အေအက်ဖ်စီဖလားပြိုင်ပွဲ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင်မည်

အေအက်ဖ်စီဖလားပြိုင်ပွဲ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင်မည်

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၄ခုနှစ် AFC cup ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို
လာမည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနေရှင် နယ်လိဂ်
အသင်းများဖြစ်သော ရန်ကုန်ယူနိုက် တက်အသင်းနှင့် နေပြည်တော်အက်ဖ်စီတို့ ၀င်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ရန်ကုန်
ယူနိုက်တက် အသင်းသည် အဖွင့်ပွဲစဉ်ကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သော် လည်း
နေပြည်တော်အသင်းသည် အဝေးကွင်း တွင် သွားရောက်ယှဉ်ပြိုင် ကစားရမည်ဖြစ် သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြိုင်ပွဲ၏အုပ်စု(ွ) ၏ ဗီယက်နမ်ကလပ် XM Vissai Ninh Binh
ဟောင်ကောင်ကလပ် South China ၊ မလေးရှားကလပ် Kelantan အသင်းများနှင့် တစ်အုပ်စု
တည်း ကျရောက်လျက်ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အိမ်ကွင်း၌ မလေး
ရှားကလပ် Kelantan အသင်းနှင့်လည်းကောင်း၊ မတ်လ ၁၂ ရက်နေ့တွင် ဗီယက်နမ်ကလပ် XM
Vissai Ninh Binh အသင်းနှင့်လည်းကောင်း၊ မတ်လ ၁၈ရက်နေ့တွင် ဟောင်ကောင်ကလပ်
South China အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

နေပြည်တော်အသင်းသည် ပြိုင်ပွဲ၏ အုပ်စု (H) တွင် စင်ကာပူကလပ်အသင်း Tampines Rovers
၊ အင်ဒိုနီးရှားကလပ် Pune FC၊ ဟောင်ကောင်ကလပ် ုငအခ့နန အသင်းများ နှင့် တစ်အုပ်စုတည်း
ကျရောက်လျက်ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင် အင်ဒိုနီးရှားကလပ် Pune
FC အသင်းနှင့် လည်းကောင်း၊ မတ်လ ၃ ရက်နေ့တွင် စင်ကာပူ ကလပ် Tampines Rovers
အသင်းနှင့်လည်း ကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ဟောင်ကောင် ကလပ် Kitchee အသင်းနှင့်
လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး