၂၀၁၄ ရှုံးထွက်ဖလားပြိုင်ပွဲကို အော်ရီဒူးကုမ္ပဏီမှ ပံ့ပိုးကူညီမည်

၂၀၁၄ ရှုံးထွက်ဖလားပြိုင်ပွဲကို အော်ရီဒူးကုမ္ပဏီမှ ပံ့ပိုးကူညီမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပ မည့် ၂၀၁၄ ခုနှစ် ရှုံးထွက်ဖလားပြိုင်ပွဲအား
ဆက်သွယ်ရေးနည်းပညာကုမ္ပဏီတစ်ခု ဖြစ် သည့် Ooredoo မှ Title စပွန်ဆာအဖြစ် ပံ့ပိုး
ကူညီသွားမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို MFF Ooredoo Cup 2014 အမည်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ရှုံးထွက်
ဖလားပြိုင်ပွဲအတွက် အမေရိကန် ဒေါ်လာငါးသိန်းအား Ooredoo က ပံ့ပိုးသွား မည်ဖြစ်သည်။

ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းများနှင့် မြန်မာနေရှင်နယ် လိဂ်(၂)မှ ပြိုင်ပွဲဝင်
အသင်းများ ပါ၀င်ယှဉ်ပြိုင် သွားကြမည်ဖြစ်သည်။ ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ
စတင်ကာ First round, Second round, Third round ပွဲစဉ်များ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇူလိုင်
လတွင် ကွာတားဖိုင်နယ်၊ ဩဂုတ်လတွင် ဆီမီးဖိုင်နယ်နှင့် စက်တင်ဘာလတွင် ဗိုလ်လု ပွဲစဉ်တို့
အား ယှဉ်ပြိုင်ကစားရန် ပြိုင်ပွဲကျင်းပ ရေးကော်မတီက စီစဉ်ထားကြောင်းသိရသည်။

MFF Ooredoo Cup 2014 ပြိုင်ပွဲသည် ယခင်နှစ်ပြိုင်ပွဲများထက် ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်လာ
စေရန်စီစဉ်ထားကြောင်း သိရ သည်။

ပြိုင်ပွဲအား ယခင်နှစ်များက Max Cement Cup အမည်ဖြင့်လည်းကောင်း၊ MFF Digicel Cup
အမည်ဖြင့်လည်းကောင်း Title စပွန်ဆာအမည်များဖြင့် ကျင်းပခဲ့ဖူးသည်။ Ooredoo Myanmar အနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးတိုးတက်ရေးလုပ်ငန်းများအတွက် အမေရိကန်
ဒေါ်လာ နှစ်သန်းနှင့် ရှုံးထွက်ဖလားပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းအား Official
Partner တစ်ခုအနေဖြင့် ပံ့ပိုးကူညီထားသည်။ ကာတာနိုင်ငံအခြေစိုက် ဥသမနိသသ ကုမ္ပဏီ
နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား စပွန်ဆာ စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်း အနား
ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel တွင် ကျင်း
ပခဲ့ခြင်းဖြစ်ပြီး ယခုလို ပံ့ပိုးကူညီ ခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး