သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည့် ကမ္ဘောဇနှင့် ရန်ကုန်

သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည့် ကမ္ဘောဇနှင့် ရန်ကုန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သော မြန်မာနေရှင်နယ်လိဂ် ၂၀၁၄ ပြိုင်ပွဲ၏
ပွဲစဉ်(၂)ပွဲစဉ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ
အားကစားကွင်း၊ အောင်ဆန်းအားကစားကွင်း နှင့် တောင်ကြီးမြို့ရှိ ကမ္ဘောဇကွင်းတို့တွင်
ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၂)၏ အသင်း ကြီးနှစ်သင်းတွေ့ဆုံမှုအဖြစ် တောင်ကြီးမြို့တွင် ကမ္ဘော
ဇအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေ
ရလဒ်သာထွက်ပေါ်ခဲ့သည်။ ကမ္ဘောဇအသင်းသည် သိန်းသန်းဝင်း၊ စိုးမင်းဦး၊ ဂျူနီယာ၊ ဟန်ဆန်၊
ဇစ်ကိုဗစ် အစရှိသော အမာခံ ကစားသမားများနှင့် လက်ရှိချန်ပီယံရန်ကုန် အသင်းကိုရင်ဆိုင်ခဲ့ပြီး
ရန်ကုန်ယူနိုက်တက်အသင်းကလည်း ရန်အောင်ကျော်၊ ဒေးဗစ်ဒန်း၊ ခင်မောင်လွင် အစရှိသော
ကစားသမားများနှင့် နိုင်ငံခြားသားကစားသမားများကို တွဲဖက် အသုံးပြုခဲ့သည်။

အိမ်ရှင်ကမ္ဘောဇအသင်း အတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၆၀ တွင် တိုက်စစ်မှူးဇစ်ကိုဗစ်က
သွင်းယူပေးခဲ့ခြင်းဖြစ် ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၉ မိနစ်တွင် အီမာဆင်က
ခေါင်းတိုက်သွင်းယူ ပေးခဲ့သည်။ ကမ္ဘောဇအသင်းသည် ယခုနှစ် ရာသီတွင် အသစ်ခေါ်ယူထား
သော နိုင်ငံခြား သား ကစားသမားများ အထူးခြေစွမ်းပြသ လျက်ရှိပြီး အသင်းကို ရလဒ်ကောင်း
များ ရရှိ အောင် စွမ်းဆောင်ပေးလျက်ရှိသည်။

ရန်ကုန် ယူနိုက်တက်အသင်း၏ အဓိကကစားသမား ကြည်လင်း ဒဏ်ရာရရှိနေသလို အသင်းမှ
အမာခံကစားသမားများမှာလည်း မနှစ်က ချန်ပီယံခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခြင်း မရှိသေး
ပေ။

"ဒီထက် ရလဒ်ကောင်းဖို့ ကျွန်တော်တို့ မျှော်မှန်းထားတာပါ။ ဒါပေမဲ့ သရေဆိုတဲ့ရလဒ်က နှစ်သင်း
စလုံးအတွက် သင့်တင့်တဲ့ရလဒ်တစ်ခုပါ။ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးကို ဘယ်အမှားတွေကြောင့်
ဆိုတာ ဗီဒီယိုပြန်ကြည့် ပြီး လိုအပ်တဲ့အချက်တွေကို နောက်ပွဲစဉ်တွေ အတွက် ကြိုတင်ပြင်ဆင်
သွားပါမယ်"ဟု ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြအဲရစ် က ပြောသည်။

အခြားပွဲစဉ်များတွင် ရတနာပုံအသင်းက ဧရာဝတီအသင်းကို ပွဲချိန် ၂၄ မိနစ်တွင် ရရှိခဲ့သော ပင်
နယ်တီဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့
သော မကွေးအသင်းနှင့် ဇေယျာရွှေမြေအသင်းတို့၏ ပွဲစဉ်တွင် ဇေယျာ ရွှေမြေက တစ်ဂိုး-ဂိုး
မရှိဖြင့် အနိုင်ရရှိခဲ့သည်။

တန်းတက်အသင်းနှစ်သင်း တွေ့ဆုံမှုတွင် ချင်းယူနိုက်တက်အသင်းက ွင်္ဗ အသင်းကို တစ်ဂိုး-ဂိုး
မရှိဖြင့် အနိုင်ရရှိခဲ့သလို မနောမြေ အသင်းကလည်း ဆောက်သမ်းမြန်မာအသင်းကို နှစ်ဂိုး-ဂိုး
မရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂)၏ နောက်ဆုံးပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အောင်
ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော နေပြည် တော်အသင်းနှင့် ဇွဲကပင်အသင်းတို့၏ ပွဲစဉ်တွင်
နေပြည်တော်အသင်းက နှစ်ဂိုးဪဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၄ ပြိုင်ပွဲ၏ ပွဲစဉ်(၃)ပွဲစဉ်များကို လာမည့်ဖေဖော်ဝါရီလ ၁၅၊ ၁၆ ရက်
နေ့များတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ ပွဲစဉ်(၃) တွင် ရန်ကုန် ယူနိုက်တက်အသင်း
နှင့် ဇေယျာရွှေမြေအသင်း၊ နေပြည်တော်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ဇွဲကပင်အသင်းနှင့်
ရတနာပုံအသင်း၊ ဆောက်သမ်းမြန်မာအသင်းနှင့် GFA အသင်း၊ ဧရာဝတီအသင်းနှင့် ကမ္ဘောဇ
အသင်း၊ မနောမြေအသင်းနှင့် မကွေးအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး