ပက်ဘယ်လ်ဘိချ် - ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သော
Pebble Beach Pro-Am ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝေါလ်ကာက အဓိက ပြိုင်ဘက်များနှင့်
တစ်ချက်လျော့ရိုက်ကာ အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ဝေါလ်ကာသည် နောက်ဆုံးနေ့ပွဲစဉ်တွင်
သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်ပိုရိုက်ပြီး ရ၄ ချက်ရိုက်ခဲ့သော်လည်း စုစုပေါင်း ရိုက်ချက်
၁၁ ချက်လျော့ဖြင့် ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်သည်။
ဝေါလ်ကာသည် တတိယနေ့ပွဲစဉ်အထိ ခြောက်ချက်လျော့ရိုက်ကာ ပွဲကိုဦးဆောင်နိုင် ခဲ့သည်။
သို့သော် နောက်ဆုံးနေ့ပွဲစဉ်တွင် အမှားများခဲ့သောကြောင့် တစ်ချက်လျော့ အသာဖြင့်သာဗိုလ်
စွဲခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲတွင် ဝေါလ်ကာက စုစုပေါင်းရိုက် ချက် ၂၇၆ ချက်ဖြင့် ပထမ၊ ယခုပြိုင်
ပွဲကို နှစ်ကြိမ်ဗိုလ်စွဲထားဖူးသည့် ဂျွန်ဆင်နှင့် ရန်နာတို့က ၂၇၇ ချက်ဖြင့် ဒုတိယနေရာ၌ အသီးသီး
ရပ်တည်နိုင်ခဲ့သည်။
ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ ခြင်းသည် ဝေါလ်ကာအတွက် ယခုနှစ်အတွင်း ကျင်းပသည့် ယူအက်စ်ပီဂျီ
အေတိုးပြိုင်ပွဲများ တွင် တတိယအကြိမ်မြောက်ဗိုလ်စွဲခြင်းလည်းဖြစ်သည်။
"အခုပြိုင်ပွဲမှာ ကျင်းအမှတ် ၁၇ ကိုရိုက်ရ တာ အခက်ဆုံးပါပဲ။ အဲဒီကျင်းမှာတင် ကျွန်တော်ဟာ
အချက်တော်တော်များများ ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ကျင်းတွေမှာ အကောင်းဆုံး ရိုက်နိုင်
ခဲ့လို့ အခုလို ဗိုလ်စွဲနိုင် ခဲ့တာပါ။ ကျွန်တော့်အတွက် ကံကောင်းတယ် လို့ပဲ ဆိုရမှာပါ"ဟု ပြော
ကြားသွားသည်။
(အေအက်ဖ်ပီ)














