၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲ၏ ပွဲစဉ် (၅)များကို ပြီးခဲ့သည့် မတ်လ ၁၊ ၂၊
၃ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာ ရတနာပုံအသင်းက ရန်ကုန်ယူနိုက်တက် ကို အိမ်ကွင်းဗထူး
၌ တစ်ဂိုးဪဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်သည် ပွဲစဉ် (၅) ၏ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့သလို အမှတ်ပေးဇယား ကို
ဦးဆောင်နေသော အသင်းကြီးနှစ်သင်းပီပီ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရတနာပုံ
အသင်းက ပွဲချိန် ရ၅ မိနစ်တွင်အသင်း၏တိုက်စစ်မှူး ဖွန်ဆီကာ၏ တစ်လုံး တည်းသောဂိုးဖြင့်
အိမ်ကွင်းတွင် အနိုင် သုံးမှတ် ရယူကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်း သည် အဆိုပါအရှုံးရလဒ်ကြောင့် အမှတ်ပေး ဇယား၏ အဆင့် (၄)
နေရာအထိဆင်းပေးခဲ့ ရပြီး နေပြည်တော်အသင်းသည် ဇေယျာရွှေမြေ အသင်းနှင့် ရမှတ်တူ ဂိုး
ကွာခြားချက်ဖြင့် ရမှတ် ၁၂ မှတ်ရရှိထားကာ အဆင့် (၂) နေရာ တွင် ရပ်တည်နေသည်။
ဇေယျာရွှေမြေအသင်းကလည်းရမှတ် ၁၂ မှတ်ဖြင့် အဆင့်(၃)နေရာတွင် ရပ်တည်နေသည်။
ပွဲစဉ်(၅)တွင် နေပြည်တော်အသင်းက ွင်္ဗ အသင်းကို နှစ်ဂိုး ဪ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သလို
ဇေယျာရွှေမြေအသင်းကလည်း အိမ်ကွင်း မုံရွာတွင် မနောမြေအသင်းကို နှစ်ဂိုးဪတစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။
မတ်လ ၂ ရက်နေ့က သုဝဏ္ဏ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်ယူနိုက်တက်
အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ဇွဲကပင်အသင်းက ခြေစွမ်းပြကာ
လေးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့သည်။
မကွေးအသင်းနှင့် ကမ္ဘောဇအသင်းတို့၏ တွေ့ဆုံမှုတွင် ကမ္ဘောဇအသင်းက ဦးဆောင်ဂိုး သွင်း
ယူနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပေးခဲ့ရသော အနိုင်ဂိုးများကြောင့် မကွေး အသင်းက
သုံးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။ အခြားပွဲစဉ်အဖြစ် ဆောက်သမ်းမြန်မာ အသင်းနှင့်
ဧရာဝတီယူနိုက်တက်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၆) ပွဲစဉ်များကို လာမည့် မတ်လ ရ၊ ၈၊ ၉ ရက်များတွင် ဆက်လက်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ွင်္ဗ အသင်း၊ ဧရာဝတီ ယူနိုက်တက်
အသင်းနှင့် နေပြည်တော်အသင်း၊ ရတနာပုံအသင်းနှင့် မကွေးအသင်း၊ ဆောက် သမ်းမြန်မာ
အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်းနှင့်ဇေယျာရွှေမြေအသင်း၊
မနောမြေအသင်းနှင့် ကမ္ဘောဇအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။














