ရန်ကုန်ယူနိုက်တက်အသင်းမှ အားကစားသမားများထိခိုက်မှုအာမခံထားရှိပေးမှုတွင် ယူနစ်သုံးပိုင်းိ
ခွဲ၍ ထားရှိပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းမှ အမှုဆောင်အရာရှိချုပ်
ဦးမင်းဆွေဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီအသင်းမှာရှိတဲ့ အားကစားသမားတွေအားလုံးကို မြန်မာ့အာမခံကနေ ပုဂ္ဂလိကအာမခံတွေ
အားလုံးကို ဖွင့်လှစ်ခွင့်ပေးလိုက်တဲ့အချိန်၂၀၁၃ကနေစပြီး အားကစားအာမခံ ပရီမီယံတစ်ယူနစ်စီ
ကို အသင်းအနေနဲ့ တာဝန်ယူပြီး အားလုံးထားပေးခဲ့တာဖြစ်ပါတယ်။အခုလိုဆီးဂိမ်းအတွင်းမှာ
ထိခိုက်မှုရခဲ့တဲ့ ကိုကြည်လင်း ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာကတော့ ကျွန်တော်တို့တွေ စဉ်းစား
စရာ တစ်ခုတိုးလာခဲ့တယ်။
အဲဒါကတော့ထိခိုက်လွယ်တဲ့သူတွေဂိုးသမားတွေရှေ့တန်းကလူတွေ ဥပမာ - ကိုကြည်လင်းတို့လို
လူမျိုးတွေအတွက် ကိုတစ်ယူနစ်ထက်ပိုထားသင့်တယ်လို့တွေးဖြစ်ကြတယ်။ အခု အားကစား
အဖွဲ့ထဲမှာ အနေအထားသုံးမျိုး ၊အဆင့်သုံးဆင့် သတ်မှတ်ပြီး အရေးကြီးအဆင့်တစ်ဝင်သူတွေ
ကိုတော့အားကစားသမားအာမခံကိုငါးယူနစ်အထိပရီမီယံထားပေးမယ်။
ဒုတိယအရေးကြီးအဆင့်အတွက်ကတော့သုံးယူနစ်ပြီးတော့နောက်ဆုံးအဆင့်အတွကိုတော့ တစ်ယူနစ်ထားပေးသွားမှာဖြစ်ပါတယ်။ဒါအတွက်ကိုစာရင်းလုပ်နေတယ် အမြန်ဆုံးထားပေးသွား
မယ် ဒီရက်ပိုင်း စာရင်းလုပ်ပြီးတာနဲ့ ဆွေးနွေးတာပြီးသွားရင် ဒီရက်ပိုင်းထားပေးသွားမယ်" ဟု
၎င်းက ဆိုသည်။
"လက်ရွေးစင်အားကစားသမားတစ်ဦးဖြစ်တဲ့ ကိုကြည်လင်းအတွက်ကိုတော့ဇန်နဝါရီလထဲမှာပဲ
အာမခံလျော်ကြေးငွေရယူပြီးတဲ့တချိန်တည်းမှာပဲ ငါးယူနစ်စာအတွက်ကိုပရီမီယံကြေး ပေးသွင်း
ခဲ့ပြီးဖြစ်ပါတယ်။ကျန်အားကစားသမားတွေကိုလည်း သူတို့ရဲ့အန္တရာယ် ရှိမှုအနည်းအများကို
လိုက်ပြီး မကြာခင်အချိန်အတွင်းမှာ အားကစားသမားထိခိုက်မှုအာမခံပေါ်လစီကို ၀ယ်ယူပေး
သွားဖို့ရှိတယ်လို့သိရပါတယ်" ဟု ပထမအမျိုးသားအာမခံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။














