နှင်းမြို့တော်ဆိုချီက ဆောင်းရာသီ အိုလံပစ်ပွဲတော်

နှင်းမြို့တော်ဆိုချီက ဆောင်းရာသီ အိုလံပစ်ပွဲတော်

ရုရှားနှင်းမြို့တော် ဆိုချီမြေမှာ ကျင်းပနေပြီ ဖြစ်တဲ့ ၂၂ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲသတင်း တွေ
ကတော့ အခုရက်သတ္တပတ် အားကစားကမ္ဘာမှာ တာစားနေတဲ့ ပုံရိပ်တွေပဲလို့ ဆိုရဦးမှာပဲဖြစ်ပါ
တယ်။ ဂွာတီမာလာမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ ၁၁၉ ကြိမ် မြောက်
အစည်းအဝေးကနေ နှင်းခဲမြို့တော် ဆိုချီကို ဆောင်းရာသီအိုလံပစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပ
ခွင့်ပေးခဲ့တာဖြစ်ပြီး ဆိုဗီယက် ယူနီယံ ပြိုလဲပြီးနောက် ရုရှားမြေမှာ ပထမဆုံး အကြိမ်ကျင်းပနိုင်ခဲ့
တဲ့ အိုလံပစ်ပွဲတော်တစ်ရပ် လို့ ဆိုရဦးမှာပါပဲ။

ဖြူလွလွနှင်းထုတွေကြားမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတဲ့ ဒီ ၂၀၁၄ ဆိုချီ အိုလံပစ်မှာ နိုင်ငံပေါင်း ၈၈
နိုင်ငံက အားကစားမောင်မယ် သုံးထောင်နီးပါး ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိနေပြီး အားကစားအမျိုး
ပေါင်း ၉၈ မျိုး ခွဲခြားယှဉ်ပြိုင်မှာလို့လည်း သိရပါတယ်။ ပေကျင်း နွေရာသီအိုလံပစ်ကုန်ကျစရိတ်
က ဒေါ်လာ ၄၄ သန်းရှိခဲ့ပြီး ကုန်ကျစရိတ်အများဆုံးပွဲတော်အဖြစ် စံချိန်တင်ရှိတာကို အခုဆိုချီက
ကုန်ကျစရိတ် ဒေါ်လာ ၅၁ သန်းနဲ့ ကျော်တက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဆိုချီအိုလံပစ် ရဲ့ နောက်ထပ်ဂုဏ်ယူစရာအချက်တစ်ချက်က ပွဲတော်ကျင်းပနေစဉ်တစ်လျှောက်
အိုလံပစ်ကျေးရွာ၊ စားသောက်ဆိုင်တွေနဲ့ ဏကဘူငခ မေနေ တွေမှာပါ ဆေးလိပ်ကင်းမဲ့ဇုန်အဖြစ်
နဲ့ သတ်မှတ် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး (၁၂)ကြိမ်မြောက် ကျင်းပ နိုင်ခဲ့တဲ့ ှာသုန်မနန ပွဲတော်တစ်ရပ်
ဖြစ်နေရခြင်းပါပဲ။

တူရကီမြောက်ပိုင်း ပင်လယ်နက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆိုချီမြို့ငယ်ဟာ ဖေဖော်ဝါရီလပိုင်းမှာ
ဆိုရင် အပူချိန် ၈ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ် (၄၂ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) ရှိတာကြောင့်
ဆောင်းရာသီပွဲတော် ပြိုင်ပွဲတွေအတွက် သင့်လျော်နေခဲ့ပါတယ်။ Main Olympic Village နဲ့
Main Press Room အပါအဝင် အားကစားကွင်း ရှစ်ကွင်းမှာ ပြိုင်ပွဲတွေကို ကျင်းပနေခဲ့ခြင်းဖြစ်ပြီး
ဖွင့်ပွဲအခမ်းအနားကိုတော့ အခမ်းအနားဆုံးကွင်း Fisht Olympic Stadium မှာ ကျင်းပခဲ့တာ
ဖြစ်ပါတယ်။

ဆိုချီအိုလံပစ်ပွဲတော်ရဲ့ အမှတ်တရ အဆောင်အရုပ် သုံးရုပ်က ၀က်ဝံဖြူ (Polar bear) ၊
ယုန်(Hare) ၊ ကျားသစ် (Leopard) ရုပ်တို့ ဖြစ်ကြပြီး အိုလံပစ်မီရှူးတိုင်ကို သယ်ဆောင်ခွင့်
ရခဲ့သူကတော့ တင်းနစ်နတ်မိမယ် ရှာရာပိုဗာပဲ ဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်ပွဲတော်
ဖွင့်ပွဲအခမ်းအနားမှာ ရုရှားသမ္မတပူတင်နဲ့ အတူ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်ဘတ် ကို
အတူတွေ့မြင်ရပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ အာဖဂန်အကြီးအကဲတွေကိုလည်း
သိုက်သိုက်ဝန်းဝန်းမြင်တွေ့ခဲ့ရ ပါတယ်။

ဖွင့်ပွဲအခမ်းအနားအစအဆုံးကို OBS ရုပ်သံက တိုက်ရိုက်တင်ဆက်ပေးခဲ့တာကြောင့် နိုင်ငံပေါင်း
၂၀၀ ကျော်က အားကစားပရိသတ် တွေ တိုက်ရိုက်ရှုစားခွင့်ရရှိခဲ့ကြပါတယ်။

"Hot. Cool. Yours"ဆောင်ပုဒ်နဲ့ ရုရှား မြေမှာ ပထမဆုံးအကြိမ် ဆင်နွှဲခွင့်ရတဲ့ ဒီဆိုချီ ပွဲတော်
ဟာ ပြိုင်ပွဲဝင်အားလုံးအတွက် အမှတ်တရရှိနေမှာ သေချာပါတယ်။ အိုလံပစ်သမိုင်း မှာ ကျွန်
တော်တို့ဟာ သမိုင်းစာမျက်နှာသစ် တစ်ရပ် လက်တွဲရေးထိုးနိုင်ခဲ့ကြပြီလို့ ဆိုချင်ပါ တယ်။
နွေးထွေးဖော်ရွေမှုအပြည့်နဲ့ ဆိုချီသား တွေရဲ့အပြံုးဟာလည်း ဒီပြိုင်ပွဲနဲ့အတူ ဒွန်တွဲ တည်ရှိ
နေမှာပါ။ ကမ္ဘာမြေပြင်ပေါ်က အခမ်း အနားဆုံး ဆောင်းရာသီအိုလံပစ်မှာ အားကစား စိတ်
ဓာတ်အပြည့်နဲ့ ဆင်နွှဲကြပါစို့"လို့ နိုင်ငံ တကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်က
တိုက်တွန်းပြောကြားသွားခဲ့ပါကြောင်း တင်ပြ ရင်း ဆိုချီမြေမှာ ရုရှားတွေ ရွှေဆုဘယ်နှဆုရယူ
နိုင်မလဲဆိုတာ...။



ဖတ်ရှုမှုအများဆုံး