ပရီမီယာလိဂ်ရဲ့ ထိပ်ဆုံးလေးသင်း ပန်းအဝင်က ဒီအတိုင်းပဲရှိမှာလား

ပရီမီယာလိဂ်ရဲ့ ထိပ်ဆုံးလေးသင်း ပန်းအဝင်က ဒီအတိုင်းပဲရှိမှာလား

ပြီးခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၂၅)မှာ တန်းစီဇယား ထိပ်ပိုင်းက အသင်းတွေ ထိပ်တိုက်တွေ့ကြ
တာများတဲ့အတွက် ဘာတွေများ အပြောင်း အလဲဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်း ခဲ့ပါ
တယ်။

အာဆင်နယ်နဲ့ လီဗာပူး ထိပ်တိုက် တွေ့တဲ့ပွဲမှာတော့ လီဗာပူးက အာဆင်နယ် ကို ဂိုးပြတ်သွင်း
ပြီး ဇယားဒုတိယနေရာပို့ပစ် ခဲ့တယ်။ ချယ်လ်ဆီးကတော့ နယူးကာဆယ်ကို သုံးဂိုးပြတ်သွင်းပြီး
ဇယားထိပ်ကို ရောက် လာခဲ့တယ်။ အဲဒီကြားမှာ ပရီမီယာလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အင်အား
ကို ပိုင်ဆိုင် ထားပါတယ်ဆိုတဲ့ မန်စီးတီးကလည်း တန်းဆင်း ဇုန်နဲ့ နှစ်မှတ်ပဲကွာတဲ့ နော်ဝစ်ချ်ကို
ဂိုးမသွင်း နိုင်ဘူး။ တော့တင်ဟမ်ကတော့ အဲဗာတန်ကို အဒီဘာယောရဲ့ တစ်လုံးတည်းသောဂိုးနဲ့
အဆင့်(၅)နေရာ ဆက်ထိန်းနိုင်ခဲ့တယ်။

ဇယား အောက်ဆုံးက ဖူလ်ဟမ်ကိုတောင် အိမ်ကွင်းမှာ အနိုင်မကစားနိုင်တဲ့ မန်ယူကိုတော့
ရာဇဝင် ထဲက ပြတိုက်မှာ ခဏလောက်ထားကြည့်လိုက် တာပေါ့။ ထိပ်ဆုံးလေးသင်းရဲ့ အမှတ်
ကွာဟချက်က ခြောက်မှတ်သာရှိတာမို့ ဘာတွေဖြစ်လာနိုင် မလဲ၊ ပန်းအဝင်မှာ ဒီအတိုင်းပဲရှိမှာ
လား ဆိုတာက စိတ်ဝင်စားစရာကောင်းမနေပေ ဘူးလား။

တစ်ကျော့ပြန်မော်ရင်ညိုရဲ့ ချယ်လ်ဆီး
ပေါ်တူဂီသားနည်းပြကြီးရဲ့ ချယ်လ်ဆီးဟာ အိမ်ကွင်းရှုံးပွဲလုံးဝမရှိဘဲ ဇယားထိပ်ကို ရောက် နေပေ
မယ့် နံပါတ်(၄)နေရာက လီဗာပူးလောက် တောင် တိုက်စစ်မထက်မြက်တာ တွေ့ရပါ တယ်။

ချယ်လ်ဆီးဟာ ပရီမီယာလိဂ်မှာ စတုတ်စီးတီးကို ရှုံး၊ ကက်ပီတယ်ဝမ်း ဖလားမှာ ဆန်းဒါးလန်း
ကိုရှုံး အပြီး ၁၁ ပွဲဆက်တိုက် မရှုံးအောင် ကစားထား နိုင်တဲ့ အသင်းတစ်သင်း ဆိုတာတော့ တွေ့
ရပါ တယ်။ သူတို့ရဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေ မှာ အရေးပါတဲ့ ပွဲစဉ်တွေအဖြစ် သတ်မှတ်ရရင် အဲဗာ
တန် (အိမ်)၊ ဖူလ်ဟမ်(အဝေး)၊ တော့တင် ဟမ်(အိမ်)၊ အာဆင်နယ်(အိမ်)၊ ဆွမ်ဆီး(အဝေး)၊
လီဗာပူး (အဝေး)နဲ့ ကာဒစ်ဖ် (အဝေး)တို့ဟာ ချယ်လ်ဆီးကို အမှတ်လျော့ သွားစေနိုင်တဲ့ပွဲတွေ
အဖြစ် ရှုမြင်သုံးသပ်ရ ပါတယ်။

အထူးသဖြင့် ချယ်လ်ဆီးနည်းပြ မော်ရင် ညိုရဲ့ ကစားကွက်၊ နည်းဗျူဟာနဲ့ စိတ်ဓာတ် စစ်ဆင်ရေး
တွေကို ကျွန်တော်တို့ အလေး အနက် တွက်ချက်သုံးသပ်နိုင်မှသာ ချယ်လ်ဆီး ရဲ့ ပကတိအနေ
အထားကို ရှုမြင်သုံးသပ်နိုင်ပါ လိမ့်မယ်။ မော်ရင်ညိုရဲ့ ကစားပုံဗျူဟာ ဟာ ကမ္ဘာ့လူငယ်အကောင်း
ဆုံးကစားသမားလို့ ချီးကျူးပြောဆိုလိုက်တဲ့ ဟာဇက်အပေါ်မှာ မူတည်နေတယ်လို့ တွက်ချက်နိုင်
ပါတယ်။ အခုအချိန်ထိ ချယ်လ်ဆီးဗိုလ်စွဲတဲ့ဘက်ကနေ အလောင်းအစားမလုပ်နိုင်ဘူးလို့ ပြောနေ
တဲ့ မော်ရင်ညိုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ မာရသွန်ခရီးရှည်ကြီးကို ပြီးတဲ့အထိ အရာရောက်
အသုံးဝင်ပါလိမ့်မယ်။

ဖေဖော်ဝါရီကပ်ဆိုးစသင့်တဲ့ အာဆင်နယ် အာဆင်နယ်ဟာ ဖေဖော်ဝါရီကိုရောက်တိုင်း
ကပ်ဆိုးကြံုရမှုတွေနဲ့ ရင်ဆိုင်နေရလေ့ရှိပါ တယ်။

အခုလည်း လီဗာပူးနဲ့ပွဲမှာ ၅-၁ ဂိုးရလဒ်နဲ့ လှလှပပ ရှုံးပြလိုက်ပါပြီ။ အာဆင်နယ်အတွက် ပွဲကျပ်
ကာလတွေကလည်း အစဉ်အလာ ဒုက္ခပေးတတ်လေ့ရှိပါတယ်။ ကြားရက်မှာ မန်ယူကိုဧည့်ခံခဲ့ပြီး
လာမယ့်တနင်္ဂနွေမှာ လီဗာပူးနဲ့ အက်ဖ်အေဖလား ပ ဉ္စမအဆင့် ကစားဖို့ရှိနေပါတယ်။ အဲဒါပြီးရင်
ဘိုင်ယန် မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကစား ရဦးမှာမို့ အာဆင်နယ် ပွဲမပန်းခံနိုင်ရော့လား။
ကံကြမ္မာက မျက်နှာသာမပေးတဲ့ အာဆင်နယ် ဖြစ်နေရပြီပေါ့။ အာဆင်နယ်ခံစစ် ပြီးဆုံးအောင်
ရှင်းမထုတ်နိုင်တာတွေ၊ ဆက်ဂ်နာ၊မာတီ ဆက်ကာ၊ ကိုစီရယ်နီတို့ရဲ့ ခံစစ်ပိုင်းကို အာစင်ဝင်းဂါး
အချိန်မီပြုပြင်နိုင်ပါ့မလား ဆိုတာကအာဆင်နယ်အတွက် အဖြေဖြစ်နေ တယ်လို့ ထင်ပါတယ်။
အာဆင်နယ်အတွက် အရေးပါတဲ့ ပွဲကျန် တွေကတော့ မတ်လထဲမှာ စလာနိုင်ပါတယ်။

တော့တင်ဟမ်(အဝေး)၊ ချယ်လ်ဆီး(အဝေး)၊ မန်စီးတီး(အိမ်)၊ အဲဗာတန်(အဝေး)၊ ၀က်စ်ဟမ်း
(အိမ်) ဒီပွဲတွေက ဆက်တိုက်ကစားရမှာဖြစ်ပါ တယ်။ ဒါကြောင့် အာဆင်နယ်ခြေချော်သွား နိုင်
တယ်လို့ ယူဆရမှာပေါ့။ အဲဒီငါးပွဲမှာ အာဆင်နယ် အမှတ်ပြည့်သာ စွမ်းဆောင်နိုင် ခဲ့မယ်ဆိုရင်
တော့ အာစင်ဝင်းဂါးဟာ တကယ့် ဗိသုကာချန်ပီယံပါပဲ။ အဲဒီနောက် ခက်ခဲနိုင်တဲ့ ပွဲတွေကတော့
နယူးကာဆယ်(အိမ်)နဲ့ နောက် ဆုံးပွဲ နော်ဝစ်ချ်(အဝေး)တို့ဖြစ်ပါတယ်။

အာစင်ဝင််းဂါးဟာ ၀ါရင့်နည်းပြတစ်ဦးဖြစ် ပြီး တည်ငြိမ်ရင့်ကျက်တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါ
တယ်။ ဒါပေမဲ့ သူ့အသင်းသားတွေဟာ ၀က်စ်ဘရွန်းကို ၁-၁၊ မန်ယူကို ၁-၀၊ မန်စီးတီး
ကို ၆-၃၊ အခု လီဗာပူးကို ၅-၁ ဆိုတဲ့ရလဒ် တွေကြောင့် အဝေးကွင်းခြေစွမ်းတွေကို အချိန်မီ
ပြန်လည်သုံးသပ်ဖို့ လိုနေပါတယ်။


ဘာမဆိုဖြစ်သွားနိုင်တဲ့ မန်စီးတီး
အဂူရို၊ နာဆရီနဲ့ ဖာနန် ဒင်ညို လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာ၊ ယာယာ တိုရေး အက်ဖ်အေရဲ့
အရေးယူမှုကနေ လွတ် မြောက်လာတာတွေက ပယ်လီဂရီနီအတွက် သတင်းကောင်းတွေ ပါပဲ။
မန်စီးတီးဟာ အဲဒီကစားသမား ကောင်းတွေ လက် လွှတ် ဆုံးရှုံးခံခဲ့ရ စဉ်က ချယ်လ် ဆီးကိုရှုံးပြီး
နော်ဝစ်ချ်ကိုတောင် သရေပဲ ကစားနိုင် ခဲ့ပါတယ်။

အဓိက အချက်က တော့ ပယ်လီ ဂရီနီကိုယ်တိုင် အဂူရိုကို တမ်းတနေရ တဲ့အဖြစ်ပါပဲ။ ဒါပေမဲ့
မန်စီးတီးတိုက်စစ်ဟာ ပရီမီ ယာလိဂ်မှာ အကောင်းဆုံး ဖြစ်ပြီး ၆၈ ဂိုးသွင်းယူထားနိုင် ပါတယ်။
ဂိုးကွာခြားချက် ၄၁ ဂိုးတောင် ရှိနေတဲ့ မန်စီးတီးဟာဝါရင့်နည်းပြ ပယ်လီဂရီနီရဲ့ အောက်မှာ
ဘာမဆိုဖြစ်သွားနိုင် တယ်လို့ ကျွန်တော်တို့ ယုံကြည်ထား ဖို့တော့လိုပါတယ်။ မန်စီးတီး နောက်
ထပ်ရင်ဆိုင်ရ မယ့်ပွဲတွေကတော့ အခုလာမယ့် စနေမှာ အက်ဖ်အေဖလား ချယ်လ်ဆီး (အိမ်)၊
အဲဒါပြီးရင် ဘာစီလိုနာ(အိမ်)နဲ့ ချန်ပီယံလိဂ်ပွဲ ပွဲပန်းနိုင်တဲ့ အနေအထား မှာတော့ ရှိနေပါတယ်။

မန်စီးတီးဟာ အဝေး ကွင်းရလဒ်တွေကို ဂရုပြုရမှာဖြစ်ပြီး မတ်လ ထဲမှာ ဟားလ်စီးတီး(အဝေး)၊
မန်ယူ(အဝေး)၊ အာဆင်နယ်(အဝေး)၊ လီဗာပူး(အဝေး)၊ အဲဗာတန်(အဝေး) ပွဲစဉ်တွေဟာ မန်စီး
တီး အမှတ်လျော့နိုင်တဲ့ပွဲတွေဖြစ်တယ်လို့ သုံးသပ် မိပါတယ်။ မန်ယူကို အဆိပ်မရှိဘူးလို့ သဘော
ထားရင်တောင်မှ ဟားလ်စီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ အဲဗာတန်တို့က မန်စီးတီးကို ကောင်း
ကောင်းဒုက္ခပေးသွားနိုင်ပါတယ်။

ဒါပေမဲ့ ချန်ပီယံလောင်းစာရင်းထဲမှာတော့ မန်စီးတီးကို အခုလက်ရှိအရတော့ ထည့်တွက်ထားရမှာ
ဖြစ်ပါတယ်။

ဘရန်ဒန်ရော်ဂျာနဲ့ ကြိုးကြာနီတစ်သိုက်
လီဗာပူးဟာ မန်စီးတီးပြီးရင် ပရီမီယာလိဂ်မှာ ဒုတိယအားအကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်
ထားပါတယ်။ ဆွာရက်ဇ်နဲ့ စတားရစ်ချ်အတွဲဟာ ၃၈ ဂိုးသွင်းပေးထားနိုင်ပါတယ်။

ဘရန်ဒန် ရော်ဂျာရဲ့ ထောင်ပြီးကစားတဲ့အကွက်မှာ စတာလင်က မြက်လျှောမြွေတစ်ကောင်လို
ဖြစ်နေတယ်။ ဘရန်ဒန်ရော်ဂျာက စိတ်ဓာတ် စစ်ဆင်ရေး သိပ်မလုပ်တတ်ပေမယ့် ဂျရတ်၊ ကော်
တင်ဟို၊ ဟန်ဒါဆန်၊ ဆွာရက်ဇ်၊ စတား ရစ်ချ်၊ စတာလင်တို့က လိုသလိုသုံးလို့ရနေတာ က
သတိပြုစရာပါပဲ။ လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့အသင်းကြီးတွေနဲ့ ရလဒ်ကိုပြန်ကြည့်ရင် မန်ယူကို
၁-၀၊ နယူး ကာဆယ်ကို ၂-၂၊ အာဆင်နယ်ကို ၂-၀ အရှုံး၊ အဲဗာတန်ကို ၃-၃ သရေ၊ တော့တင်
ဟမ်ကို ၀-၅ အနိုင်၊ မန်စီးတီးကို ၂-၁ အရှုံး၊ ချယ်လ်ဆီး ကို ၂-၁ အရှုံး၊ အဲဗာတန်ကို ဒုတိယ
အကျော့ အိမ်ကွင်းမှာ လေးဂိုးပြတ်အနိုင်နဲ့ အာဆင်နယ် ကို အိမ်ကွင်းမှာ ၅-၁ အနိုင်ဆိုတော့
ဘရန်ဒန် ရော်ဂျာဟာ အိမ်ကွင်းရလဒ်တွေကို အားကိုး တယ်ဆိုတာ သိသာတယ်။ သူ့မှာ ဖိအား
မရှိတာတစ်ချက်က ချန်ပီယံလိဂ် မကစားရတာ တစ်ချက်ပဲ။

ဒါကြောင့် ထိပ်ဆုံး သုံးသင်းထက် သူကပိုပြီး လတ်ဆတ်နေနိုင် တယ်။ လီဗာပူးသတိထားရမယ့်
ပွဲတွေကတော့ ဖူလ်ဟမ်း(အဝေး)၊ ဆောက်သမ်တန်(အဝေး)၊ မန်ယူ(အဝေး)၊ ကာဒစ်ဖ်(အဝေး)၊
တော့တင် ဟမ်(အိမ်)၊ မန်စီးတီး(အိမ်)၊ ချယ်လ်ဆီး(အိမ်)၊ ခရစ္စတယ်ပဲလေ့စ်(အဝေး)နဲ့ နယူး
ကာဆယ် (အိမ်)တို့ပဲဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ နံပါတ်(၄)နေရာကို ထိန်းချုပ်ဖို့ အရေးကြီးနေ
ပြီး တစ်ခုလုံးခြံုငုံသုံးသပ်ရရင်တော့ ပရီမီယာ လိဂ်အတွက် ရင်ခုန်သံတွေဟာ ပွဲစဉ်(၃၈)ရဲ့
နောက်ဆုံးခရာမှုတ်တဲ့အထိ တင်ကျန်ပြီး အရသာရှိနေလိမ့်မယ်၊ ခန့်မှန်းရခက်နေလိမ့် မယ်လို့
ဆိုလိုက်ချင်ပါရဲ့။

နယူးကာဆယ်ကို အနိုင်ရရှိသောပွဲတွင် ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်(လယ်) ဂိုးသွင်းယူပြီး အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ



ဖတ်ရှုမှုအများဆုံး