ဆန်စီရိုမှာ ဂျူဗီကိုပဲ ယုံရမှာလား

ဆန်စီရိုမှာ ဂျူဗီကိုပဲ ယုံရမှာလား

အေစီမီလန်-ဂျူဗင်တပ်
ရလဒ်များ ဆိုးရွားကျဆင်းလာသောကြောင့် နည်းပြဟောင်း အယ်လီဂရီကို ထုတ်ပယ်လိုက်သော
အေစီမီလန်သည် တစ်ချိန်က ၎င်းတို့၏ ကစားသမားဟောင်း ဖြစ်သော ကလဲရင့်ဆီးဒေ့့ါဖ် ကို
နည်းပြသစ်အဖြစ် အစားထိုးပြီးနောက် ရလဒ် များ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရ
သည်။

ပြီးခဲ့သော ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် တွင် အေစီမီလန်သည် တိုက်စစ်မှူး တာရက်ဘ် နှင့်
ဆာပိုနာရာ၊ ကွင်းလယ်လူ ဟွန်ဒါနှင့် အက်ဆီယန်၊ နောက်ခံလူ အဒဲလ်ရာမီတို့ကို ခေါ်ယူအား
ဖြည့်လိုက်ခြင်းကြောင့် ရှေ့လယ် နောက် အချိုးအစားညီညီ အင်အားဖြည့်တင်းနိုင် သည်ဟု
ဆိုရမည်ဖြစ်သည်။

သို့ရာတွင် နည်းပြအပြောင်းအလဲကြောင့် အသင်းတည်ငြိမ်မှု မဆိုစလောက် ထိခိုက်သွားဖွယ်ရှိ
သော်လည်း နည်းပြသစ် ဆီးဒေါ့ဖ်သည် အေစီမီလန်တွင် 'ဩဇာ'ရှိခဲ့သူဖြစ်ပြီး ကစားသမားများနှင့်
ဆက်ဆံရေး အဆင်ပြေသောကြောင့် အသင်း စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်ပိုင်းကို ပြန်လည်
'ဆွဲတင်'နိုင်ခဲ့သည်။

နည်းပြသစ် ဆီးဒေါ့ဖ်လက်ထက်တွင် အေစီ မီလန် ၏ တိုက်စစ်ဗျူဟာနှင့်လူအခင်းအကျင်း ပိုင်း၌
အပြောင်း အလဲများ ဖြစ်လာသည်။ ဆီးဒေါ့ဖ် သည် အသင်းလိုက် 'ညှစ်အား'ကို ရယူလိုသော
ကြောင့် အသစ်ရောက်လာသူများနှင့် လူငယ်ကစားသမား ခပ်များများကို ထည့်သွင်းကစားခဲ့
သည်။

လူငယ်၊ လူသစ်များသည် အေစီမီလန် ကဲ့သို့ အစဉ်အလာကြီးမားသော အသင်းတွင် နေရာရလို
သောကြောင့် 'ရုန်း'ကြရာ အသင်း လိုက် ကစားအားနှင့် စွမ်းဆောင်ရည်ပိုင်း မြင့်တက်လာသည်။

နည်းပြသစ်ဆီးဒေါ့ဖ်လက်ထက်တွင် အေစီ မီလန် နောက်တန်းကို ၀ါရင့်နောက်ခံလူများ ဖြစ်သော
အဒဲလ်ရာမီ(၂၈ နှစ်)၊ ဇက်ကာဒို (၃၂ နှစ်)၊ အဘာတီ (၂၇ နှစ်) တို့ဖြင့် နောက်တန်း အထိုင်ချ
လိုက်သောကြောင့် အထိုက်အလျောက် တည်ငြိမ်လာသည်။ အစောပိုင်းက တောက်လျှောက် 'ပေါက်'နေ သောကြောင့် ပေးဂိုးများခဲ့သော အေစီမီလန် နောက်တန်းသည် နည်းပြသစ် ဆီးဒေါ့ဖ်
လက်ထက်တွင် ပေးဂိုးနည်းလာသည်။

ဖိအားများသောပွဲများတွင် ပျာယာခတ်ခြင်း သိပ်မရှိ တော့တာကို တွေ့ရသည်။ သို့ရာတွင် ကွင်း
လယ်ကစားသမားဟောင်း ဆီးဒေါ့ဖ်သည် နည်းပြဖြစ်လာသောအခါ ကွင်းလယ်ကို အများဆုံးပြု
ပြင်ပြောင်းလဲရန် ကြိုးစားလာသည်။ သိသာသောအချက်မှာ ကွင်းလယ်သည် တစ်သင်းကို
အဓိက မောင်းနှင် သော 'ဗဟိုချက်'အဖြစ် အားယူစုစည်းရန် ကြိုးပမ်း လာသည်။

ကွင်းလယ်တွင် သမ္ဘာရှိသူအချို့ကို အသင်း 'ထိန်းကျောင်း'ရန်အတွက် ထည့်သုံး သော်လည်း
တကယ်တန်းတွင်မူ ကစားအားရှိသော လူငယ်များနှင့် တိုက်စစ်အားသန်သူများဖြင့် 'တည်'ကာ
၀ါရင့်အချို့ကို '၀န်းရံ'ပေးရုံလောက်သာ ထည့်သုံးသည်။ နည်းပြသစ်ဆီးဒေါ့ဖ်လက်ထက်တွင်
အေစီမီလန်၏ တည်ငြိမ်မှုအနည်းဆုံး အစိတ်အပိုင်း မှာ တိုက်စစ်ဖြစ်သည်။

ဒဏ်ရာ၊ ပွဲပယ်များရှိနေခြင်းနှင့်အတူ အေစီမီလန်ရှေ့တန်းတွင် လူထုတ် ပုံများ တစ်ပွဲနှင့်တစ်ပွဲ
မတူညီဘဲ အချို့ပွဲစဉ် များ၌ ကွင်းလယ်တိုက်စစ်သမား ဟွန်ဒါကိုပင် တိုက်စစ်တွင် ထည့်ကစား
လာသည်။ တစ်ဖက်တွင် အေစီမီလန်နှင့် ရင်ဆိုင်မည့်ဂျူဗင်တပ်သည် စီးရီးအေတွင် တည်ငြိမ်မှု
အရှိဆုံးအသင်းအဖြစ် အမှတ်ပေးဇယားကို တောက်လျှောက်ဦးဆောင်နေသည်။ ဂျူဗင်တပ်သည်
ပြီးခဲ့သော ဇန်နဝါရီလ၌ ခြေစွမ်းမပြနိုင်သော တိုက်စစ်မှူးမာထရီကို နေရာတွင် အီတလီလက်ရွေးစင်
တိုက်စစ်မှူး အော့စဗဲလ်ဒိုဖြင့် အစားထိုးကာ တိုက်စစ်အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

တိုက်စစ်မှူး အော့စဗဲလ်ဒိုသည် အသင်းသစ် တွင် အချိန်တိုအတွင်းမှာပင် အထိုင်ကျသွား သော
ကြောင့် ဂျူဗင်တပ်၏ တိုက်စစ်အင်အားစု သည် တောင့်တင်းထက်မြက်သွားသည်။ အော့ စဗဲလ်ဒို
ရောက်လာပြီးနောက် ဂျူဗင်တပ်သည် အဝေးဘော၊ အမြင့်ဘောများကို ပို၍ထိရောက် စွာ အားပြု
ကစားလာသည်။

ဂျူဗင်တပ်ကွင်းလယ်သည် စီးရီးအေတွင် လူထည့်သွင်းကစားပုံ အတည်ငြိမ်ဆုံးနှင့် ကျစ်လျစ်မှု
အရှိဆုံးဖြစ်သည်။ တစ်ဖန် စိတ်ဓာတ် ကောင်းပြီး အတွေ့အကြံု၊ ပရိယာယ်များသည်။ နိုင်လိုစိတ်
ပြင်းပြသောကြောင့် 'ညှစ်' အားရှိ သည်။ ပြိုင်ဘက်၏ အားနည်းချက်ကို အမြန်ဆုံး ရှာဖွေ
ထိုးဖောက်တတ်သည်။ ဂျူဗင်တပ် နောက်တန်းသည် စီးရီးအေတွင် လုံခြံုကျစ်လျစ် မှုအရှိဆုံး
ဖြစ်သည်။

ဂျူဗင်တပ်၏ အားသာချက်တစ်ခုမှာ နည်း စနစ်ပိုင်းအရ ပြောင်းလွယ်ပြင်လွယ်ရှိသောကြောင့်
ပြိုင်ဘက်အနေအထားပေါ် မူတည်ကာ နည်းဗျူဟာနှင့် ကစားကွက် အပြောင်းအလဲ၊ ကစားရှိန်
အတင်အချကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ သုံးယောက်ခံစစ် ကို အသုံးပြုပြီး
ကွင်းလယ်ကစားသမားငါးယောက် ထည့်သွင်းကစားသောကြောင့် ဂျူဗင်တပ်သည် ကွင်းလယ်
'မြိုင်'ပြီး ကစားကွက်ဖော်ရာတွင် ထိရောက်သည်။ ဆိုရပါလျှင် အေစီမီလန်သည် နည်းပြသစ်
ဆီးဒေါ့ဖ်လက်ထက်၌ တက်ရိပ်ပြလာသော် လည်း သမ္ဘာနှင့် ကစားကွက်တည်ငြိမ်မှုတွင် ဂျူဗင်
တပ်ကို မယှဉ်နိုင်သေးပေ။ ဂျူဗင်တပ် သည် ရှေ့လယ်နောက် ချိန်ခွင်လျှာမျှပြီး 'ညှစ် အား' ရှိသည်။

ပြိုင်ဘက်ပေါ်မူတည်ကာ အနီးပေး၊ အဝေးပေးစနစ်များကို ကျွမ်းကျင်ထိရောက်စွာ ကစားနိုင်သည်။
အိမ်ကွင်း၊ အဝေးကွင်းမရွေး ဂိုးသွင်းအားလည်းရှိသည်။ သို့ကလိုကြောင့် ဂျူဗင်တပ်ဘက်က
အလေးသာနေပြီး ဂိုးများ သောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး