ထိပ်ပိုင်းအပြောင်းအလဲနဲ့ တန်းဆင်းဇုန်က ရုန်းကြွသံ

ထိပ်ပိုင်းအပြောင်းအလဲနဲ့ တန်းဆင်းဇုန်က ရုန်းကြွသံ

မိန့်ဇ် - ဟန်နိုဗာ
ပထမအကျော့ရလဒ် ဟန်နိုဗာ ၄-၁ မိန့်ဇ်

နှစ်သင်းစလုံး ပြီးခဲ့တဲ့တစ်ပတ်က ဂိုးမသွင်း နိုင်ဘဲ ပြိုင်ဘက်အသီးသီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ တာဖြစ်
ပါတယ်။ အဆင့်(၉)နေရာမှာ ရပ်တည် နေတဲ့ မိန့်ဇ်ဟာ အိမ်ကွင်း ၁၀ ပွဲမှာ ငါးပွဲအနိုင် ရထားပြီး
အဆင့်(၁၀)က ဟန်နိုဗာကတော့ အဝေးကွင်း ၁၀ ပွဲမှာ တစ်ပွဲသာနိုင်ထားပြီး တိုက်စစ်ကလည်း
အဝေးကွင်းပွဲစဉ်တွေမှာ တစ်ပွဲတစ်ဂိုးနှုန်းတောင် သွင်းဂိုးမရှိတဲ့အတွက် မိန့်ဇ်ဘက်က ပြတ်ပြတ်
သားသားရပ်တည်ရမှာ ဖြစ်ပါတယ်။

ဒေါ့မွန် - ဖရန့်ဖတ်
ပထမအကျော့ရလဒ်၊ ဖရန့်ဖတ် ၁-၂ ဒေါ့မွန်
ဒီနှစ်သင်းကတော့ လေးရက်အတွင်း နှစ်ကြိမ် ရင်ဆိုင်ရမယ့်အနေအထားပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူး နေ့က
DFP ပိုကယ်ဖလားကို ဖရန့်ဖတ်ကွင်းမှာ သွားကစားခဲ့ရပြီး အခုတစ်ခါ ဘွန်ဒက်စ်လီဂါ ပွဲစဉ်အဖြစ်
ဒေါ့မွန်ကွင်းမှာ ရင်ဆိုင်ရမှာမို့ ပွဲက တော့ လှနေပါတယ်။ အိမ်ကွင်းတိုက်စစ်ကောင်း မွန်တဲ့ ဒေါ့မွန်
တို့ အနိုင်ရဖို့ရှိပေမယ့်လည်း ဂိုးပြတ်နိုင်ဖို့တော့ မလွယ်ပါဘူး။

ဘိုင်ယန်မြူးနစ် - ဖရိုင်းဘတ်
ပထမအကျော့ရလဒ်၊ ဖရိုင်းဘတ် ၁-၁ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်ဟာ ကြားရက်မှာ ဟမ်းဘတ်နဲ့ DFP ပိုကယ်ဖလားကစားဖို့ ရှိနေတဲ့အတွက် ပွဲပန်း နိုင်တာ
ကို ထည့်တွက်ရပါမယ်။ ဘိုင်ယန် ရစ်သမ် အရမ်းမှန်လွန်းနေပါတယ်။ ၁၄ ပွဲ အကျန်မှာ ၁၃ မှတ်
ဖြတ်ထားနိုင်တဲ့ ဘိုင်ယန် အမှတ်ထပ်ဖြတ်ဖို့ တင်ကစားလာနိုင်ပါတယ်။ ဘိုင်ယန်ရဲ့ အိမ်ကွင်း
တိုက်စစ်ကြောင့် ဖရိုင်း ဘတ် အမှတ်ဗလာနဲ့ ပြန်သွားရမယ်လို့ ထင်ပါ တယ်။

၀ါဒါဘရီမင် - မွန်ချင်ဂလက်ဘတ်
ပထမအကျော့ရလဒ်၊ မွန်ချင် ၄-၁ ၀ါဒါဘရီမင်

၀ါဒါဘရီမင်ဟာ အဆင့်(၃)နေရာမှာရှိတဲ့ ဒေါ့မွန်ကို ပြီးခဲ့တဲ့တစ်ပတ်က အိမ်ကွင်းမှာ ဂိုးပြတ်
အရေးနိမ့်ခဲ့ပါတယ်။ အခုတစ်ခါ အဆင့် (၅)နေရာမှာ ရပ်တည်နေတဲ့ မွန်ချင်ကို ယှဉ်ပြိုင် ရမှာ
ဆိုတော့ နောက်ထပ်ပွဲကျပ်တစ်ပွဲ ကစား ရသလို ဖြစ်နေပါတယ်။ နှစ်သင်းစလုံးဟာ ရာသီပြန်
စကတည်းက နိုင်ပွဲကင်းမဲ့နေတာကို လည်း တွေ့ရပါတယ်။ ၀ါဒါဘရီမင်ရဲ့ အိမ်ကွင်း မှာ ဖြစ်
ပေမယ့် မွန်ချင် သရေခံကစားသွားနိုင် တာကို သတိပြုပါ။

ဟော့ဖန်ဟိမ်း - စတုဂတ်
ပထမအကျော့ရလဒ်၊စတုဂတ် ၆-၂ ဟော့ဖန်ဟိမ်း

စတုဂတ်က ပြဿနာမရှိပေမယ့် ဟော့ဖန် ဟိမ်းကတော့ ကြားရက်မှာ ၀ုဖ်ဘတ်နဲ့ DFP ပိုကယ်
ဖလား ကစားဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပွဲစဉ်အနေအထားအရ ဟော့ဖန် ဟိမ်းဟာ
တန်းဆင်းဇုန်နားက ဖရိုင်းဘတ်ကို အနိုင်မကစားနိုင်ခဲ့သလို စတုဂတ်ကလည်း အော့စ်ဘတ်ကို
ဂိုးပြတ်ရှုံးခဲ့တာမို့ သူတို့ဟာ အခုဆိုရင် ပွဲစဉ်(၂၀)ကစားပြီးချိန်မှာ ၁၉ မှတ် သာရပြီး တစ်ပွဲ
တစ်မှတ်နှုန်းတောင် မရပါဘူး။ ဟော့ဖန်ဟိမ်းကွင်းဖြစ်ပေမယ့် စတုဂတ်အခြေ အနေကို ပြောင်း
ပြန်လှန်ပစ်မယ်ထင်တယ်။

ဘရောက်ချ် - ဟမ်းဘတ်
ပထမအကျော့ရလဒ်၊ ဟမ်းဘတ် ၄-၀ ဘရောက်ချ်

တန်းဆင်းဇုန်ထဲမှာ အထက်/အောက် ရပ်တည်နေတဲ့အသင်းနှစ်သင်းဖြစ်လို့ တန်းဆင်း ဇုန်ရဲ့
ရုန်းကြွသံတွေကို ကြားရမှာဖြစ်ပါတယ်။ အိမ်ရှင် ဘရောက်ချ်ဟာ ရာသီဝက် ပြန်စ ကတည်းက
သုံးပွဲဆက်တိုက် နိုင်ပွဲမရသလို ဟမ်းဘတ်ရဲ့ အနေအထားကလည်း သုံးပွဲ ဆက်တိုက် ရှုံးထား
လေတော့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်သလိုဖြစ်နေပါတယ်။ ဟမ်းဘတ်ဟာ သုံးပွဲမှာ ကိုးဂိုးအသွင်း
ခံရပြီး တိုက်စစ်က တစ်ဂိုး မှ မသွင်းနိုင်ခဲ့ပါဘူး။ဘိုင်ယန်နဲ့ DFP ပိုကယ်ဖလား ကစားစရာ ရှိနေ
တဲ့ ဟမ်းဘတ်ကို ငြင်းပယ်ချင်ပါတယ်။

လေဗာကူဆင် - ရှော်လ်ကေး
ပထမအကျော့ရလဒ်၊ ရှော်လ်ကေး ၂-၀ လေဗာကူဆင်
ထိပ်ဆုံးလေးသင်းထဲက အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှာမို့ ပွဲကြီးပွဲကောင်းပါပဲ။ ဒါပေမဲ့
လေဗာကူဆင်ဟာ ကြားရက်မှာ ကိုင်ဇာ စလော့တန်နဲ့ ီင်္ဏ ပိုကယ်ဖလားကစားဖို့ရှိနေ တာ
ဂရုပြုရမှာဖြစ်ပါတယ်။ လေဗာကူဆင်ရဲ့ အိမ်ကွင်းရလဒ်တွေ ကောင်းမွန်ပြီး အိမ်ကွင်း ၁၀ ပွဲမှာ
ရှစ်ပွဲအနိုင်ရထားပါတယ်။ ရှော်လ်ကေး ဟာ အဝေးကွင်းရောက်ရင် ကစားအားကျသွား တတ်
ပါတယ်။ ဒါပေမဲ့ သုံးပွဲဆက်တိုက်နိုင်ထား တဲ့ ဟန်တယ်လာတို့နဲ့အတူ ကခုန်ကြည့်ချင် တယ်။

အော့စ်ဘတ် - နုရင်ဘတ်
ပထမအကျော့ရလဒ်၊ နုရင်ဘတ် ၀-၁ အော့စ်ဘတ်

အဆင့်က ထက်ဝက်လောက် ပြတ်ပါတယ်။ အော့စ်ဘတ်က အိမ်ကွင်းကိုးပွဲမှာ ၁၈ ဂိုးသွင်း
ထားလို့ တစ်ပွဲနှစ်ဂိုးနှုန်းသွင်းအားရှိပါတယ်။ တန်းဆင်းဇုန်က နုရင်ဘတ်ကတော့ အဝေးကွင်း
နိုင်ပွဲတစ်ပွဲသာရှိတဲ့အပြင် အဲဒါက အိမ်ကွင်း ခြေစွမ်းသိပ်မကောင်းတဲ့ ဟာသာဘာလင်ကို
နိုင်ခဲ့တာပါ။ အော့စ်ဘတ်ရဲ့ကွင်းမှာ နုရင်ဘတ် တို့ အယူခံဝင်ခွင့်မရှိပါဘူး။

ဟာသာဘာလင် - ၀ုဖ်ဘတ်
ပထမအကျော့ရလဒ်၊ ၀ုဖ်ဘတ် ၂-၀ ဟာသာဘာလင်

ဥရောပပြိုင်ပွဲဝင်ခွင့် တစ်နေရာအတွက် တိုက်ပွဲတွေပြင်းထန်နေဦးမယ့် ပွဲစဉ်တစ်ပွဲဖြစ် ပါတယ်။
၀ုဖ်ဘတ်အနေနဲ့ ကြားရက်မှာ ဟော့ ဖန်ဟိမ်းနဲ့ ီင်္ဏ ပိုကယ်ဖလား ကစားခဲ့ရလို့ ပွဲပန်းနေနိုင်
ပါတယ်။ ၀ုဖ်ဘတ်အနေနဲ့ အဝေး ကွင်း နှစ်ပွဲဆက်တိုက်ကစားရမှာမို့ ပွဲကျပ်ပါပဲ။ ဒါပေမဲ့ ၀ုဖ်ဘတ်
ရဲ့ ရုန်းကန်အားကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အိမ်ကွင်း ရလဒ်တွေ လက်ရှိမှာ ဆိုးဝါး
နေတဲ့ ဟာသာ ဘာလင် သရေလောက်ပဲရမယ်လို့ ထင်တယ်။ ၀ုဖ်ဘတ်ဘက်က နေရမယ့်ပွဲပါ။



ဖတ်ရှုမှုအများဆုံး