အိမ်ကွင်းမှာ အင်တာနိုင်ပွဲဆက်မယ်

အိမ်ကွင်းမှာ အင်တာနိုင်ပွဲဆက်မယ်

အင်တာမီလန်-ကက်ဂလီယာရီ
ပြီးခဲ့သော ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်တွင် လူအင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့
သော အင်တာမီလန်သည် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ခြေစွမ်း ပြန်လည်ဦးမော့လာသည်
ကို တွေ့ရသည်။

အထူးသဖြင့် အင်တာမီလန်သည် လာဇီယိုတွင် ခြေစွမ်းပြနေသော ဘရာဇီးလ်လက်ရွေးစင် ကွင်း
လယ်ဖန်တီးရှင် ဟာနန်နက်စ်ကို ခေါ်ယူ နိုင်သောကြောင့် ကွင်းလယ်စွမ်းဆောင်ရည်ပိုင်း မြင့်တက်
လာသည်။

အသက်အရွယ် ထောက်လာပြီဖြစ်သော အာဂျင်တီးနား ကွင်းလယ်လူ ကမ်ဘီယာဆိုနေရာတွင်
ဟာနန်နက်စ်ကို ထည့်သွင်း လိုက်ခြင်းကြောင့် အင်တာမီလန်ကွင်းလယ် 'ရစ်သမ်' မိလာသည်။

ဇန်နဝါရီလအတွင်း လူအင်အား ဖြည့်တင်းလိုက်ခြင်းနှင့်အတူ ပြီးခဲ့သော ပွဲစဉ်များအတွင်း အင်တာ
မီလန် နည်းပြမက်ဇာရီသည် နောက်တန်းလူအခင်းအကျင်းများ ပြောင်းလဲခဲ့သည်။ ၀ါရင့်အာဂျင်
တီးနား နောက်ခံလူ ဆင်မြူရယ် ကို ဗဟိုခံစစ်နေရာတွင်ထားပြီး ဘရာဇီးလ် နောက်ခံလူများဖြစ်
သော ဂျူအန်၊ ဂျိုနသန် တို့နှင့်တွဲဖက်စေကာ 'သုံးယောက်ခံစစ်အထိုင်' ချသည်။ ငယ်ဂုဏ်ရှိပြီး
ကစားအား၊ ပြေးအားရှိသော ဂျူအန်ကို ၀ါရင့်နောက်ခံလူများဖြစ် သော ဂျိုနသန်၊ ဆင်မြူရယ်တို့၏
'သမ္ဘာ'ဖြင့် 'ကျားကန်'ပေးထားသောကြောင့် အင်တာမီလန် နောက်တန်းသည် အထိုက်အလျောက်
တော့ တည်ငြိမ်သွားသည်။

ယင်းမတိုင်မီ ပြိုင်ဘက် အသင်းများက အဝေးဘောများ၊ အမြင့်ဘော များဖြင့် တိုက်စစ်ဆင်သော
အခါတွင် အင်တာ မီလန်နောက်တန်း ပျာယာခတ်သွားသည်။ သို့ရာတွင် ဆင်မြူရယ်၊ ဂျူအန်၊
ဂျိုနသန် တို့ဖြင့် သုံးယောက်ခံစစ်အထိုင်ချပြီးနောက် အင်တာမီလန်ခံစစ်ကြောင်းသည် ယခင်က
လောက် ပျာယာခတ်ခြင်းမရှိတော့ပေ။

ကိုလံ ဘီယာ ကွင်းလယ်လူ ဂူအင်ရင်ကို အနည်းငယ်နောက်ဆင်းစေပြီး ကွင်းလယ်အဖျက် ကစား
စေ သောကြောင့် အင်တာမီလန်ခံစစ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာမည့် ဖိအားများကို လျှော့ချ
နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် အိမ်ကွင်း၌ ဆက်စူလို ကို ၁-၀ ဖြင့် နိုင်သောပွဲသည် အင်တာမီလန် အတွက်
အလှည့်အပြောင်း ဖြစ်စေခဲ့သည်။ ထိုပွဲ တွင် အင်တာမီလန်နောက်တန်းသည် ထူးထူး ခြားခြား
တည်ငြိမ်နေသည်သာမက တစ်လုံး တည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း ၄၈ မိနစ် တွင် နောက်ခံ
လူ ဆင်မြူရယ်က သွင်းယူပေးခဲ့သည်။

ပြီးခဲ့သော ပွဲစဉ်တွင်မူ အင်တာ မီလန်သည် ဖီအိုရင်တီးနားကွင်း၌ ၂-၁ ဖြင့် နိုင်ခဲ့ရာ အာဂျင်တီးနား
တိုက်စစ်မှူးများဖြစ် သော ပလာစီယိုနှင့် မော်ရိုအိုင်ကာဒီတို့က တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့သောကြောင့်
ကာလ အတန်ကြာ ဂိုးသွင်းအားကျဆင်းနေခြင်းကို အဆုံးသတ်နိုင်တော့မည်ဟု ယူဆမိသည်။

တစ်ဖက်တွင် ကက်ဂလီယာရီသည် ခြေစွမ်း အားဖြင့် တောက်လျှောက် စိုက်ဆင်းနေသော
အသင်းဖြစ်သည်။ ကက်ဂလီယာရီတွင် နည်းပြအပြောင်းအလဲဖြစ်ခဲ့သော်လည်း နည်းပြသစ်
အီဗိုပူလ်ဂါလက်ထက်၌ ရလဒ်ရော၊ စွမ်းဆောင် ရည်ပိုင်းပါ ပြန်လည်ဦးမော့လာခြင်းမရှိဘဲ
ကျဆင်းမြဲ ကျဆင်းနေသေးသည်။

ပြီးခဲ့သော ကိုးပွဲဆက်တိုက် အနေအထားကိုကြည့်ပါက ကက်ဂလီယာရီသည် ဖီအိုရင်တီးနား ကို
မမျှော်လင့်ဘဲ အိမ်ကွင်း၌ ၁-၀ ဖြင့်နိုင်သော တစ်ပွဲမှလွဲ၍ ကျန်ရှစ်ပွဲတွင် သုံးပွဲသရေကျပြီး ငါးပွဲ
အရေးနိမ့်ခဲ့သည်။ အားထားရသော ကွင်းလယ်လူ နီအန်ဂိုလန် အပါအဝင် အဓိက ဘောလုံးသမား
အချို့ ဇန်နဝါရီလထဲတွင် အသင်းပြောင်းသွားပြီးနောက် ကက်ဂလီယာရီခြေစွမ်းမှာ ပိုမိုကျဆင်း
သွားသည်။

သို့ရာတွင် ကက်ဂလီယာရီနောက်တန်းသည် ပွဲတိုင်း ဂိုးသွင်းခံရသော်လည်း ဆိုးဆိုးရွားရွား
ပုံပျက်သွားခြင်းမရှိဘဲ ပြီးခဲ့သော ငါးပွဲဆက်တိုက် တွင် ခြောက်ဂိုးသာ အသွင်းခံရသောကြောင့်
တစ်ပွဲပျမ်းမျှပေးဂိုး ၁ ဒသမ ၂ ဂိုးနှုန်းသာ ရှိသည်။ သို့ရာတွင် ကက်ဂရီယာသည် တိုက်စစ် အား
ကျဆင်းပြီး သွင်းဂိုးနည်းခြင်း၊ နိုင်လိုစိတ် နည်းပါးခြင်းတို့ကြောင့် ရလဒ်ဆိုးရွားနေခြင်း ဖြစ်သည်။

ခြံုကြည့်လျှင် အင်တာမီလန်ခြေစွမ်းသည် အတက်ဘက်သို့ ပြန်လည်ဦးတည်လာခြင်းနှင့် အတူ
ကစားသမားများအကြား ယုံကြည်မှု မြင့်မားလာကာ အချိတ်အဆက်မိလာသည်။

ယခင်က 'ခါးပြတ်'နေသော အင်တာမီလန် ကွင်းလယ်သည် ဟာနန်နက်စ်ရောက်လာပြီးနောက်
ကစားပုံထောင့်စေ့လာကာ တိုက်စစ် မှူးများကို ဖန်တီးပံ့ပိုးပေးနိုင်ခဲ့သည်။ တစ်ဖက်တွင် ကက်
ဂလီယာရီသည် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေသည်။ သို့ကလိုကြောင့် အင်တာကို ပိုကြိုက်ပြီး
ဂိုးများသောပွဲဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး