ပြီးခဲ့သည့် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် (၇)ကြိမ်
မြောက်အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ၏ မျက်မမြင်စစ်တုရင်ပြိုင်ပွဲ တွင် မြန်မာ
နိုင်ငံမျက်မမြင်စစ်တုရင်အဖွဲ့ချုပ် အနေဖြင့် ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ် ခုနစ်ခုနှင့် ကြေးတံ
ဆိပ်ငါးခုတို့ကို ဆွတ်ခူးနိုင် ခဲ့သည်။
စစ်တုရင်အားကစားသည် ဉာဏ်ကစားရ သော အားကစားနည်းတစ်ခုဖြစ်ပြီး စိတ်ရှည်သည်းခံမှု၊
စိတ်အာရုံစူးစိုက်နိုင်မှု၊ တွေးခေါ်ဉာဏ် လျင်မြန်ဖျတ်လတ်မှုတို့က စစ်တုရင်ကစားပွဲ၏ အနိုင်ရစေ
နိုင်သော နည်းဗျူဟာ ဖြစ်သည်။ စစ်တုရင်အားကစားနည်းသည် ခက်ခဲနက်နဲသော အားကစား
နည်းတစ်မျိုးဖြစ် သော်လည်း ကမ္ဘာ့အနှံ့အပြားရှိလူမျိုးပေါင်းစုံ က စိတ်ပါ၀င်စားသော နိုင်ငံတကာ
အသိအမှတ် ပြု အားကစားနည်းတစ်ခုဖြစ်သည်။ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် မျက် မမြင်
အားကစားသမားများအတွက် မျက်မမြင် စစ်တုရင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပကြသည်။
မျက်မမြင် စစ်တုရင်ပြိုင်ပွဲတွင် စစ်တုရင်ကစားခုံသည် ပုံမုန်ကစားခုံနှင့် အနည်းငယ် ကွဲလွဲချက်ရှိ
သည်။ မျက်မမြင်စစ်တုရင်ခုံတွင် အနက်ကွက်သည် အဖြူကွက်ထက် အနည်းငယ် မြင့်တက်လျက်
ရှိသည်။ အကွက်လေးများပေါ် တွင် အပေါက်ကလေးတစ်ပေါက် ပါရှိပြီး စစ်တုရင်အရုပ်များအောက်
ခြေတွင်လည်း အချွန်လေးတစ်ခုပါရှိသည်။
ထိုအချွန်လေး များပါမှသာ မျက်မမြင်အားကစားသမားလေး များ အရုပ်ရွှေ့သောအခါ အရုပ်များ
လဲကျခြင်း မရှိစေရန်ဖြစ်သည်။ (၇)ကြိမ်မြောက်အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ
မျက်မမြင်စစ်တုရင်ပြိုင်ပွဲ မြန်မာနိုင်ငံမှ လူငယ်ကစားသမားအများစုဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး
ရွှေတံဆိပ်အများ အပြားဆွတ်ခူးကာ အိမ်ရှင်နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြသည်။
တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုနှင့် အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုရရှိ ခဲ့သောမနော်
ဟဲဖောထူးထွေးကစစ်တုရင်အားကစားကို အရမ်းဝါသနာပါလို့ ကြိုးစားလေ့ကျင့် ပြီး ပြိုင်ပွဲဝင်ခဲ့ခြင်း
ဖြစ်ကြောင်း ပြောသည်။
"ကျွန်မက စစ်တုရင်ကို အသက် ၁၅ နှစ်လောက်ကတည်းက စကစားတာ အခုဆို နှစ်နှစ် လောက်
တော့ရှိပါပြီ။ ပြည်တွင်း မျက်မမြင် စစ်တုရင်ပြိုင်ပွဲတွေမှာ စတင်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွှေတံဆိပ်
နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့ပါတယ်။ စစ်တုရင်အားကစားကို အရင် ကတည်းက စိတ်ပါ၀င်စားခဲ့
တာပါ။ နောက် တော့ ပြိုင်ပွဲရှိတယ်ဆိုတာသိရပြီး သင်ကြားခွင့် ရခဲ့တဲ့အတွက် အရမ်းဝမ်းသာခဲ့မိပါ
တယ်။အခု လို နိုင်ငံတကာပြိုင်ပွဲမျိုးမှာ ရွှေတံဆိပ်ဆုရရှိ တော့ ပြောမပြတတ်အောင်ပဲ ၀မ်းသာမိပါ
တယ်" ဟု မနော်ဟဲဖောထူးထွေးက မြန်မာတိုင်း(မ်) ကို ပြောသည်။
"စစ်တုရင်ကို စတင်လေ့ကျင့်တုန်းက ပညာ ရေးတစ်ဖက်နဲ့ဆိုတော့ စစ်တုရင်အားကစားအတွက်
လေ့ကျင့်ချိန် သိပ်မပေးနိုင်တော့ အချိန်အခက်အခဲတော့ရှိပါတယ်။ အာဆီယံပါရာဂိမ်း နီးလာတော့
စစ်တုရင်ကို ပိုအချိန် ပေးပြီး လေ့ကျင့်ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ဆရာကလည်း သေချာကောင်းမွန်စွာ
သင်ပေးပါတယ်။ ဆရာက စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတဲ့အတွက် အဆင်ပြေပါတယ်။ ဆရာက
ကျွန်မ ကို ကိုယ့်ရဲ့ပြိုင်ဘက်အပေါ်မှာ အထင်လည်း မသေးရဘူး။ အထင်လည်း မကြီးရဘူးလို့
အမြဲတမ်း မှာပါတယ်။ဆရာပြောထားတဲ့စကားကို သေချာနားထောင်ခဲ့ပြီး ပြိုင်ဘက်တွေကို
ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပါတယ်"ဟု ပြောသည်။
"ကျွန်မတို့ကို မြောက်ဒဂုံမှာ စခန်းသွင်း လေ့ကျင့်ပေးတုန်းက ကျွန်မတို့ရဲ့ အရည် အသွေးတွေ
သိသိသာသာ တိုးတက်လာပါတယ်။ နောက်ပြီး စခန်းသွင်းလေ့ကျင့်နေတဲ့ကာလအတွင်းမှာ
ဘဝတူကစားသမားတွေ ဆီက သူတို့ရဲ့အားသာချက်၊ အားနည်းချက်တွေ ကို လေ့လာသင်
ယူခွင့်ရခဲ့ပါတယ်"ဟု စခန်း သွင်းလေ့ကျင့်နေစဉ်ကာလအတွင်းအတွေ့ အကြံုတွေကို ပြောပြ
ခဲ့သည်။
ပြီးခဲ့တဲ့ (၇)ကြိမ်မြောက်အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲမှာ ပထမဆုံး အတွေ့
အကြံုအဖြစ်ပါ၀င်ခဲ့ပြီး ဆုတံဆိပ်တွေ ရရှိခဲ့တဲ့မအေးခင်ကလည်း "ကျွန်မက စစ်တုရင်ကို အသက်
၁၄ နှစ်မှာ စတင်ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပါရာဂိမ်းက ကျွန်မရဲ့ပထမဆုံး ပြိုင်ပွဲ အတွေ့အကြံုပါ။
ပြိုင်ပွဲက ပထမဆုံး အတွေ့ အကြံုဆိုတော့ ကြောက်စိတ်နည်းနည်းတော့ ဖြစ်မိပါတယ်။
နောက်တော့ ပြိုင်နေရင်းနဲ့ ကြောက်စိတ်ပျောက်သွားခဲ့ပါတယ်"ဟု သူ့ရဲ့ပြိုင်ပွဲဝင် အတွေ့အကြံု
တွေကို ပြောသည်။သူ့ရဲ့ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်ပေမယ့် မအေးခင်ဟာ အနှေးအသင်း
လိုက်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုနှင့် တစ်ဦးချင်းအနှေးရွှေ့ပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခု ရယူနိုင်ခဲ့
ပါတယ်။ "ကျွန်မက စိတ်မြန်တဲ့အတွက် ဆရာက အမြဲသတိပေးပါတယ်။ စစ်တုရင်အားကစား
က စိတ်မြန်လို့ မရဘူး။ စိတ်အေးအေးထားပြီး ပြိုင်ဘက်ကို ယှဉ်ပြိုင်ဖို့ မှာကြားထားခဲ့ပါတယ်။
ဆရာ့စကားကို နားထောင်ခဲ့လို့ အခုလို ဆု တံဆိပ်တွေရရှိခဲ့တာပါ။ ပြိုင်ပွဲမှာ ဗီယက်နမ်နဲ့
ထိုင်းနိုင်ငံက ကစားသမားတွေနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပါတယ်။ သူတို့က ဟိုအရင်ကတည်းက
ကစားခဲ့တဲ့ ကစားသမားတွေဆိုတော့ ကျွန်မထက် ပြိုင်ပွဲအတွေ့အကြံုများပါတယ်။နောက်နှစ်
တွေမှာတော့ သူတို့တွေကို ကျော်ဖြတ် ပြီး ဆုတံဆိပ်တွေရမယ်လို့ မျှော်လင့်ပါတယ်"ဟု
ပြောသည်။
"ကျွန်မက အရင်ကတည်းက စစ်တုရင် အားကစားနည်းကို စိတ်ဝင်စားတယ်။ ကျွန်မ အစ်ကို
ကလည်း စစ်တုရင်အားကစားသမားတစ်ဦးဆိုတော့လေ။ သူက ကျွန်မကိုလည်း ပြိုင်ပွဲမှာ
၀င်ပြိုင်ဖို့အတွက် တိုက်တွန်းတယ်လေ။ နောက်ထပ် ရွှေတံဆိပ်တွေ ထပ်လိုချင်တဲ့ အတွက်
ဆက်လက်ကြိုးစားသွားပါမယ်။ဘဝမှာ ပညာရေးကို ပထမဦးစားပေးပြီး ဒုတိယကတော့
စစ်တုရင်အားကစားပါပဲ။ နောက်ထပ် ရွှေ တံဆိပ်တွေထပ်ယူပြီး ကိုယ့်နိုင်ငံအတွက် ကိုယ့်
ကျောင်းအတွက် ဂုဏ်ဆောင်သူ တစ်ယောက်ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစားသွား
ပါမယ်"ဟု သူမရဲ့ ခံယူချက်ကို ပြောပြသည်။
စစ်တုရင်အားကစားကို အသက် ၁၄ နှစ်ကတည်းက စတင်ကစားခဲ့တဲ့ မရန်ပုက "ဒီလိုအရှေ့
တောင်အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပပေးတာအလွန်ကောင်း
မွန်ပါတယ်။ မသန်စွမ်းတဲ့ သူတွေ ဘာလုပ်နိုင်လဲဆိုတာကို ချပြနိုင်တဲ့အတွက် ၀မ်းသာမိပါတယ်"
လို့ မြန်မာတိုင်း(မ်) ကိုပြောသည်။
မရန်ပုက ပြည်တွင်းပြိုင်ပွဲတွေမှာ ကြေးတံဆိပ် တစ်ခုနှင့်ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ
က မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ သောပြိုင်ပွဲမှာ အသင်းလိုက် ငွေတံဆိပ်တစ်ခုနှင့်
တစ်ယောက်ချင်းပြိုင်ပွဲမှာ ငွေတံဆိပ် တစ်ခုရရှိခဲ့ကြောင်း သိရသည်။
"ကျွန်မ စစ်တုရင်ကို စတင်ကစားတော့ အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ပြိုင်ပွဲတွေမှာ စတင်ဝင်ပြိုင်တုန်းကတော့ ကြောက်စိတ်နည်းနည်းတော့ရှိပါတယ်။ ပြိုင်ပွဲ တွေ ၀င်ပြိုင်တာများ
လာတော့လည်း အဆင်ပြေ သွားပါတယ်။ နောက်ထပ် ဒီလိုနိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖို့
အခွင့်အရေးရမယ်ဆိုရင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားပါမယ်။ ဆရာကလည်း သေချာသင်
ကြားပေးပါ တယ်။ ဆရာက စစ်တုရင်ကစားရင် ဉာဏ်ရည် ထက်မြက်ကြောင်း၊ ပြိုင်ဘက်ကိုမ
ကြောက်ဖို့ကို အမြဲတမ်း မှာထားပါတယ်။ အရင်ထက်စာရင် ကိုယ့်ကိုယ်ကိုယ်သတိထားတတ်
လာပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနိုင်ငံတကာပြိုင်ပွဲ မျိုးမှာ ဆုတံဆိပ်ရရှိတဲ့အတွက် အရမ်းဝမ်း
သာပါတယ်"ဟု ပြောသည်။
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလက မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ သည့် (၇)ကြိမ်
မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစား နည်း (၁၂)မျိုးကို ထည့်
သွင်းကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၄ ခု၊ ငွေ တံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၆ ခု
တို့ကို ဆွတ်ခူး နိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှုတွင် အဆင့်(၅)ရရှိခဲ့သည်။















