မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်(MGF) နှင့် မြန်မာနိုင်ငံအဆင့်မြင့်ဂေါက်သီးပညာရှင်များအသင်း
(PGA)မှ ကြီးမှူး၍၂၀၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲများကို လာမည့်
မတ်လ ၁၃ ရက်နေ့မှ စတင်၍ နိုဝင်ဘာလအထိ မြန်မာနိုင်ငံရှိနေပြည်တော်၊ရန်ကုန်၊မန္တလေး၊
ပုဂံနှင့်ပြင်ဦးလွင်မြို့များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ၂၀၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ်အဆင့်၊
အပျော်တမ်းအဆင့် (Handicap 0-12) ရှိသူများနှင့် အမျိုးသမီးပြိုင်ပွဲအမျိုးအစား များပါ၀င်
မည်ဖြစ်ပြီး စိန့်အင်ဒရူးဥပဒေသ နှင့်ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတွင် ပထမဆုကို ကျပ်၂၅သိန်း၊ဒုတိယ ဆုကို ကျပ်၁၅ သိန်းနှင့်
တတိယ ဆုကို ကျပ်၁၂သိန်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အပျော်တမ်းပြိုင်ပွဲတွင် ပထမဆုကို
ကျပ် ရသိန်းခွဲ၊ဒုတိယ ဆုကို ကျပ် ၆သိန်းနှင့်တတိယ ဆုကို ကျပ် ၅သိန်းပေးအပ်ချီးမြှင့်သွား
မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဂေါက်သီးအားကစားဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်လူငယ်များ စဉ်ဆက်
မပြတ်ပေါ် ထွက်လာရေးတို့ကိုရည်ရွယ်၍ ကျင်းပမည်ဖြစ်သော အဆိုပါပွဲကို ဧရာဝတီဘဏ်၊
ယူနိုက်တက်အမရဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် အင်းဝဘဏ်တို့မှ
အဓိကကူညီပံ့ပိုးပေးမည်ဖြစ်သည်။
"ဒီဂေါက်သီးရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်ကနေစပြီး ၂၀၁၀ ပြည်နှစ် အထိ နှစ်စဉ်ကျင်းပ ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဒီလိုပွဲကိုမလုပ်နိုင်ခဲ့ပါဘူး။ယခုနှစ်မှာ ဒီပြိုင်ပွဲကိုဘဏ်ကြီးများရဲ့
အကူအညီနဲ့ ပြန်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဒုဥက္ကဌ
ဦးအောင်ကြည်ကပြောကြားခဲ့သည်။
အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သော (၂၆) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဂေါက်သီး
အားကစား သမားများသည်အသင်းလိုက် တတိယဆုရရှိခဲ့ကာ ပြီးခဲ့သည့် (၂၇) ကြိမ်မြောက်
အိမ်ရှင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံမှ ဂေါက်သီးအားကစားသမားများသည် အမျိုးသား
အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုး သမီးအသင်းလိုက်ပြိုင်ပွဲများတွင် ဒုတိယဆုရရှိခဲ့ပြီး အမျိုးသမီး
တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဒုတိယဆုရရှိခဲ့ ကြောင်းသိရသည်။















