အလက်တီကို - ရီးယဲလ်မက်ဒရစ်
လာလီဂါကတော့ အပြောင်းအလဲတွေနဲ့ ချန်ပီယံလမ်းကြောင်းဟာ စိတ်ဝင်စားစရာဖြစ်လာပြန်ပါပြီ။
ဘာစီလိုနာရဲ့ ရှုံးပွဲကြောင့် ထိပ်ဆုံးနေရာရောက်လာတဲ့ ရီးယဲလ် ဒီနေရာ ကို ဘယ်လောက်ကြာကြာ
ဆက်ထိန်းထားနိုင် မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါ တယ်။
အလက်တီကိုမက်ဒရစ်တုန်းကတော့ ထိပ်ဆုံးနေရာကို တစ်ပတ်ပဲ ထိန်းနိုင်ခဲ့ တယ်။ ဒါကလည်း
အလက်တီကိုရဲ့အတွေ့အကြံု အားနည်းမှုကြောင့်လို့ ပြောနိုင်နေပြီး ရီးယဲလ် ကတော့ အတွေ့
အကြံုရှိတဲ့အသင်းပီပီ ရလာတဲ့အခွင့်အရေးတစ်ခုကို အကောင်းဆုံးဆက်ထိန်း နိုင်မယ့် အနေ
အထားမျိုးမှာ ရှိနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ရီးယဲလ်အတွက် စိန်ခေါ်မှုတစ်ခုကတော့
ထိပ်ဆုံးနေရာကိုရယူပြီး တစ်ပတ်အကြာမှာကစားရမယ့် ပွဲစဉ်(၂၆) မှာ ရင်ဆိုင်ရမယ့်အသင်းက
အဓိကပြိုင်ဘက် တစ်သင်းဖြစ်နေတဲ့ အလက်တီကိုမက်ဒရစ်ဖြစ်နေတဲ့အချက်ပါပဲ။
ကစားရမှာကလည်း အလက်တီကိုရဲ့ကွင်းမှာဆိုတော့ ရီးယဲလ် အတွက် စိန်ခေါ်မှုအပြည့်နဲ့ပွဲလို့ပဲ
ပြောရ တော့မယ်။ လက်ရှိ ဒီနှစ်သင်းရဲ့အနေအထားကလည်း သိသိသာသာကွာဟမှုမျိုးတော့
မရှိပါဘူး။ အလက်တီကိုအတွက် အခွင့်အရေးသာနေ တယ်လို့ ပြောနိုင်တာက ဒီပွဲမတိုင်မီ
ရီးယဲလ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အဝေးကွင်းမှာ ရှော်လ်ကေး နဲ့ ကစားထားခဲ့ရပြီး အလက်တီကို
ကတော့ ကြားရက်မှာ အနားကောင်းကောင်းရထားခဲ့လို့ အခုပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်
အပြည့်အဝ ရထားတဲ့အချက်ပါပဲ။
လက်ရှိ အလက်တီကိုကစားနေပုံကလည်း အိမ်ကွင်းဆိုရင် အကောင်းဆုံးကစားပြနေနိုင် တဲ့အပြင်
အခုနောက်ပိုင်း အိမ်ကွင်းပွဲတွေမှာ လည်း ဂိုးသွင်းနှုန်းပြန်ကောင်းလာတာတွေ့ရ တယ်။
ရီးယဲလ်ကတော့ ကိုပါဒယ်ရေး အဝေးကွင်းပွဲ မှာ အလက်တီကို ကို ၂-၀ နဲ့ အနိုင်ရထား ခဲ့တဲ့အပြင်
အလက်တီကိုနဲ့ ကိုပါဒယ်ရေး နှစ်ပွဲ စလုံးမှာလည်း ပေးဂိုးမရှိအောင် ကစားထားနိုင် ခဲ့လို့ ရီးယဲလ်ရဲ့
ခံစစ်ပိုင်းဟာ အလက်တီကို တိုက်စစ်ကို ထိန်းချုပ်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေနိုင်ပါတယ်။
ဒါ့ပြင် လာလီဂါ သုံးပွဲအပယ်ခံထားရတဲ့ ရော်နာဒိုကလည်း ပွဲပယ်ပြစ်ဒဏ်ပြည့်သွားပြီဖြစ်လို့
အလက်တီကို နဲ့ ပွဲမှာ ပြန်ပါလာနိုင်တာက ရီးယဲလ်အတွက် တအားပါပဲ။ ဒါပေမဲ့ ရီးယဲလ်ရဲ့
လာလီဂါမှာ အဝေးကွင်း ကစားပုံတွေကိုကြည့်ရင် ကစားပုံ သိပ်စိတ်မချရသေးဘူးလို့ ပြောလို့
ရတယ်။
အထူးသဖြင့် ခံစစ်ပိုင်းဟာ အဝေးကွင်းရောက် ရင် စိတ်ချထားလို့မရသေးဘူး။ နောက်ဆုံး
အဝေးကွင်းသုံးပွဲမှာ ဘီလ်ဘာအိုကို သရေကျပြီး ဘက်တစ်နဲ့ ဂီတာဖေးလို အသင်းတွေကို
ဂိုးပြတ်အနိုင်ရခဲ့တာမှန်ပေမယ့် ခံစစ်မာကျော တဲ့ အိမ်ရှင်အသင်းတွေနဲ့တွေ့ရင် ရီးယဲလ်တိုက်စစ်က
ဂိုးရဖို့ ရုန်းကန်ရလေ့ရှိတာကိုလည်း သတိထားရလိမ့်မယ်ထင်တယ်။
အလက်တီကိုကတော့ လာလီဂါမှာ ဘာစီလိုနာနဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေကစားပြီး နောက်ပိုင်း
ကစားခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး လေးပွဲမှာ ဆီဗီလာနဲ့ပွဲ တစ်ပွဲကိုသာ တစ်ဂိုးပဲ ပေးထားရတယ်။
ဒါကြောင့် အလက်တီကိုရဲ့ အိမ်ကွင်းခံစစ်မာကျောမှုကိုလည်း အသိအမှတ် ပြုထားဖို့လိုလိမ့်မယ်။
ဒီပွဲကလည်း ချန်ပီယံဆု အတွက် အရေးပါတဲ့ပွဲမျိုး ဖြစ်နေလို့ အလက် တီကိုဟာ ကိုပါဒယ်ရေးမှာ
ရီးယဲလ်ကို ရင်ဆိုင် ခဲ့တာထက်ပိုပြီး သတိထားကစားသွားဖို့က လည်း များနေပါတယ်။ အထူးသ
ဖြင့် အလက် တီကိုရဲ့ခံစစ်နဲ့ ကွင်းလယ်မာကျောမှုဟာ ရီးယဲလ်အတွက် ရင်ဆိုင်ရခက်မယ့် အဓိက
အချက်လိုဖြစ်လာနိုင်ပြီး ပွဲပန်းနေနိုင်တဲ့ ရီးယဲလ်အနေနဲ့ အလက်တီကို ရဲ့မာကျောမှုကို ရင်ဆိုင်ရာ
မှာ အခက်တွေ့ဖို့က ပိုများလိမ့်မယ် ထင်ပါတယ်။
အလက်တီကိုဟာ ဘာစီလိုနာနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်တုန်းကတောင် အကောင်းဆုံးထိန်းချုပ်နိုင်
ခဲ့လို့ အခုရီးယဲလ်နဲ့ပွဲမှာလည်း ခံစစ်ပိုင်းကို အဓိကထားပြီး ဂိုးမပေးရရေးကို ဦးစားပေးကစားသွား
ဖို့များနေတယ်။
ရီးယဲလ်ကို ပထမအကျော့မှာလည်း နိုင်ထားပြီဖြစ်လို့ နှစ်သင်းထိပ်တိုက် တွေ့ဆုံမှုမှာ အလက်တီ
ကို အနေနဲ့ အခုပွဲကိုသရေကစားနိုင်ခဲ့ရင်တောင် ရီးယဲလ်ကို အသာရမှာဖြစ်လို့ အဓိက မရှုံးရရေး
ကိုပဲ ဦးစားပေးကစားကာ ရီးယဲလ်ရဲ့တိုက်စစ် အကျွံကို စောင့်ကစားပြီး ဂိုးရဖို့ကြိုးစားလိမ့်မယ်
ထင်ပါတယ်။
ဒါကြောင့် ဒီပွဲဟာ ရီးယဲလ်တိုက်စစ် တကယ် ထက်မြက်မှုရှိ၊ မရှိက အဖြေထုတ်ပေး နိုင်မယ့်
အနေအထားမျိုးဖြစ်နေတယ်။ အမှားမရှိ အောင်ထိန်းကစားမယ့် အလက်တီကိုနဲ့ ဂိုးအနည်းကိုပဲ
ရွေးထားချင်ပါတယ်။















