ဂီတာဖေး- ရီးယဲလ်မက်ဒရစ်
လာလီဂါကတော့ တစ်ပတ်နဲ့ တစ်ပတ်မရိုးရ အောင် ချန်ပီယံလမ်းကြောင်းမှာ အပြိုင်အဆိုင် တွေ
ပိုပိုပြီးဖြစ်လာနေတယ်။ ဘာစီလိုနာရှုံး၊ ရီးယဲလ်မက်ဒရစ်သရေကျပြီး အလက်တီကို အနိုင်ရခဲ့လို့
ထိပ်ဆုံးနေရာကို အလက်တီကိုက ၀င်ယူနိုင်ခဲ့တယ်။ လာလီဂါရဲ့ မဟာပြိုင်ဘက် အသင်းကြီးနှစ်
သင်းအတွက် အပြောင်းအလဲများဖြစ်လာတော့မလား၊ နှစ်ပေါင်း ၁၀ စုနှစ် အတွင်း ရီးယဲလ်၊
ဘာစီလိုနာမဟုတ်တဲ့အသင်း တစ်သင်း ချန်ပီယံဖြစ်လာတော့မလားဆိုတဲ့ အမြင်မျိုးတွေ ပေါ်လာ
တဲ့အထိ ဖြစ်လာခဲ့ပါ သေးတယ်။
ဒါပေမဲ့ အလက်တီကိုရဲ့ ထိပ်ဆုံးနေရာ ဦးဆောင်နိုင်မှုဟာ တစ်ပတ်ပဲကြာခဲ့ပါတယ်။ နောက်တစ်
ပတ် ပွဲစဉ်(၂၃)မှာတော့ အလက်တီကိုဟာ အဝေးကွင်းမှာမထင်မှတ်ဘဲ ဇယား အောက်ပိုင်းမှ
အယ်လ်မီရီယာကို ရှုံးနိမ့်သွားခဲ့ လို့ ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရတယ်။ အဲဒီပွဲကို သရေကျ
ခဲ့ရင်တောင် ထိပ်ဆုံးမှာ တစ်မှတ်အသာနဲ့ ဆက်ပြီးဦးဆောင်ခွင့်ရမှာဖြစ်ပေမယ့် အရှုံးနဲ့ရင်ဆိုင်
လိုက်ရတာက နောက်မှလိုက်နေတဲ့အသင်းတွေကို ရမှတ်တူအနေအထားမျိုးပေးလိုက်ရပြီး ဂိုး
ကွာခြားမှုနဲ့ ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရတာပါ။
ပြီးခဲ့တဲ့နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ နဲ့ အလက်
တီကို နှစ်သင်း တစ်ပတ်တစ်သင်းစီ အရှုံးနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ ရီးယဲလ်မက်ဒရစ်ကတော့ ခြေ
လှမ်းမှန်မှန်နဲ့နောက်မှ ဆက်ပြီး လိုက်လာနိုင်ခဲ့လို့ အခုဆိုရင် ထိပ်ဆုံးအသင်း တွေကြားထဲ ရမှတ်
တူအနေအထားနဲ့ ရပ်တည်နေနိုင်ပါပြီ။
ဒါကြောင့် ရလာတဲ့အခွင့်အရေးကို ရီးယဲလ်အနေနဲ့ အကောင်းဆုံးဆက်ပြီးအသုံးချ သွားနိုင်မလား
ဆိုတာ ဒီတစ်ပတ်ပွဲတွေမှာဆက်ပြီးစောင့်ကြည့်ရပါတော့မယ်။ ဒီတစ်ပတ် ရီးယဲလ်ရင်ဆိုင်ရမယ့်
ပြိုင်ဘက် အသင်းဟာ မြို့ခံပြိုင်ဘက်အသင်းငယ်လေး ဂီတာဖေးဖြစ်နေပြီး လက်ရှိဂီတာဖေးရဲ့
ခြေစွမ်း၊ အစဉ်အလာပိုင်းတွေအရ ရီးယဲလ်အတွက် ငယ်နိုင်အသင်းတစ်သင်းလို ဖြစ်နေတာတော့
အမှန်ပါပဲ။
ဒါပေမဲ့ တစ်ချက်သတိထားရမှာက ဂီတာဖေးရဲ့ နောက်ဆုံးခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်နေ
တဲ့အနေအထားပါပဲ။ ဒီအနေအထားဟာ အိမ်ရှင်ဂီတာဖေးအတွက် ရီးယဲလ်လိုအသင်းနဲ့ ရင်ဆိုင်
တဲ့အခါမှာ တတ်နိုင်သမျှ အကောင်းဆုံးတု့ံပြန်ကစားပြီး ပရိသတ်တွေဆီမှ စိတ်ကျေနပ်မှုမျိုးရ
အောင် ပြန်လုပ်လာ နိုင်လို့ပါပဲ။ ကစားရမှာကလည်း အိမ်ကွင်းမှာဖြစ်နေလို့ ဂီတာဖေးရဲ့ ရုန်းကန်
လာနိုင်မှုဟာ ရီးယဲလ်အတွက် အတားအဆီးတစ်ခုများ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါ
လိမ့်မယ်။
ရီးယဲလ်ကတော့ ဒီပွဲမတိုင်မီ ကြားထဲမှာ ကိုပါဒယ်ရေးပွဲအဖြစ် အလက်တီကိုနဲ့ အဝေးကွင်း မှာ
ကစားထားရပြီး အခုပွဲမှာလည်း ဂီတာဖေး ကို အဝေးကွင်းမှာပဲဆက်ပြီး ရင်ဆိုင်ရမယ့် အနေ
အထားမျိုးဖြစ်နေတယ်။
လက်ရှိအသင်း ကစားပုံမှာလည်း ခံစစ်ပိုင်းအနည်းငယ် ပြန်လျော့သွားပြီးတိုက်စစ်ကတော့
ရော်နာဒို မကစားနိုင်ပေမယ့် သိသာတဲ့အားလျော့မှုမျိုး တော့ မရှိသေးပါဘူး။
ရော်နာဒို မကစားနိုင်ချိန်မှာ ဘေးလ် ပြန်ကစားနိုင်တာဟာ ရီးယဲလ်တိုက်စစ်အတွက် ပုံမှန်
အနေအထားမျိုးမှာ ဆက်ရှိစေတဲ့အပြင် လူငယ်တိုက်စစ်မှူးလေး ဂျီဆီကလည်း အခု နောက်
ပိုင်းပွဲတွေမှာ ရီးယဲလ်အတွက် ပုံမှန် ဂိုးတွေသွင်းပေးနိုင်ပြီး အန်ဆယ်လော့တီ စိတ်ကြိုက်တွေ့
တဲ့ တိုက်စစ်သမားတစ်ယောက် အဖြစ် ခြေစွမ်းပြလာနေတာ တွေ့ရတယ်။
ဂျီဆီကို အန်ဆယ်လော့တီ စိတ်ကြိုက်တွေ့တဲ့ အချက်က တိုက်စစ်မှူးတစ်ဦးအဖြစ်သာမက
ဘယ်ညာတောင်ပံတွေမှာပါ အဆင်ပြေသလို လိုက်ကစားပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်
နေတဲ့အချက်ပါပဲ။ လူငယ်ပီပီ လျင်မြန်မှုရှိပြီး နေရာယူမှန်တတ်သလို ဂိုးသွင်းတိကျမှုလည်း
ရှိတဲ့ ဂျီဆီဟာ ရီးယဲလ်တိုက်စစ်အတွက် မျှော်လင့်ချက်ရောင်ခြည် အပြည့်ရှိနေတဲ့ ကစား
သမားတစ်ဦးလည်း ဖြစ်လာတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ကစားရမယ့်ပွဲမှာ ရီးယဲလ်ကို
စိတ်မချရတာက ဂိုးသွင်းနှုန်း ပုံမှန် မရဘဲဖြစ်ဖြစ်သွားတတ်တဲ့ အချက်ပါ။ နောက်ဆုံး ကစား
ထားတဲ့အဝေးကွင်းမှာ ဘီလ်ဘာအိုကိုလည်း ၁-၁ သရေသာ ကစားထားနိုင်တယ်။
ဘီလ်ဘာအိုနဲ့ပွဲမတိုင်မီ ကစားခဲ့တဲ့အဝေးကွင်း ပွဲတွေမှာတော့ ဘက်တစ်ကို ၅-၀၊ အက်စ် ပန်ညို
ကို ၁-၀၊ ဗလင်စီယာကို ၃-၂၊ အိုဆာဆူနာ နဲ့ ၂-၂ ကစားထားတာကိုကြည့်ရင် ရီးယဲလ်ရဲ့ အဝေး
ကွင်းရလဒ်တွေဟာ ဂိုးသွင်းနှုန်း အတက် အကျမမှန်သလို ခံစစ်ပိုင်းကလည်း စိတ်မချရ သေးဘူး
ဆိုတာ ပြနေပါတယ်။ နောက်ဆုံး အိမ်ကွင်း၊ အဝေးကွင်းနှစ်ပွဲဆက်ကို သုံးဂိုးပြန်ပေးထားရတဲ့
ရီးယဲလ်ရဲ့ခံစစ်ကြောင်းဟာ အဝေးကွင်းပွဲတွေဆို ပိုပြီးသတိထားစရာ လည်း ကောင်းနေတာ
အမှန်ပါပဲ။
ဂီတာဖေးကတော့ နောက်ဆုံးခြောက်ပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေသလို ကစားပုံက လည်း
သိသိသာသာကို ကျသွားတာတွေ့ရ တယ်။ အထူးသဖြင့် ဂီတာဖေးရဲ့ တိုက်စစ်ပိုင်း ဟာ ဘာ
စီလိုနာနဲ့ပွဲမှာ ဘာစီလိုနာဘက်ကို နှစ်ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း လေးပွဲဆက်တိုက် ကစားခဲ့ရာမှာ
ဆိုစီဒက်နဲ့ ၂-၂ သရေကျတဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာပဲ ဂိုးရအောင်ကစား နိုင်ခဲ့ပြီး ကျန်သုံးပွဲ
မှာတော့ တစ်ဂိုးမျှမသွင်းနိုင်ခဲ့ပါဘူး။ ဒီအနေအထားဟာ ဂီတာဖေးအတွက် တော့ ရီးယဲလ်လို
အသင်းကြီးနဲ့ ရင်ဆိုင်တဲ့အခါ မှာ ဂိုးရဖို့ ခက်ခဲသွားနိုင်တဲ့အချက်တစ်ခုလို့ ပြောနိုင်နေပါတယ်။
ပထမအကျော့ ရာသီ တစ်ဝက်လောက်အထိ ခြေစွမ်းမှန်ပြနိုင်ခဲ့တဲ့ ဂီတာဖေးဟာ နိုဝင်ဘာလ
လောက်ပိုင်း လောက်ကနေစပြီး တောက်လျှောက်ခြေစွမ်းပြ နေပြီးနိုင်ပွဲဖို့လည်း အသည်းအသန်
ရုန်းကန် နေရသလို ခံစစ်ပိုင်းကလည်း သိသိသာသာကို အားပျော့သွားတာ တွေ့နေရတယ်။
အသင်း တိုက်စစ်အတွက် အားကိုးရတဲ့ ပက်ဒရိုလီယွန် ဂိိုးပေါက်ပျောက်နေသလို ခံစစ်မှ အလက်
ဆစ်၊ အက်စ်ကျူဒယ်ရို၊ လာဂိုတို့ဟာလည်း ပုံမှန်အောက် ရောက်နေခဲ့လို့ ပြိုင်ဘက်အသင်းတွေရဲ့
တိုက်စစ်ကို ထိန်းချုပ်ရာမှာ သိသာတဲ့ အားနည်းမှုတွေ ရှိလာခဲ့တယ်။ ဒီလိုခံစစ်ကစား ပုံမျိုးနဲ့
ဆိုရင်တော့ ရီးယဲလ်လိုအသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ရာမှာ အခက်အခဲတွေ့ မှာလည်း
အသေအချာပါပဲ။
ဒါပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းမှာ ဆိုစီဒက်လိုအသင်းမျိုး ကို အပြန်အလှန်ဖွင့်ကစားပြီး
-၂ သရေကျအောင် ပြန်ကစားနိုင်ခဲ့တဲ့ အနေအထားဟာ ဂီတာဖေးအတွက် အိမ်ကွင်းယုံကြည်မှု
ပြန်ရ လာနိုင်နေတဲ့ အခြေအနေမျိုးဖြစ်နေတာကို တော့ သတိထားရပါလိမ့်မယ်။
ဒါပေမဲ့လည်း ထိပ်ဆုံးနေရာအတွက် အပြိုင်ဖြစ်နေချိန်မှာ အမှားခံဖို့မရှိတဲ့ ရီးယဲလ်ရဲ့ သတိထား
ကစား လာနိုင်မယ့် အခြေအနေနဲ့ အစဉ်အလာပိုင်း မှာလည်း ရီးယဲလ်ကို ယှဉ်နိုင်လေ့မရှိတဲ့
အခြေအနေတွေကို ပေါင်းစပ်ပြီး စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒီပွဲမှာ ဂီတာဖေးကို မေ့ထား ပြီး
ရီးယဲလ်နဲ့ပဲ စွန့်စားကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဂိုးလည်းများသွားနိုင်တဲ့ပွဲလို့ ထင်တယ်။
အခြားပွဲစဉ်များ
* အယ်လ်ချီ - အိုဆာဆူနာ
* အလက်တီကို - ဗယ်လာဒိုးလစ်
* လီဗန်တေး - အယ်လ်မီရီယာ
* ဘာစီလိုနာ - ရာယို
* ဗီလာရီးယဲလ် - ဆယ်လ်တာ
ဂရန်နာဒါ - ဘက်တစ် *
* ဘီလ်ဘာအို - အက်စ်ပန်ညို
ဆီဗီလာ - ဗလင်စီယာ *
မာလာဂါ - ဆိုစီဒက် *















