ဖူလ်ဟမ်ကလပ်အသင်းကတော့ နည်းပြ သုံးယောက်ပြောင်းလိုက်ပါပြီ။
ဒါဟာဘောလုံး တစ်ရာသီတည်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စပါ။ အရင်ဆုံး နည်းပြမာတင်ဂျိုးလ်ဟာ
၂၀၁၃၊ဒီဇင်ဘာ ၁ ရက် နေ့မှာ ထုတ်ပယ်ခြင်းခံခဲ့ရတယ်။ အဲဒီနေရာမှာ မူလန်စတင်ကို ခန့်အပ်
ခဲ့ပေမယ့်လည်း အရာ မထင်ခဲ့လို့ အခုဂျာမနီသားတစ်ယောက်ဖြစ်တဲ့ ဖီးလစ်မာဂတ်ကို အစား
ထိုး ခန့်အပ်ခဲ့ပြန်တယ်။
မူလန်စတင်ဟာ မန်ယူရဲ့ နည်းပြအဖွဲ့ဝင်ဟောင်း ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး မန်ယူကို
၂-၂ သရေကစားခဲ့တဲ့ပွဲအပြီးမှာ မန်ယူရဲ့ Cross Ball ဖြတ်တင်ဘောတွေရဲ့ အကြောင်းကို သိနေ
လို့ အခုလို သရေကစားနိုင်ခဲ့တာပါလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့
အခုမူလန်စတင်ကို ထုတ်ပယ်လိုက်ပြီး ဖီးလစ်မာဂတ်ကို ခန့်အပ်လိုက်ခြင်းဟာ လာခြင်းကောင်းရဲ့
လားဆိုတာ ဆန်းစစ်ကြည့် ရပါတော့မယ်။
အရင်ဆုံး တွေးကြည့်တဲ့အတွေး
ဖာဂူဆန်လက်အောက်မှာလုပ်တဲ့ နည်းပြ တွေဟာ သူတို့ကိုယ်တိုင်ရှေ့ထွက်ပြီး နည်းပြ ချုပ်
ဒါမှမဟုတ်Boss ပေါ့လေ။အဲဒီလိုလုပ်ရင် အောင်မြင်မှုမရတတ်ပါဘူး။ သာဓကဆောင်ပြီး ပြော
ရရင် ကားလို့စ်ကွီးရော့ဇ်ကို လက်ညှိုးထိုး ရမှာဖြစ်ပါတယ်။ သူ ဖာဂူဆန်ရဲ့လက်ထောက် အဖြစ်
မန်ယူမှာ လုပ်တုန်းကအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘာသာသူ နည်းပြ လုပ်တဲ့နေ
ရာမှာတော့ အောင်မြင်မှုမရတော့ ပါဘူး။ အခုမူလန်စတင်လည်း အဲဒီလိုဖြစ်သွား သလားလို့
ထင်စရာပါပဲ။ ဒါက ဆွဲထုတ်ကြည့် လိုက်တဲ့အတွေးစတစ်ခုပါ။ တခြားဖြစ်ရပ်တွေ လည်း အများ
ကြီးရှိနေနိုင်ပါတယ်။
ဂျာမနီနည်းပြ အလုပ်ဖြစ်နိုင်/မဖြစ်နိုင်
နည်းပြဖီးလစ်မာဂတ်ဟာ အသက် ၆၀ အရွယ် ရှိပြီး အနောက်ဂျာမနီမှာ မွေးဖွားခဲ့သူဖြစ်ပါ တယ်။
သူ့အနေနဲ့ ကစားသမားဘဝမှာတော့ ကွင်းလယ်တိုက်စစ်မှူးအဖြစ် ကစားခဲ့ဖူးသူဖြစ် ပြီး သူ့ရဲ့ကစား
သမားဘဝနောက်ဆုံးမှာ ဟမ်းဘတ်မှာ အချိန်ကုန်ခဲ့တာဖြစ်ပါ တယ်။ မာဂတ်ဟာ ဂျာမနီလက်
ရွေးစင် တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပြီး အနောက်ဂျာမနီလက်ရွေးစင် အဖြစ် ၁၉၇၇ ကနေ ၁၉၈၆
ခုနှစ်အထိ ၄၃ ပွဲကစားပြီး သုံးဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။
အဲဒီနောက် နည်းပြဘဝကို ကူးပြောင်းခဲ့ကာ ၁၉၉၅ မှာ ဟမ်း ဘတ်အသင်းကိုပဲ စတင်ကိုင်တွယ်
ခဲ့ပါတယ်။ သူကိုင်တွယ်ခဲ့တဲ့ ကလပ်တွေကိုကြည့်မယ်ဆိုရင် ဟမ်းဘတ်၊ နုရင်ဘတ်၊ ၀ါဒါဘရီမင်၊
ဖရန့်ဖတ်၊ စတုဂတ်၊ ဘိုင်ယန်၊ ၀ုဖ်ဘတ်၊ ရှော်လ်ကေးစတဲ့အသင်း တွေကို ကိုင်တွယ်ခဲ့သူဖြစ်ပါ
တယ်။
၀ုဖ်ဘတ်အသင်းကို နှစ်ကြိမ်၊ နှစ်ကျော့ တောင် ပြန်လည်ကိုင်တွယ်ခဲ့တဲ့နည်းပြ အနေနဲ့ ဖူလ်ဟမ်
ကို ဘာလုပ်ပေးနိုင်မလဲ ဆိုတာက စိတ်ဝင်စားစရာပါ။
သူဘာတွေစွမ်းဆောင်ခဲ့သလဲ
သူ့ရဲ့မန်နေဂျာ တစ်နည်းပြောရရင် နည်းပြ ဘဝပေါ့လေ။ အဲဒီမှာ စတုဂတ်နဲ့အတူ အင်တာ တိုတို
ဖလားကို ၂၀၀၂ မှာ ရဖူးတယ်။
နောက်ပြီး ဘိုင်ယန်မြူးနစ်နဲ့ကတော့ ၂၀၀၄-၀၅၊ ၂၀၀၅-၀၆ ဘောလုံးရာသီတွေမှာ ဘွန်ဒက်စ်လီဂါ
ဖလား နှစ်လုံးကို ရယူနိုင်ခဲ့ပြီး အဲဒီနှစ်ရာသီမှာပဲ ီင်္ဏ ပိုကယ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဒါ့ပြင် ၂၀၀၄ မှာ DFP လီဂါပိုကယ်ဖလားကို ရယူနိုင် ခဲ့ပါတယ်။ ၀ုဖ်ဘတ်အသင်းနဲ့ကတော့ ဘွန်
ဒက်စ်လီဂါချန်ပီယံဆုကို ၂၀၀၈-၀၉ ဘောလုံး ရာသီမှာ ယူဆောင်ပေးနိုင်စွမ်းရှိခဲ့တယ်။
ဖူလ်ဟမ်မှာ ဘာတွေလုပ်ပြနိုင်မှာလဲ
စဉ်းစားရတော့ ကျပ်ပါတယ်။ ဖူလ်ဟမ်က ဒိုင်ယာနာ မတော်လိုက်ရတဲ့ ယောက္ခမ မိုဟာ မက်
အယ်လ်ဖာရက်ဆီကနေ အမေရိကန် အခြေစိုက် ွှပခသသည တစ်ယောက်ဖြစ်တဲ့ ရှာဟစ် ခန်း
ဆိုတဲ့သူလက်ထဲကို ရောက်သွားတယ်။ မူလန်စတင်ရဲ့အဖြစ်ကလည်း ဆိုးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အန်ဇီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ၁၆ ရက်သာခံခဲ့သလို အခု ဖူလ်ဟမ်
နည်းပြအဖြစ်လည်း ရ၅ ရက်သာ ကိုင်တွယ်ခဲ့ရသူဖြစ်နေပါတယ်။ ဖီးလစ်မာဂတ်ဟာ ၁၈ လ
သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ဖူလ်ဟမ်အသင်း နဲ့ ချုပ်ဆိုခဲ့ပြီး ဖူလ်ဟမ်ကို တန်း မဆင်းရအောင်
စွမ်းဆောင်ပေးရ မှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်း ဟာ ပရီမီယာ လိဂ်မှာအခြေ အနေဆိုးနေပြီး
သူတို့ EPL မှာ တင်ကျန်ဖို့က အဓိကကျနေပါတယ်။ သူတို့ဟာ လာမယ့်စနေ နေ့ ၀က်စ်ဘရွန်းကို
အဝေးကွင်းမှာ ရင်ဆိုင် ကစားရပါလိမ့်မယ်။
အပြီးသတ်ကောက်ချက်
ဂျာမနီသားနည်းပြတစ်ယောက်ကို အင်္ဂလန် ကလပ်အသင်းတစ်သင်း က ခေါ်ခန့်တာက သိပ်အံ့
ဩစရာ ဖြစ်နေတယ်။ ဖီးလစ်မာဂတ်က ဂျာမနီအတွင်းမှာပဲ အလုပ်လုပ်ခဲ့ ဖူးတဲ့သူ၊ ဒါကြောင့်
အစဉ်အလာ တွေ၊ သမိုင်းကြောင်းတွေ၊ အကျပ် အတည်းတွေရဲ့ကြားထဲမှာ ဖီးလစ်မာဂတ်
တစ်ယောက် ဘာလုပ်ပြနိုင်မလဲဆို တာ စောင့်ကြည့် ချင်နေမိပါ ရဲ့။
















