ဒီရာသီမှာ ပရီမီယာလိဂ်လက်ရှိချန်ပီယံ မန်ချက် စတာယူနိုက်တက်အသင်း ဘာဆုတွေမျှော်
မှန်းနိုင်ပါသေးလဲ၊ ဘယ်အဆင့်တွေအတွက် မျှော်မှန်းနိုင်ပါသေးသလဲ၊ အဖြေကတော့ ဘာဆုမှ
လုံးဝမရနိုင်တော့ပါ။
ဘယ်အဆင့်အတွက်မှလည်း မျှော်မှန်းလို့ မရနိုင်တော့ပါ။ အိပ်မက်တွေ မက်မနေပါနဲ့လို့ပဲဆို
လိုက်ချင်ပါ တယ်။ လိဂ်ဖလားကို မန်စီးတီးရသွားပြီ။ အက်ဖ်အေဖလားကလည်း ထွက်လိုက်ရပြီ။
ချန်ပီယံလိဂ်မှာလည်း ကွာတားတက်ဖို့တောင် ခက်သွားပြီ။ ချန်ပီယံဖြစ်ဖို့ဆိုတာ ဘိုင်ယန်မြူးနစ်၊
ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကိုကျော်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါ။
ပရီမီယာလိဂ် မှာလည်း ချန်ပီယံဖြစ်ဖို့ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့ပဲ အကြိတ်
အနယ် ဖြစ်နေလို့ မန်ယူဝင်တိုးလို့မရတော့ပါ။ ဒါဆိုရင် ဒီရာသီဖလားတွေအတွက် ကုန်သွားပြီ။
ဒါဆိုနောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကရော မဖြစ်နိုင်ပါ။ ဒီနှစ်လီဗာပူးက မန်ယူနေရာကို
အစားဝင်သွားပြီဖြစ်ပါတယ်။
ဒါဆိုရင် ယူရိုပါ လိဂ်ဝင်ခွင့်နေရာကိုရော ဆိုရင်လည်း အဲဗာ တန်၊ တော့တင်ဟမ်ဟော့စပါးတို့က
မန်ယူထက် များစွာခြေငြိမ်နေလို့လည်း မဖြစ်နိုင်တော့ပါ။ ဒီရာသီမှာ လက်ရှိချန်ပီယံမန်ယူ
လာမယ့်နှစ်မှာ ရလာနိုင်မယ့် ၀င်ငွေအများကို ဆုံးရှုံးရတော့ မယ့်အခြေအနေကို ဆိုက်နေပြီဖြစ်
ပါတယ်။
ရာသီအစက ဦးဆောင်သူအပြောင်းအလဲကြောင့် စပ်ကူးမပ်ကူးကာလဖြစ်လို့ မတည်မငြိမ်ဖြစ်ရ
တယ်လို့ ယူဆထားကြပြီး ဒေးဗစ် မိုယက်စ်ကို အချိန်ပေးထားသင့်တယ်လို့ သဘောထားပျော့
ပျောင်းသူတွေက အားပေးနှစ်သိမ့်ကြပေမယ့် အခုရာသီက သုံးပုံနှစ်ပုံပြီးတဲ့အချိန်အထိ ဘာမှ
ပြောင်းလဲလာခြင်းမရှိတာကတော့ ဒေးဗစ်မိုယက်စ်ကို အပြစ်တင် ရတော့မယ့်အချိန် ဖြစ်လာခဲ့ပြီ
ဖြစ်ပါတယ်။
စကော့တစ်တွေကိုအားကိုးထားတဲ့ မန်ယူရဲ့အနေအထားဟာ အပြောင်းလဲကြီးကို ပြောင်းလဲ
သွားပြီဖြစ်ပါတယ်။ မန်ယူရဲ့ ပွဲတိုင်းနီးပါးကိုလိုက်လံအားပေးနေတဲ့ အောင်မြင်သူဖာဂူဆန်
တစ်ယောက်ကတော့ မန်ယူရဲ့ အဖြစ်အပျက်တွေကိုကြည့်ရင်း မချိတင်ကဲဖြစ်လို့နေမှာပဲ
ဖြစ်ပါတယ်။
လက်ကျန် ၁၂ ပွဲသာ ကျန်တော့တဲ့အချိန်မှာ လက်ရှိချန်ပီယံအနေနဲ့ မျှော်လင့်လို့ ရနိုင်စရာ
ဆိုလို့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာပဲ ဖြစ်ပါတယ်။ တခြားနေရာတွေအတွက်တော့ မန်ယူမှာ
မျှော်လင့်စရာမရှိတော့ပါဘူး။ မနှစ်က အခုလို လက်ကျန် ၁၂ ပွဲရောက်တဲ့အချိန်မှာ မန်ယူ
ဟာ ၆၈ မှတ်ရနေပြီး ပရီမီယာလိဂ် ချန်ပီယံဖြစ်ဖို့အတွက် အားတင်လာနေတဲ့အချိန် မှာဖြစ်
ပါတယ်။
အခုနှစ်မှာတော့ အားတင်ဖို့ မဖြစ်နိုင်တော့ဘဲ ပြဿနာတွေနဲ့၊ ဝေဖန်မှုတွေနဲ့ပဲ ဖြတ်သန်း
နေရလျက်ရှိနေခဲ့ပါတယ်။ ဒေးဗစ် မိုယက်စ်အနေနဲ့ မန်ယူကို ရောက်လာတာ ခုနစ်လကြာ
ခဲ့ပြီဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ဂရိကလပ် အိုလံပီယာကော့စ်နဲ့ ကစားတဲ့ ပွဲဟာ မန်ယူအတွက် ဆိုးဆိုး
ရွားရွားပွဲတစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဗန်ပါစီနဲ့ကစားသမားတွေ အချင်းချင်းစကားများ
တဲ့အဆင့်အထိ ရောက်သွားခဲ့ပါတယ်။ ဗန်ပါစီ ဆိုရင် မန်ယူက ထွက်ခွာမယ်လို့ဆိုတဲ့အထိ
ဖွင့်ဟသွားခဲ့ပါတယ်။ ပရီမီယာလိဂ် ၁၂ ပွဲ အကျန်မှာ မန်ယူဟာ ၄၅ မှတ်သာ ရရှိထားခဲ့ပါတယ်။
မနှစ်က ဖာဂူဆန်ရဲ့ မန်ယူနဲ့ ယှဉ်လိုက် ရင်တော့ ၂၃ မှတ်ကွာဟနေတဲ့ မန်ယူဟာ ဒီရာသီ
အတွက် နားလိုက်တော့ ဆိုရမယ့် သာဓကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်ယူဟာ ပရီမီယာ
လိဂ်ပွဲ မကစားလိုက်ရပါဘူး။ ကစားရမယ့် မန်စီးတီးက လိဂ်ဖလားဗိုလ်လုပွဲကစားရမှာကြောင့်
မကစား ဖြစ်လိုက်ရတာပါ။ ဒါဟာ အိုလံပီယာကော့စ်နဲ့ ပွဲအပြီးမှာကစားရမယ့် ပွဲစဉ်ဖြစ်ပါတယ်။
မကစားလိုက်ရတဲ့အတွက် ဒေးဗစ်မိုယက်စ် ကံကောင်းသွားတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒီပွဲ
ကိုသာ ဆက်တိုက်ကစားလိုက်ရရင် အိုလံပီယာကော့စ်ဆိုးကျိုး နောက်ဆက်တွဲကို ကြံုရ မှာ
ပဲဖြစ်ပါတယ်။
မတ်လထဲမှာ မန်ယူဟာ မန်စီးတီး၊ လီဗာပူးတို့နဲ့ပွဲကြီးတွေ ကစားရမှာ ဖြစ်ပါတယ်။ အိုလံပီယာ
ကော့စ်ပွဲအပြီးမှာတော့ အသင်းပိုင်ရှင်ဂလေဇာမိသားစုဟာ လာမယ့်ရာသီအတွက် အသင်းကို
အသစ်တည်ဆောက် ဖို့အတွက် စဉ်းစားလာခဲ့ပြီဖြစ်ပါတယ်။ တကယ် လို့ မန်ယူဟာ ချန်ပီယံ
လိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ် ၀င်ခွင့်တွေ လက်လွှတ်ရသည့်တိုင်အောင်အသင်းကို အသစ်တည်
ဆောက်ဖို့ ပေါင်သန်း ၂၀၀ အထိ သုံးမယ်လို့ သတင်းတွေထွက်နေခဲ့ပါ တယ်။
မန်ယူအနေနဲ့ အသစ်တည်ဆောက်ဖို့ အတွက် ကစားသမားခြောက်ဦးလောက်အထိ ကို
အားဖြည့်ရမယ်လို့လည်း သုံးသပ်နေခဲ့ကြပါ တယ်။ရွန်နေကို တစ်ပတ်လုပ်ခ ပေါင်သုံးသိန်း
နဲ့ စာချုပ်သစ်ချုပ်ခဲ့သလို မာတာကို ပေါင်သန်း ၄၀ ကျော်နဲ့ ခေါ်ခဲ့ပြီးတဲ့နောက်မှာတော့ မန်ယူ
ဟာ ဗန်ပါစီကို ထိန်းနိုင်ဖို့ ထပ်မံလုပ်ရဦး မှာပဲ ဖြစ်ပါတယ်။
အိုလံပီယာကော့စ်ပွဲအပြီးမှာ မန်ယူကထွက်ခွာဖို့ ဗန်ပါစီပြောဆိုလိုက်ခြင်း ဟာ ရွန်နီလိုပဲ မန်ယူ
ကို ခြိမ်းခြောက်ခြင်း တစ်မျိုးပဲဖြစ်ပါတယ်။ လာမယ့်ရာသီ အသစ်တည်ဆောက်မှုမှာ မန်ယူ
အနေနဲ့ နောက်တန်းနဲ့ ကွင်းလယ်ကိုအတောင့်တင်းဆုံးဖြစ်အောင် တည်ဆောက်ရမှာပဲဖြစ်ပါ
တယ်။
လက်ရှိမိုယက်စ်အသင်းမှာ အဆိုးရွားဆုံးနေရာက နောက်တန်းပဲဖြစ်ပါ တယ်။ ဗီဒစ်-ဖာဒီနန်-
အီဗရာတို့ ဆိုတာ အိုဟောင်းသွားခဲ့ပြီဖြစ်ပါတယ်။ စမောလင်းဪ ဖီးလ်ဂျုံးစ်ဪရာဖေးလ်
တို့ ဆိုတာဟာလည်း အလယ်အလတ်အဆင့်လောက်သာ ရှိကြတဲ့ လူငယ်ကစားသမားတွေပဲ
ဖြစ်ပါတယ်။ ပုံမှန် ခြေမရှိကြဘဲ၊ ဒီပွဲကောင်းပေမယ့် နောက်ပွဲ ကျတော့ ဆိုးဆိုးရွားရွားဖြစ်သွား
တတ်သူတွေပဲ ဖြစ်ပါတယ်။ မန်ယူကွင်းလယ်ဟာ လက်ရှိ မှာ ဆိုးရွားပေမယ့် တကယ်တမ်းမှာ
တော့ မိုယက်စ် အသုံးချမှုအပိုင်း အားနည်းခြင်းကြောင့်သာကွင်းလယ်က ဆိုးရွားခဲ့ရတာပဲ ဖြစ်
ပါတယ်။
တည်ငြိမ်တဲ့ကွင်းလယ်ကို မိုယက်စ်ဟာ ပွဲစဉ် (၂၇)ရောက်တဲ့အထိ တည်ဆောက်နိုင်ခြင်းမရှိ
ခဲ့ပါဘူး။ ဒါကြောင့် မန်ယူဟာ ရလဒ်ဆိုးသွား တာပဲဖြစ်ပါတယ်။ ကစားဟန်ကို ကြည့်လိုက်ရင်
လည်း မိုယက်စ်ဟာ စေျျငညါာသလနာနညအ ကို ဦးစားပေးတည်ဆောက်ထားခြင်း မရှိဘဲ
တောင်ပံအားကိုးကစားခြင်း တစ်ခုတည်းကိုပဲ တည်ဆောက်ထားတဲ့အတွက် အသင်းဟာ
အလယ်အလတ်အသင်းပုံစံကို ရောက်သွားရ တာပဲဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ်ဟာ
အသုံးမတည့်သလို ဖြစ်သွားသလို လူထုတ်ပုံ ကလည်း တစ်ပွဲတစ်မျိုးနဲ့ အသင်းကို မတည်ငြိမ်
စေသလို ဖြစ်သွားစေခဲ့ပါတယ်။
ဖာဂူဆန် ၀ယ်ခဲ့တဲ့ ကာဂါ၀ါ၊ မိုယက်စ်ဝယ်ခဲ့တဲ့ ဖယ်လိုင်နီ တို့ဟာ မန်ယူရောက်မှ ခြေပျောက်
သလို ဖြစ်သွားခဲ့ပါတယ်။ ကလေဘာလေ၊ ကားရစ် ကိုပဲ သုံးခဲ့သလိုတောင်ပံသမားတွေဖြစ်တဲ့
ဂျာနူဇာ၊ အက်ရှ်လေယန်းတို့ကို အားကိုးတည် ဆောက်ထားခဲ့ပါတယ်။ မာတာရောက်လာလို့
အသင်းကတိုးတက်လာမလား မျှော်လင့်ရပေ မယ့်ကစားဟန်က ပုံမှန်အတိုင်းပဲ ရှိထားတော့
အသင်းဟာ နိုင်လိုက်၊ ရှုံးလိုက်မတည်ငြိမ် ဖြစ်နေရတာပဲဖြစ်ပါတယ်။ ဒီအခြေအနေက ဒီနှစ်မှာ
ပြိုင်ဆိုင်အားကြီးတဲ့ ပရီမီယာလိဂ် မှာ ထိပ်တန်းအဆင့်နဲ့ ဝေးဖို့ဖြစ်လာစေတာပဲ ဖြစ်ပါတယ်။
မန်ယူဟာ လာမယ့်ရာသီအတွက် ဆောက် သမ်တန်နောက်တန်းက လုခ်ရှော၊ ဘိုင်ယန် မြူးနစ်
ကွင်းလယ်က တိုနီကရူးတို့ကို အဓိက ပစ်မှတ်ထားနေသလို စပိန်နဲ့ ဂျာမန်ကစား သမားတွေကို
ခေါ်ဖို့ ကြိုးပမ်းနေပါတယ်။
အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ မှာ ခေါ်မယ်လို့ ဆိုပါတယ်။ ဂလေဇာမိသားစု အနေနဲ့
မိုယက်စ်ရဲ့ လက်ရှိရလဒ်တွေအပေါ်မှာ အားရမှုမရှိပေမယ့် ဒီတစ်ရာသီအတွက်တော့ လွှတ်ထား
လိုက်ပြီး လာမယ့်ရာသီအတွက်တော့ သည်းခံစောင့်ဆိုင်းမယ် မထင်တော့ပါဘူး။
မန်ယူရဲ့ တစ်ရာသီစာ လက်မှတ်ဝယ်ယူထားတဲ့ အမာခံပရိသတ်တွေတောင်မှ မိုယက်စ်အပေါ်
စိတ်ပျက်လာနေတာက မိုယက်စ်အတွက် သတိထားစရာဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ကျန်
၁၂ ပွဲမှာမိုယက်စ်ပြင်ဆင်အား ဘယ်လောက်ကောင်းမလဲဆိုတာ စောင့်ကြည့် ရတော့မှာ ဖြစ်
ပါတယ်။
ဒါပေမဲ့ အိုလံပီယာ ကော့စ်ပွဲမှာ မန်ယူကစားသမားတချို့ဟာ အားကြိုးမာန်တက်မကစားဘဲ
ရပ်ကစားနေခြင်း အပေါ် ဗန်ပါစီ ဝေဖန်သွားခဲ့ခြင်းက မန်ယူ အတွက် သတိထားစရာပဲဖြစ်ပါ
တယ်။ လာမယ့်အပတ်မှာ မန်ယူဟာဝက်စ်ဘရွန်းနဲ့ အဝေးကွင်းကစားရတော့မှာ ဖြစ်ပါတယ်။
၀က်စ်ဘရွန်းကလည်း တန်းဆင်းဇုန်က လွတ်ဖို့ ရုန်းကန်နေတဲ့အသင်းဖြစ်လို့ မန်ယူအတွက်
ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာမှာ သေချာနေပါ တယ်။ ဥရောပ ာသညနပ ူနေါကန မှာလည်း
မန်ယူဟာ အဆင့်လျော့ကျလာခဲ့ပြီး လာမယ့် ရာသီမှာ ၀င်ငွေလျော့သွားဦးမှာဖြစ်လို့ ဂလေဇာ
မိသားစုဟာ ဒီရာသီမှာ အမြတ်ပေါ်ဖို့ မဖြစ်နိုင် တော့ပါဘူး။ အတက်အကျမတည်ငြိမ်မှုတွေရှိ
နေတဲ့အတွက် ဒီရာသီအတွက်တော့ မန်ယူဟာ ဆုံးရှုံးမှုတွေနဲ့ပဲ ဖြစ်လာဖို့ရှိနေပါရဲ့ ...။















