်အားပေးကြရစမြဲဖြစ်တဲ့ တင်းနစ်ရာသီ
အဖွင့် ဩစတြေးလျအိုးပင်း ဂရင်းဆလမ်ပြိုင်ပွဲဟာ အားကစားကမ္ဘာမှာ ရေပန်းစားမြဲပဲ ဖြစ်ပါ
တယ်။
သက်တမ်းအားဖြင့်လည်း ရာစုနှစ် တစ်ခုကျော်လွန်လာခဲ့ပြီဖြစ်သလို ဂန္ထဝင်ကြီးလေးကြီးဖလား
လေးလုံးမှာ ပွဲဦးထွက် ဆုဖလားဖြစ်တာကြောင့် တင်းနစ်စူပါစတားတိုင်း ရေကုန်ရေခန်း အကြိတ်
အနယ်ယှဉ်ပြိုင် လေ့ရှိကြပြီး အခုနှစ်မှာလည်း ဆုကြေးက တစ်ဦးချင်းပြိုင်ပွဲမှာ ဗိုလ်စွဲသူကို ဩ
စတြေးလျ ဒေါ်လာ နှစ်သန်းခြောက်သိန်းအထိ တိုးမြှင့်ပေး ထားတာကြောင့် ပြိုင်ပွဲသမိုင်းတစ်
လျှောက်မှာ အမြင့်ဆုံးဆုကြေးချီးမြှင်တဲ့နှစ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
Melbourne Park မှာ ကျင်းပသွား ခဲ့တဲ့ ၂၀၁၄ ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်
ပွဲမှာ ထူးထူးခြားခြားလက်စွမ်းပြ ဗိုလ်စွဲသွားသူကတော့ ဆွစ်ဇာလန်ငွေကြယ်ပွင့် သစ် တင်းနစ်
စတား စတန်နစ်ဆလာဝါရင်ကာ ဖြစ်တာကြောင့် ဂန္ထဝင်ဖက်ဒဲရားခေတ် ကုန်ဆုံး ရင် အစားဝင်
လာမယ့် လူသစ်တစ်ယောက်တိုးလာပြန်ပြီလို့ ဆစ်ဒ်နီစာစောင်တွေက တင်စားဂုဏ်ပြုနေကြခြင်း
ပါပဲ။
၂၀၁၄ ဩစတြေးလျအိုးပင်းဟာ ပြိုင်ပွဲသမိုင်း တစ်လျှောက်မှာတော့ လက်ရှိချန်ပီယံတွေ ကွာတား
ဖိုင်နယ်အဆင့်ကနေ နှုတ်ဆက်သွား ခဲ့ရတဲ့ ထူးခြားတဲ့နှစ်လို့ ဆိုရဦးမှာပါပဲ။ သုံးထပ် ကွမ်းချန်ပီယံ
ဂျိုကိုဗစ်ရှ်ရော၊ အမျိုးသမီး ချန်ပီယံ အဇာရန်ကာပါ နောက်ဆုံးပွဲစဉ်အထိ တက်ရောက်ခွင့်မရခဲ့တာ
ဩစတြေးလျအိုးပင်းသမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် နဲ့လည်း မှတ်တမ်းဝင်ခဲ့တဲ့နှစ်
ပဲဖြစ်ပါတယ်။
အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲစဉ်မှာ ဆီဒင်(၁) ရထားတဲ့ မြေစေးဘုရင်နာဒါးလ်နဲ့ ဆီဒင်(၈) ရထား
သူ စတန်နစ်ဆလာတို့ ဆုံတွေ့ခဲ့ကြပြီး ကျောဒဏ်ရာပြန်ခံစားနေရသူ နာဒါးလ်ကို ဆွစ်ဇာလန်
လူငယ်လက်တက် စတန်နစ်ဆလာ က ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၃ ရလဒ်နဲ့ အနိုင်ယူပြီး ရခဲလှတဲ့ ဂရင်း
ဆလမ်ဆုဖလား သိမ်းပိုက်သွား ခဲ့တာဟာလည်း လက်ရှိတင်းနစ်ကမ္ဘာမှာ တာစားနေတဲ့ သတင်း
တစ်ပုဒ်လို့ ဆိုရဦးမှာပါပဲ။
Rod Laver Arena မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ နာဒါးလ်နဲ့ စတန်နစ်တို့ရဲ့ ဗိုလ်လုပွဲစဉ်ဟာ ယမန်နှစ်က
ဂျိုကိုဗစ်ရှ်နဲ့ နာဒါးလ်တို့ရဲ့ ပြိုင်ပွဲ လောက် အသက်ဝင်စိတ်လှုပ်ရှားစရာမကောင်း ခဲ့ပေမယ့် ရက်
သတ္တတစ်ပတ်တည်းမှာ ဆီဒင်(၁) နဲ့ (၂)ရရှိသူ ဂျိုကိုဗစ်ရှ်နဲ့ နာဒါးလ်တို့ကို အလဲထိုး အနိုင်ယူခဲ့
တဲ့ ဆွစ်ဇာလန်သားရဲ့ လက်စွမ်းပြမှု ဟာ နှစ်ပေါင်း ၂၁ နှစ်ကာလအတွင်းမှာ ပထမ ဆုံးအကြိမ်
ဖြစ်တယ်ဆိုတာကိုလည်း ဂျနီဗာ မီဒီယာတွေက တင်စားကောင်းချီးပေးနေကြ ပါတယ်။
မြေစေးဘုရင်နာဒါးလ်နဲ့ ယခင်တွေ့ဆုံမှု ၁၂ ကြိမ်မှာ တစ်ကြိမ်မှ အသာမရခဲ့သူ ညာသန် ဆွစ်ဇာ
လန်တင်းနစ်စတားဟာ အခု ၂၀၁၄ နှစ်သစ်မှာတော့ ရာဇဝင်ဟောင်းတွေကို ချေဖျက်ပြလိုက်နိုင်
ခဲ့ပြီပဲဖြစ်ပါတယ်။
၂၀၁၂ ကာလမှာ ပရော်ဖက်ရှင်နယ်ကမ္ဘာမှာ ခြေချလာ ခဲ့သူ စတန်နစ်ဟာ ပရိုသက်တမ်း ၁၂ နှစ်
တာ ကာလမှာ ပွဲဦးထွက်ဂရင်းဆလမ်ဆုဖလားကို ရှိုက်နမ်းခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့်(၃)နေရာကို
လှမ်းတက်လာနိုင်ခဲ့တာဟာလည်း ဆွစ်ဇာလန် စာစောင်တွေအတွက် ကောင်းချီးပေးစရာတွေပဲ
ဖြစ်နေရပါတယ်။
Big Fourလို့ တင်စားကြတဲ့ ဂျိုကိုဗစ်ရှ်၊ နာဒါးလ်၊ ဖက်ဒဲရာ၊ အင်ဒီမာရေးတို့ထဲက တစ်ဦးမဟုတ်
ရင်တစ်ဦးကချည်း ဂရင်းဆလမ်ဖလားတွေ သိမ်းပိုက်နေတာကိုလည်း အခု နှစ်သစ်မှာ စတန်နစ်
က မှတ်တမ်းရေးထိုး လိုက်နိုင်ပြီပဲဖြစ်ပါတယ်။ ဂရင်းဆလမ်ဆုဖလား ၁၇ လုံး စံချိန်ရှင် ရော်ဂျာ
ဖက်ဒဲရာနောက်ပိုင်း မှာ ဆွစ်ဇာလန်သားတစ်ဦးက ပထမဆုံးအကြိမ် ဂရင်းဆလမ်ဖလား ပိုင်ဆိုင်
ခွင့်ရခဲ့တာကလည်း အားကစားစာမျက်နှာမှာ မှတ်တမ်းသစ်ဖြစ်ခဲ့ရ ပါတယ်။
ပူပူနွေးနွေး ဩစတြေးလျအိုးပင်းချန်ပီယံ စတန်နစ်က "အနှစ်နှစ်အလလ အိပ်မက်မက်ခဲ့တာတွေ
လက်တွေ့ဖြစ်လာတော့ဖော်မပြတတ် အောင် ကြည်နူးပီတိဖြစ်ရပါတယ်။ ကျောဒဏ်ရာ ရရှိနေ
ပေမယ့်လည်း နာဒါးလ်ဟာတကယ့်ကို လက်စွမ်းပြကစားခဲ့တာ အားကျလေးစားမိပါ တယ်။ ဗိုလ်
လုပွဲရောက်တဲ့အချိန်အထိကျွန်တော့် ကို အား ပေးခဲ့ကြ တဲ့ ပရိ သတ်တွေ ရဲ့ ကျေးဇူးကို မမေ့ပါ
ဘူး။ လာမယ့် ဂရင်းဆလမ်ပွဲစဉ်တွေမှာ ဆက်လက်ကြိုးစားသွားပါမယ်"လို့ ပွင့်ပွင့်လင်းလင်း ရင်
ဖွင့်စကားဆိုသွားပါတယ်။















