ဘိုင်ယန် ဖိတ်ခေါ် ပြိုင်ပွဲ မြန်မာ ကစားသမားများ ပါ၀င်ယှဉ်ပြိုင်မည်

ဘိုင်ယန် ဖိတ်ခေါ် ပြိုင်ပွဲ မြန်မာ ကစားသမားများ ပါ၀င်ယှဉ်ပြိုင်မည်

ဂျာမနီနိုင်ငံ၊ ဘွန်ဒက်စ်လီဂါ ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းက ကြီးမှူးကျင်းပမည့် ၂၀၁၄
ခုနှစ်ဘိုင်ယန်မြူးနစ်လူငယ်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် ၁၆ နှစ်အောက် လူငယ်
ကစားသမားငါးဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အသက် ၁၆ နှစ်အောက် လူငယ်ကစားသမားငါးဦးကို စိစစ်ရွေးချယ်ကာ ထိုင်းနိုင်ငံမှ
လူငယ်ငါးဦးနှင့်အတူ ပူးပေါင်း၍ အသင်းဖွဲ့စည်းကာ အရှေ့တောင်အာရှ ကိုယ်စားပြုအသင်းအနေ
ဖြင့် အဆိုပါပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကို လာမည့်မေလအတွင်း ဘိုင်ယန်မြူးနစ်ကလပ် လူငယ်လေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်
သွားမည်ဖြစ်ပြီး အိမ်ရှင်ဂျာမနီလူငယ်အသင်းနှင့်အတူ ဘရာဇီးလ်၊ အီတလီ၊ ဩစတြေးလျ၊ဂျပန်၊
တရုတ်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းတို့ ပေါင်းစပ်ထားသည့် အရှေ့တောင်အာရှ ကိုယ်စားပြုအသင်း
စုစုပေါင်း ရှစ်သင်းပါ၀င် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားသည်။

ပြိုင်ပွဲပုံစံမှာ အသင်းအားလုံး အုပ်စုပတ်လည် စနစ်ဖြင့်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမှတ် အနည်း၊
အများအပေါ်မူတည်၍ ပထမ၊ ဒုတိယ၊ တတိယ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲကစားချိန်ကို တစ်ပိုင်းလျှင် ၃၅ မိနစ်အဖြစ် ကစားစေမည်ဖြစ်သည်။ ပြိုင်ပွဲ တွင် တစ်ဖက်ကစား
သမား ခုနစ်ယောက်စီ ကစားရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် လူငယ်အသင်း
အားလုံးကို ဘိုင်ယန်မြူးနစ်အသင်းက နာမည်ကြီးကစားသမားဟောင်းကြီးများနှင့်နည်းပြများက
ဘောလုံးအခြေခံနည်းစနစ်များ၊ ကစားပုံများနှင့်ပတ်သက်၍ အသိပညာပေး အချိန်ပိုင်းသင်တန်း
များ ပြုလုပ်ပေးသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် ခြေစွမ်းပြပြီး အလားအလာ ရှိသော လူငယ်ဘောလုံး
သမားများကိုရွေးချယ် ၍ ဘိုင်ယန်မြူးနစ် လူငယ်အသင်းတွင် လာရောက် ပူးတွဲ လေ့ကျင့်နိုင်မည့်
အခွင့်အရေးရရှိမည် ဖြစ်သည်။ မြန်မာလူငယ်အဖွဲ့နှင့် နည်းပြများသည် ယခုနှစ် မတ်လကုန်တွင်
ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး