လက်ရောက်ကျူးလွန်မှုနှင့်ပတ်သက်၍ ဒဏ်ငွေ ၁၅ သိန်း ပေးဆောင်ရမည်

လက်ရောက်ကျူးလွန်မှုနှင့်ပတ်သက်၍ ဒဏ်ငွေ ၁၅ သိန်း ပေးဆောင်ရမည်

ဇွဲကပင်ဘောလုံးအသင်းတာဝန်ရှိသူက ကွင်းလယ်ဒိုင်အား လက်ရောက်မှု ကျူးလွန်ခဲ့ခြင်းနှင့်
ပတ်သက်၍ ဒဏ်ငွေ ၁၅ သိန်းပေးဆောင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း
ရေးကော်မတီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကြေညာလိုက်ကြောင်း ဒီဗွီဘီ၌ ဖော်ပြထား
သည်။

ရန်ကုန်မြို့အောင်ဆန်းကွင်းတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ ကျင်းပခဲ့သော ဇွဲကပင်အသင်းနှင့်
ရတနာပုံအသင်းတို့၏ ဘောလုံးပွဲစဉ်အတွင်း ဇွဲကပင်အသင်းက ချေပဂိုး တစ်လုံး ရရှိခဲ့သော်လည်း
ရတနာပုံအသင်းက ပယ်နယ်တီ ပြစ်ဒဏ်ဘောများမှတစ်ဆင့် ချေပဂိုးနှင့် အနိုင်ဂိုး နှစ်လုံးစလုံး
သွင်းယူနိုင်ခဲ့သည်။

ထိုသို့ ပယ်နယ်တီပေးခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
အသင်းတာဝန်ရှိသူ တစ်ဦးအနေဖြင့် ယခုကဲ့သို့ ကျူးလွန်ခြင်းအပေါ် ဇွဲကပင်အသင်းက ဒဏ်ကြေး
ငွေကျပ် ၁၅ သိန်း ပေးဆောင်ရမှာဖြစ်ကြောင်း အလားတူဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်လာပါက
ယခုထက်ကြီးလေးသည့် ဒဏ်ကြေးချမှတ်ကာ အရေးယူမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကြေညာထားသည်။



ဖတ်ရှုမှုအများဆုံး