ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့သော ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့၏ ဘောလုံး
ပွဲစဉ် အပြီးတွင် ဇွဲကပင်ဘောလုံးအသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်လူကြီးအား လက်ရောက်မှု ကျူး
လွန်ခဲ့ကြောင်း 7day daily နေ့စဉ်သတင်းစာက ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့အောင်ဆန်းကွင်းတွင် ကျင်းပခဲ့သော အဆိုပါပွဲစဉ်တွင် ဇွဲကပင်အသင်းက ချေပဂိုးရရှိခဲ့
သော်လည်း ရတနာပုံအသင်းက ပယ်နယ်တီ ပြစ်ဒဏ် ဘောများမှတစ်ဆင့် ချေပဂိုးနှင့် အနိုင်ဂိုး
နှစ်လုံးစလုံးသွင်းယူနိုင်ခဲ့သည်။
ဘောလုံးပွဲ အပြီး အားလုံးလက်ဆွဲနှုတ်ဆက်ပြီးချိန်မှာ ကွင်းထဲမှထွက်လာသည့် ကွင်းလယ်ဒိုင်
လူကြီး ကွင်းစပ်နားအရောက် ဇွဲကပင်ဘောလုံးအသင်းပိုင်ရှင်က ပါးရိုက်လိုက်ခြင်းဖြစ်ကြောင်း
ဒိုင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ ကိစ္စကို ဘောလုံးအဖွဲ့ချုပ်က စည်းကမ်း
ထိန်းသိမ်းရေးကော်မတီသို့ တင်ပြထားကြောင်း ဒိုင်ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။














