ကာတာမြို့တော်၊ ဒိုဟာမှာ ကျင်းပသွားခဲ့တဲ့ Qatar Ladies Open
အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဟာ ATP World Tour ရဲ့ ပြိုင်ပွဲစဉ်တစ်ရပ်ဖြစ်ပြီး ကမ္ဘာကျော်
တင်းနစ်ငွေကြယ်ပွင့်တွေ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတာကြောင့် ပရိသတ်အားပေးမှု
မြင့်မားတဲ့ ပြိုင်ပွဲစဉ်တစ်ရပ် ပဲ ဖြစ်ပါတယ်။
Exxon Mobile က စပွန်ဆာပေး ထားတဲ့ ဒီကာတာအိုးပင်းပြိုင်ပွဲဟာ Outdoor/Hard
မျက်နှာပြင်မှာ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်တစ်ရပ်ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေဒေါ်လာ နှစ်သန်းကျော်
ချီးမြှင့်တာကြောင့်လည်း စူပါ တွေ အကြိတ်အနယ်ဝင်နွှဲကြခြင်းပဲဖြစ်ပါတယ်။
အခုနှစ်ကာတာအိုးပင်းမှာ ၂၀၁၃ ချန်ပီယံ အဇာရန်ကာနဲ့ ပူပူနွေးနွေး ဩစတြေးလျအိုးပင်း ချန်ပီယံ
လီနာတို့ ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိ မလာနိုင်ကြတာကလည်း ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်တစ်
ရပ်လို့ ဆိုရမှာပါပဲ။ Khalifa Squash Complex မှာ ကျင်းပ ခဲ့တဲ့ ကာတာအိုးပင်းဗိုလ်လုပွဲစဉ်ကို
ခက်ခက်ခဲခဲတက်ရောက်လာသူနှစ်ဦးကတော့ ရိုမေးနီးယားနံပါတ်(၁)တင်းနစ်မယ် ဆီမိုနာဟာ
လက်နဲ့ ဂျာမနီထိပ်တန်းတင်းနစ်မယ် အင်ဂျလစ်ကာတာတို့နှစ်ဦးဖြစ်ကြပြီး နှစ်ဦး စလုံးက ထိပ်ဆုံး
ဆီဒင်ငါးဦးစာရင်းထဲ ပါကြသူ တွေမဟုတ်တာကလည်း ဒီနှစ်ပြိုင်ပွဲရဲ့ လှည့်စား ချက်တစ်ရပ်ပါပဲ။
ဆီဒင်(၆)ရထားသူ ဂျာမနီတင်းနစ်မယ်ကို ဆီဒင်(၇)ရထားခဲ့တဲ့ ရိုမေးနီးယားငွေကြယ်ပွင့်သစ်
ဆီမိုနာက နှစ်ပွဲပြတ် (၆-၂၊ ၆-၃) နဲ့ လက်စွမ်းပြအနိုင်ယူပြီး ၂၀၁၄ ရဲ့ ပွဲဦးထွက်ချန်ပီယံဆုဖလား
ကို လှမ်းဆွတ်ရယူ သွားနိုင်ခဲ့တာဟာလည်း အားကစားကမ္ဘာမှာ ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ပဲ ဖြစ်ပါ တယ်။ ငွေကြယ်ပွင့်သစ်တင်းနစ်မယ်နှစ်ဦးရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံယှဉ်ပြိုင်မှုဟာ စုစု
ပေါင်း အချိန် ၆၆ မိနစ်သာ ကြာမြင့်ခဲ့ပြီး ပြင်းထန်တိကျတဲ့ စပေးဘော၊ သပ်ရပ်လှပတဲ့လက်ပြန်
ရိုက်ချက်တွေနဲ့ တစ်ဖက်သတ်ကစားသွားခဲ့တဲ့ ဆီမိုနာရဲ့ ကစားအားကို ဂျာမနီတင်းနစ်မယ်
ဘယ်လိုမှမယှဉ်နိုင်ခဲ့တာဟာလည်း ရိုမေးနီးယားပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သတင်း
တစ်ပုဒ်လို့ ဆိုရဦးမှာပါပဲ။
ရိုမေးနီးယားဂုဏ်ဆောင် တင်းနစ်မယ် ဆီမိုနာဟာ ညာသန်တင်းနစ်မယ်တစ်ဦးဖြစ်ပြီး WTA
ချန်ပီယံဖလားခုနစ်လုံးနဲ့ ITFဆုဖလားခြောက်လုံးပိုင်ဆိုင်ထားသူဖြစ်ကာ သူ့ရဲ့ အနာဂတ်
အိပ်မက်ကတော့ ဂန္ထဝင်ဆရီနာဝီလျံ တို့လို ဂရင်းဆလမ်ဖလားတွေ ရယူခွင့်ရရှိဖို့ပဲ ဖြစ်တယ်
ဆိုတာကို ESPN နဲ့ တွေ့ဆုံစဉ်မှာ ဖွင့်ပြောသွားခဲ့ပါတယ်။ အခုရက်သတ္တပတ် ကာတာအိုးပင်း
အောင်ပွဲနဲ့အတူ ကမ္ဘာ့အဆင့် (၉)နေရာကို ပိုင်ဆိုင်ခွင့်ရလာပြီဖြစ်တဲ့ ရိုမေး နီးယားငွေကြယ်ပွင့်
သစ်ဟာ ဆီဒင်(၁)ကနေ (၅)အထိ ရရှိထားသူ စူပါတွေအားလုံးကို ကျော်လွှားအနိုင်ယူပြခဲ့တာ
ကလည်း ၂၀၁၄ နှစ်သစ်ရဲ့ အားကစားစာမျက်နှာသစ် တစ်ရပ်လို့ တင်စားရဦးမှာပဲဖြစ်ပါတယ်။
WTA ရဲ့ Most Improved Player of the Year Award ကို ရယူနိုင်ခဲ့သူ ကွန်စတန်တာမြို့သူ
ချော ဆီမိုနာက "မူလတန်းအရွယ်လောက်ကတည်းက ဂန္ထဝင်တွေဖြစ်တဲ့ နာဘရာတီလိုဗာတို့
စတက်ဖီဂရပ်တို့ကို လေးစားအားကျခဲ့ရတာပါ။ ငယ်ဘဝ အိပ်မက်တွေ ရုပ်လုံးပေါ်ခါစ အခြေအနေ
ရောက်လာပြီဖြစ်တာကိုလည်း ကြည်နူးပီတိ ဂုဏ်ယူရပါတယ်။ ကြီးလေးကြီးဆုဖလားပိုင်ရှင် ဖြစ်ဖို့
အသည်းအသန်ကြိုးစားရပါဦးမယ်။ လှိုက်လှိုက်လှဲလှဲအားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကို
ကျေးဇူးကမ္ဘာပါ"လို့ ရင်ဖွင့်ဂါရဝ စကားဆိုသွားပါတယ်။ တင်းနစ်ကောင်းကင်ယံ ထက်မှာ ရိုမေး
နီးယားငွေကြယ်ပွင့် လင်းလက် လာတာကို ဂုဏ်ပြုအားပေးရင်း...။















