ဆောက်သမ်းနှင့် ဇွဲကပင် သရေဖြင့်သာ ပြီးဆုံး

ဆောက်သမ်းနှင့် ဇွဲကပင် သရေဖြင့်သာ ပြီးဆုံး

၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၄) အဖြစ်ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊
သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သော ဆောက်သမ်းမြန်မာအသင်းနှင့် ဇွဲကပင်အသင်း
တို့၏ ပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီဖြင့်သရေရလဒ်သာထွက်ပေါ်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဇွဲကပင်အသင်းသည် အသင်း၏ အမာခံကစားသမားများဖြစ်သော ကန်တာရို၊
ဂျီနိုဆီယမ်၊ အမာအိုဘီ အစရှိသောနိုင်ငံခြားကစားသမားများနှင့် ဆောက်သမ်း မြန်မာအသင်းကို
အနိုင်ရရန် ကြိုးပမ်းခဲ့သော် လည်း ဆောက်သမ်းမြန်မာအသင်းမှ ပြည်တွင်း ကစားသမားများ၏
မာကျောသော နောက်တန်း ကို ကျော်လွန်နိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ်ဖြင့် သာ ကျေနပ်ခဲ့ရသည်။

ဇွဲကပင်အသင်းသည် ပွဲအစကတည်းက ဆောက်သမ်းမြန်မာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး
ဦးဆောင်ဂိုးကို ပွဲချိန် လေးမိနစ် တွင် ဂျပန်တိုက်စစ်မှူးကန်ရိုတာက အလွတ်တည်ကန်ဘောမှ
တစ်ဆင့် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဆောက်သမ်းမြန်မာအသင်းသည် တန်ပြန် တိုက်စစ်မှတစ်ဆင့်
ချေပဂိုးရရန် ကြိုးစားခဲ့ရာ ပွဲချိန် ၂၂ မိနစ်တွင် ထက်အောင်က ခေါင်းတိုက် သွင်းယူပြီး ဆောက်
သမ်းမြန်မာအသင်းအတွက် ချေပဂိုးကို ရယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းသည်ဆောက်သမ်းမြန်မာ အသင်းကို ပိုမိုဖိအားပေးကစားနိုင်ခဲ့
သော် လည်း ဇော်ခါးနှင့် သိန်းစိုးမင်းတို့ ဦးဆောင် သော ဆောက်သမ်းမြန်မာနောက်တန်းကို
မကျော်လွန်နိုင်ခဲ့သလို ဆောက်သမ်းမြန်မာ အသင်း ဂိုးသမားတင်နိုင်ထွန်းက အကောင်း ဆုံး
ပုံစံဖြင့် ဇွဲကပင်အသင်း၏ ဂိုးကန်သွင်းမှု များကို ကာကွယ်နိုင်ခဲ့သည်။

"ကျွန်တော်တို့အသင်း ဒုတိယပိုင်းမှာ အခွင့် အရေးတွင် အများကြီးရခဲ့ပေမယ့် အဆုံးသတ်ပိုင်း
အားနည်းချက်တွေရှိနေတာကြောင့် အနိုင် ဂိုးမရခဲ့ပါဘူး။ နောက်ပွဲတွေမှာ ဒီအားနည်းချက်တွေ
ကို ပြင်ဆင်ရပါမယ်။ကျွန်တော်တို့ အသင်းက ကစားသမားတွေ ပွဲအပေါ်အာရုံ စူးစိုက်မှု အားနည်း
နေလို့ ချေပဂိုးပေးလိုက်ရပါ တယ်။ ဆောက်သမ်းမြန်မာအသင်းက ပြည်တွင်း ကစားသမားတွေနဲ့
ဖွဲ့စည်းထားပေမယ့် အကောင်းဆုံး ကြိုးစားကစားသွားတဲ့အတွက် ကြောင့် ချီးကျူးပါတယ်"ဟု
ဇွဲကပင်ယူနိုက် တက်အသင်း၏နည်းပြ ဦးအောင်မင်းဦးက ပြောသည်။

"ဇွဲကပင်အသင်းက ဖွဲ့စည်းပုံကောင်းမွန်တဲ့ အသင်းဖြစ်တာကြောင့် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါ
တယ်။ ဒါပေမဲ့ ကျွန်တော့်ကစားသမား တွေ အကောင်းဆုံးကြိုးစားကစားနိုင်ခဲ့တဲ့ အတွက် ဒီရလဒ်
ကို ကျေနပ်ပါတယ်။ ကျွန်တော့် အသင်းရဲ့ကစားပုံ တစ်ပွဲထက်တစ်ပွဲ တိုးတက် လာတာတွေ့ရ
တော့ ကျေနပ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အမာခံကစားသမားတွေ ဒဏ်ရာရနေတဲ့အတွက်
အသင်းမှာ အားနည်းချက်တွေရှိပါတယ်။ ဒီရာသီကိုလည်း ပြည်တွင်း ကစားသမားတွေနဲ့ပဲ ဖြတ်
သန်းသွားမှာပါ"ဟု ဆောက်သမ်းမြန်မာအသင်း နည်းပြချုပ်ကင်ဝေါ်ဒန်က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဧရာဝတီ ယူနိုက်တက်အသင်းကို ၄ဪ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး
အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၄)အပြီးတွင်
သုံးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် ရမှတ် ၁၀ မှတ်ရရှိကာ ဒုတိယနေရာမှ ရတနာပုံအသင်း နှင့်
ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေသည်။ ရတနာပုံအသင်း သည်
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တောင်ကြီးမြို့တွင် ကမ္ဘောဇအသင်းနှင့် ယှဉ်ပြိုင်ကစား
ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

အခြားပွဲစဉ်များတွင် ဇေယျာရွှေမြေအသင်း GFA အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို မကွေး
အသင်းကလည်း ချင်းယူနိုက် တက်အသင်းကို ၃ဪ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နေပြည်တော်
အသင်းသည် မနောမြေအသင်း ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ၂-၁ ဂိုးဖြင့် အနိုင်ရရှိ
ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄)အပြီး ရန်ကုန် ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့သည်
ရမှတ် ၁၀ မှတ်စီဖြင့် အမှတ်ပေးဇယား ကို ဦးဆောင်နေပြီး နေပြည်တော်အသင်းနှင့် ဇေယျာရွှေ
မြေအသင်းတို့က ရမှတ်ကိုးမှတ်စီဖြင့် အဆင့်(၃)နှင့် အဆင့်(၄)နေရာများတွင်အသီးသီးရပ်တည်
နေသည်။

အမှတ်ပေးဇယား အောက်ခြေတွင် တန်းတက်ချင်းယူနိုက်တက် အသင်းနှင့် GFA အသင်းတို့က
ရပ်တည်နေ သည်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၅)ပွဲစဉ်များကို လာမည့် မတ်လ ၁၊ ၂၊ ၃ ရက်နေ့
များတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပွဲစဉ်(၅)တွင် အမှတ်ပေးဇယားကို အမှတ်တူ ဖြင့် ဦးဆောင်နေသော ရန်ကုန်ယူနိုက်တက် အသင်း
နှင့် ရတနာပုံအသင်းတို့၏ တွေ့ဆုံမှု သည် အမှတ်ပေးဇယားဦးဆောင်ခွင့်အတွက် အကြိတ်အနယ်
ရှိလာနိုင်သလို ယခုနှစ်ရာသီ တွင် အသင်းကြီးများကို အခက်တွေ့စေသည့် မနောမြေနှင့် ဇေယျာ
ရွှေမြေတို့၏ တွေ့ဆုံမှု၊ မကွေးနှင့် ကမ္ဘောဇ၊ ချင်းယူနိုက်တက်နှင့် ဇွဲကပင်ယူနိုက်တက်၊ နေပြည်
တော်နှင့် GFA၊ ဆောက်သမ်းမြန်မာနှင့် ဧရာဝတီယူနိုက်တက် တို့တွေ့ဆုံမှုများဖြင့် ကြည့်ကောင်း
သောပွဲစဉ်များ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး