၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ပွဲစဉ်(၃)ပွဲစဉ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅၊
၁၆၊ ၁၇ ရက်နေ့များတွင် ကျင်းပပြုလုပ် ခဲ့ရာ ရတနာပုံအသင်းက ဇွဲကပင်အသင်းကို ၂-၁ ဂိုးဖြင့်
အနိုင်ရယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ရတနာပုံအသင်းသည်ပထမပိုင်းတွင် ဇွဲကပင်အသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်
နေရာမှ ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများရရှိကာ သုံးပွဲဆက်နိုင်ပွဲနှင့်အတူအမှတ်ပေးဇယား
ကို ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဇွဲကပင်အသင်းအတွက် ဦးဆောင်ဂိုးကို ကန်ရိုတာက ပွဲချိန် ၁၁ မိနစ်တွင် သွင်းယူပေး ခဲ့ပြီး ရတနာ
ပုံအသင်းအတွက် ချေပဂိုးနှင့်အနိုင်ဂိုးကို တိုက်စစ်မှူးဖွန်ဆီကာက ပွဲချိန် ၄၈ မိနစ်နှင့် ရ၂ မိနစ်တို့
တွင် ပင်နယ်တီမှ တစ်ဆင့်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယားကို
ဦးဆောင် နေသော ရတနာပုံအသင်းသည် သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရဂိုး လေးဂိုး၊ ပေးဂိုး တစ်ဂိုးဖြင့်
ရမှတ် ကိုးမှတ်ရရှိထားသည်။
မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် လက်ရှိချန်ပီယံ ရန်ကုန် ယူနိုက်တက်
အသင်းက ရမှတ်ခုနစ်မှတ်ဖြင့် ရပ်တည်နေသည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ပွဲစဉ်(၃)
တွင် ဇေယျာရွှေမြေ အသင်းနှင့်တွေ့ဆုံခဲ့ပြီး အိမ်ကွင်း၌ တိုက်စစ်မှူး ဆီဇာ၏ ခြေစွမ်းပြဂိုးသွင်း
မှုများနှင့်အတူ ၆-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ဇေယျာရွှေမြေ အသင်းကို အနိုင်ရရှိပြီးနောက် ရန်ကုန် ယူနိုက်တက်အသင်းသည် အဆင့်(၄)
နေရာမှ အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြ
အဲရစ်သည် နိုင်ငံခြားသားကစားသမားများနှင့် အသင်း၏အမာခံကစားသမားများကို ပေါင်းစပ်
အသုံးပြုကာ အတောင့်တင်းဆုံးလူအင်အား တစ်ရပ်ဖြင့်ပွဲစဉ်တိုင်းကို ရလဒ်ကောင်းများရရှိအောင်
စွမ်းဆောင်နေနိုင်သည်။
ဧရာဝတီအသင်းသည် မြန်မာနေရှင်နယ် လိဂ်တွင် အထူးခြေစွမ်းပြသနေသော ကမ္ဘောဇ အသင်း
ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ရာသီအတွက် ပထမဆုံးနိုင်ပွဲကို ရရှိခဲ့သည်။ အခြားပွဲစဉ်များ
တွင် နေပြည်တော်အသင်းက တန်းတက် ချင်းယူနိုက်တက်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို
မနောမြေအသင်းက လည်း မကွေးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အမှတ်ပေးဇယား
အောက်ခြေမှ အသင်း နှစ်သင်းတွေ့ဆုံမှုအဖြစ် ဆောက်သမ်းမြန်မာအသင်းနှင့် GFA အသင်းတို့
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ယှဉ်ပြိုင်ကစား ခဲ့ရာ ဆောက်သမ်းမြန်မာအသင်း နှစ်ဂိုး
-ဂိုးမရှိ ဖြင့် အနိုင်ရရှိကာ ယခုနှစ်ရာသီအတွက် ပထမ ဆုံး နိုင်ပွဲကိုရှာတွေ့ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ပြိုင်ဘက်နှစ်သင်းစလုံးသည် နိုင်ပွဲရရှိရန် အစွမ်းကုန်ကြိုးစားကစားခဲ့ကြသည်။
ပထမပိုင်း တွင် GFA အသင်းက အနည်းငယ်အသာရခဲ့သော်လည်း ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ခြင်း
မရှိခဲ့ပေ။ ဒုတိယပိုင်းတွင် ဆောက်သမ်းမြန်မာ၏ကစားပုံကောင်းမွန်လာပြီး အနိုင်ဂိုးများကို သွင်း
ယူနိုင်ခဲ့သည်။
ဆောက်သမ်းမြန်မာ အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ရ၉ မိနစ် တွင် တိုက်စစ်မှူးခိုင်ဇော်ထွန်းက
သွင်းယူပေးခဲ့ ပြီး ဒုတိယဂိုးကို GFA အသင်းနောက်ခံလူ အိုဘင်နာ ဖျက်ထုတ်ရာမှတစ်ဆင့် ကိုယ့်
ဂိုး ကိုယ်သွင်းမိပြီး ဆောက်သမ်းမြန်မာအသင်းအတွက် ဒုတိယအနိုင်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄)ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီလ ၂၁၊ ၂၂၊ ၂၃ ရက်နေ့ များတွင်
ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ထိုပွဲစဉ်များအပြီး ကြားရက်တွင် ၂၀၁၄ အေအက်ဖ်စီ
ဖလား အုပ်စုအဖွင့်ပွဲစဉ် များကို ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်ယူနိုက် တက်နှင့် နေပြည်တော်
အက်ဖ်စီတို့ ပါ၀င်ယှဉ် ပြိုင်ကြမည်ဖြစ်သည်။















