ဂျူဗင်တပ်-ချီယေဗို
အမှတ်ပေးဇယားကို တောက်လျှောက် ဦးဆောင်ထားသော ဂျူဗင်တပ်သည် လတ်တလော
ခြေစွမ်းကျဆင်းမှုများဖြင့် ကြံုတွေ့နေရသည်ဟု ဆိုရမည်။
ဇန်နဝါ ရီ ၂၅ တွင်လာဇီယို နှင့် ၁-၁ သရေကျပြီးနောက် ခြေပျက်နေသော အင်တာမီလန်ကို ၃-၁
ဖြင့် နိုင်သည်။ ပြီးခဲ့သော ပွဲစဉ်တွင်မူ ဗီရိုနာကွင်း၌ ၂-၂ သရေကျသည်။ ဗီရိုနာနှင့်ပွဲစဉ်တွင် ဂျူဗင်
တပ်သည် ပထမ ပိုင်း လေးမိနစ်နှင့် ၂၁ မိနစ်များတွင် တိုက်စစ်မှူး တေဗက်ဇ် သွင်းယူသောဂိုးများ
ဖြင့် နှစ်ဂိုးအသာ ဦးဆောင်နေပြီးမှ ဒုတိယပိုင်းတွင် နှစ်ဂိုးပြန်သွင်း ခံလိုက်ရသည်။ ဗီရိုနာနှင့်ပွဲတွင်
ထွက်ပေါ်လာ သော ခြေစွမ်းအရ ဂျူဗင်တပ်သည် ဒုတိယပိုင်း တွင် ကစားအား 'လျှော့ချ'လိုက်
ခြင်းနှင့်အတူ ကစားကွက်နှင့် အသင်းလိုက်တည်ငြိမ်မှု ကျဆင်းသွားတာကို တွေ့ရသည်။
ကွင်းလယ်တွင် ၀ါရင့်ကစားကွက်ဖန်တီးရှင် ပီယာလိုကို ဗီဒယ်၊ ပေါ့ဂ်ဘာတို့နှင့် ၀န်းရံပေးထားပြီး
တောင်ပံနှစ်ဖက်တွင် ကစားအားကောင်းသော အဆာမိုနှင့် လစ်ချ်စတိန်နာတို့ကို ချထားသည်။
ယေဘုယျအားဖြင့် ဂျူဗင်တပ်ကွင်းလယ်တွင် ကစားအားကောင်းသူများနှင့် သမ္ဘာရှိသူများကို
အချိုးအစားညီညီ ပွဲထုတ်ထားသောကြောင့် ကစားကွက် စေးစေးပိုင်ပိုင်ရှိသည်။ ဘောလုံး ဖြန့်
ထုတ်မှုနှင့် ဖြန့်ကြက်နေရာယူပုံများ ကောင်းမွန်သည်။ သို့ရာတွင် ဗီရိုနာနှင့်ပွဲတွင် ဂျူဗင်တပ်
နည်းပြ ကွန်တီသည် စွန့်စားမှု ပြုလုပ် ခြင်းလော၊ သို့တည်းမဟုတ် ကစားကွက်စမ်းသပ်လို၍
လောမသိ။
ဒုတိယပိုင်း ၆၆ မိနစ်မှ စတင်ကာ ၁၅ မိနစ်အတွင်း တိုက်စစ်မှူး လော်ရန် တေး၊ ကွင်းလယ်လူ
အဆာမိုနှင့် နောက်ခံလူ ချီနယ်လီတို့ကို လူစားထိုးခဲ့ရာ ကစားကွက် တည်ငြိမ်မှု ကျဆင်းသွား
သည်ကို တွေ့ရသည်။ သို့ရာတွင် လူစားမလဲမီ အနေအထားတွင် ဂျူဗင်တပ်သည် ကစားကွက်
အသာစီးဖြင့် တိုက်စစ်ကို လိုသလို ပုံဖော်နိုင်သော အနေ အထားသို့ ရောက်နေသည်။
တိုက်စစ်တွင် တေဗက်ဇ်-လော်ရန်တေးအတွဲကို ပုံမှန်ပွဲထုတ် နေပြီး ဒုတိယပိုင်းရောက်မှ လော်ရန်
တေးနေရာ ကို အသစ်ခေါ်ယူလိုက်သော အီတလီလက်ရွေး စင်တိုက်စစ်မှူး အော့စ်ဗဲလ်ဒိုဖြင့်
အစားထိုး ခဲ့သည်။ ဇန်နဝါရီလထဲတွင် တောက်လျှောက်ခြေစွမ်း ပြပြီး ဂိုးမြူးခဲ့သော စပိန်တိုက်စစ်
မှူးလော်ရန်တေး သည် ဖေဖော်ဝါရီလထဲတွင် နှစ်ပွဲဆက်တိုက် သွင်းဂိုး ပျောက်သွားသည်။
အစောပိုင်းက ဂိုးမိုးခေါင်နေသော တေဗက်ဇ်သည် ဗီရိုနာနှင့် ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်သောကြောင့်
ဂျူဗင်တပ် တိုက်စစ် ပြန်လည်ဦးမော့လာပြီး ဂိုးသွင်းနှုန်း ပြန်တက်လာနိုင်ဖွယ်ရှိသည်။
ဂျူဗင်တပ် ကွင်းလယ်နှင့် နောက်တန်းတွင် လူအပြောင်း အလဲ နည်းပါးသောကြောင့် ယေဘုယျ
အားဖြင့် တည်ငြိမ်လျက်ရှိသည်။ တစ်ဖန် ဂျူဗင်တပ် သည် အသင်းလိုက်ချိတ်ဆက်မှု ကောင်းပြီး
ကစားသမားများသည် ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ကြံ့ခိုင်မှု ကောင်းမွန်ကာ နိုင်လိုစိတ်ပြင်းပြနေခြင်း
က ၎င်းတို့၏ အားသာချက်ဖြစ်သည်။ တစ်ဖက်တွင် ချီယေဗိုသည် ဇန်နဝါရီလ လယ်ပိုင်းမှစတင်
ကာ ပွဲကျပ်များ ဆက်တိုက် ကြံုတွေ့နေရသည်။ အင်တာမီလန်၊ နာပိုလီ၊ လာဇီယို၊ ခြေတက်လာ
သည့် အသင်းများ ဖြစ် သော ပါးမားနှင့် ယူဒီးနိစ်တို့ကို ဆက်တိုက် ရင်ဆိုင်လိုက်ရသောကြောင့်
နိုင်ပွဲပျောက်သွား သည်။
ထိုပွဲများအတွင်း တိုက်စစ်ကောင်းပြီး 'မာ'သော ပါးမား၊ လာဇီယိုနှင့် ယူဒီးနိစ်တို့ကို အရေးနိမ့်ခဲ့
သည်။ ထိပ်သီးများဖြစ်သော နာပိုလီ နှင့် အင်တာမီလန်တို့ကို ၁-၁ သရေကျခဲ့သည်။ ယေဘုယျ
အားဖြင့် ချီယေဗိုသည် တိုက်စစ်ဖွင့် ကစားလေ့ရှိပြီး ကစားအားရှိသည့်အသင်းဖြစ် သော်လည်း
ခံစစ်ကစားပုံတွင် အားနည်းချက် များ ရှိနေသည်။ အထူးသဖြင့် ယူဒီးနိစ်ကို ၃-၀ ဖြင့် အရေးနိမ့်ခဲ့
သော ပွဲစဉ်တွင် ချီယေဗို ခံစစ် ကြောင်း၏ 'ပျော့ကွက်'များ ပေါ်ထွက်လာပြီး ဒုတိယပိုင်းတွင် ခံစစ်
ကစားပုံ လျော့ရဲသွား သည်ကို တွေ့ရသည်။
သို့ကလို အနေအထားဖြင့် ဂျူဗင်တပ်တိုက်စစ်ကို ကြ့ံကြ့ံခံနိုင်ဖို့ဆိုသည်မှာ ချီယေဗိုနောက်တန်း
အတွက် အလွန်ကြီးမား သော ၀န်ထုပ်ဝန်ပိုးကို ထမ်းထားရသကဲ့သို့ ဖြစ်နေသည်။ ခြံုကြည့်လျှင်
အိမ်ရှင်အားသာချက်ရှိသော ဂျူဗင်တပ်သည် ပြိုင်ဘက်ချီယေဗိုထက် ဘက်စုံ ထောင့်စုံမှ အသာ
စီးရလျက်ရှိသည်။ သို့ရာတွင် ဂျူဗင်တပ်နည်းပြကွန်တီသည် လူထုတ်ပုံနှင့် ကစားကွက် '၀ိတ်လျှော့'
သွားမည်ကို စိုးရိမ်မိ သည်။ ပုံမှန်အတိုင်းဆိုလျှင် ဂျူဗင်တပ် အနိုင် ပြတ်သားဖွယ်ရှိပြီး ဂိုးများသော
ပွဲ ဖြစ်လာနိုင် သည်။















