WBO လိုက်ဝိတ် ရွှေခါးပတ်ပိုင်ရှင်သစ် တဲရင့်စ်ကရောဖို့ဒ်

WBO လိုက်ဝိတ် ရွှေခါးပတ်ပိုင်ရှင်သစ် တဲရင့်စ်ကရောဖို့ဒ်

စကော့တလန် ဂလပ်စ်ဂိုမြေက SECC Arena မှာ ကျင်းပခဲ့တဲ့ WBO လိုက်ဝိတ် သရဖူ လုပွဲ
ဟာ လက်ဝှေ့အားကစားကမ္ဘာမှာ တာစားတဲ့ ပွဲတစ်ပွဲဖြစ်သလို ခုနစ်နှစ်တာ ရှုံးပွဲမရှိ စံချိန်တင်
ထားတဲ့ လက်ရှိရွှေခါးပတ်ပိုင်ရှင် စကော့ တလန်သား ရစ်ကီဘန်းစ်ရဲ့ အရှိန်ကြောင့်လည်း
၂၀၁၄ ရဲ့ အထင်ကရ Big Match ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

ပရိသတ် ၁၀,၀၀၀ ကိုယ်တိုင် ကိုယ်ကျ လာရောက်အားပေးခဲ့သလို ံြဥ ရုပ်သံကလည်း
တိုက်ရိုက် တင်ဆက်ပေးခဲ့တာ ကြောင့် နိုင်ငံတကာ အားကစားပရိသတ်တွေ ထိုင်ရာကမထ
တိုက်ရိုက်ရင်ခုန်ခွင့် ရခဲ့ကြပါ တယ်။ အားလုံးယူဆထားခဲ့ကြသလိုပါပဲ။ ဒီ လိုက်ဝိတ်တန်း
ဗိုလ်လုပွဲဟာ အလဲထိုးပွဲဖြစ်ဖို့ ခက်ခဲခဲ့ပြီး ပွဲချီပြည့် ၁၂ ချီ အပြန်အလှန် အကြိတ်အနယ်
နွှဲခဲ့ကြရတာကြောင့် ပွဲချီတိုင်း ပွဲချီတိုင်းဟာ စကော့တလန်သားတွေအတွက် ရင်ခုန်စရာ
ဖြစ်ခဲ့ရပါတယ်။

The Big Man လို့ လက်ဝှေ့ပရိသတ်ကြားမှာ ကျော်ကြားသူ ရစ်ကီဘန်းစ်ဟာ စိန်ခေါ်ပွဲပေါင်း
၄၀ နွှဲထားရာမှာ အလဲထိုးပွဲ ၁၁ ပွဲနဲ့ နိုင်ပွဲ ၃၆ ပွဲ စံချိန်ရှိထားသူ ကြိုးဝိုင်းဘုရင်တစ်ပါးဖြစ်ပြီး
၂၀၁၄ ဖေဖော်ဝါရီလကုန်အထိ ခုနစ်နှစ်တာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ရရှိထားသူ သံမဏိလူသား
တစ်ဦးပဲ ဖြစ်ပါတယ်။

WBO သရဖူကို စိန်ခေါ် ခဲ့သူ အမေရိကန် ငွေကြယ်ပွင့်သစ် တဲရင့်စ် ကရောဖို့ဒ်ကတော့
စိန်ခေါ်ပွဲပေါင်း ၂၃ ပွဲ နွှဲခဲ့ရာမှာ အလဲထိုးပွဲ ၁၆ ပွဲနဲ့ ရှုံးပွဲမရှိ စံချိန်တင် ထားသူ လူငယ်လက်
တက်တစ်ဦးဖြစ်ပြီး နီဘရာ စကား ပရိသတ်အသည်းစွဲ လက်ဝှေ့စတား တစ်ဦးပဲ ဖြစ်ပါတယ်။

စကော့တလန်ကြိုးဝိုင်း ဘုရင် ရစ်ကီအတွက် ပ ဉ္စမမြောက် သရဖူ ကာကွယ်ပွဲဖြစ်ပေမယ့် အခု
အကြိမ်မှာတော့ အရင် လေး ကြိမ်မှာ WBO ချန်ပီယံ ရွှေခါးပတ် ကို ဆက်လက်ထိန်းသိမ်းခွင့်
မရတော့ဘဲ ချန်ပီယံသစ် တဲရင့်စ်လက် လွှဲခဲ့ရတာကိုလည်း Ring မဂ္ဂဇင်းက တခမ်းတနား
စာဖွဲ့ဂုဏ်ပြု ထားပါတယ်။ ကြိ အမည်နဲ့ အမေရိကန်ကြိုးဝိုင်းကမ္ဘာမှာ တာစားသူ တဲရင့်စ်ဟာ
နီဘရာစကား ဇာတိ သားတစ်ဦးဖြစ်ပြီး အရပ် ငါးပေ၊ ရှစ်လက်မ မြင့်မားကာ WBO လိုက်ဝိတ်
ချန်ပီယံ ဖြစ်လာ ချိန်အထိ ကြိုးဝိုင်းလောကမှာ ရှုံးပွဲမရှိ စံချိန် တစ်ရပ် ရေးထိုးထားနိုင်သူပဲ
ဖြစ်ပါတယ်။

King of the Square Ring လို့ တင်စားခံရသူ လက်ဝှေ့ကျော်နှစ်ဦးဟာ ပရိသတ် အကြိုက်တွေ့
အောင်ကိုလည်း ပွဲချီတိုင်းမှာ အပြန်အလှန် ထိုးသတ်နိုင်ခဲ့တာ ကျေနပ်စရာပါလို့ HBO တင်ဆက်
သူတွေက ဆိုကြပါတယ်။ ဘယ်သူက ဘယ်သူ့ကို အလဲထိုးနိုင်မလဲဆိုတာ အတွေးပွား စရာများ
ခဲ့တဲ့ ဒီစိန်ခေါ်ပွဲဟာ မှားတဲ့သူ ခံစား သွားရနိုင်ပေမယ့် စူပါနှစ်ဦးစလုံးဟာ ဘယ်သူ ကမှ မမှားခဲ့
ကြပဲ ပွဲချီပြည့် ၁၂ ချီထိ ရေကုန် ရေခန်း လက်ကုန်ထုတ်သွားခဲ့ကြတာကြောင့် Big Match of
the Decade စာရင်းဝင်ခဲ့တဲ့ပွဲ တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

ဂလပ်စ်ဂိုမြေမှာ လက်ရှိ ချန်ပီယံပဲ ရွှေခါးပတ်ကို ဆက်လက်ထိန်းသိမ်း နိုင်မယ်လို့အများစုက
ယူဆခဲ့ကြပေမယ့် အမှတ် ပေး ဒိုင်လူကြီး သုံးဦးစလုံးရဲ့ ပေးမှတ်တွေက အမေရိကန်သား
တဲရင့်စ်ကို သာသာပေးခဲ့ကြ ပြီး စုစုပေါင်းရမှတ် (၁၁၆ - ၁၁၂)၊ (၁၁၇ - ၁၁၂)၊ (၁၁၆ - ၁၁၂)
နဲ့ WBO လိုက်ဝိတ်ချန်ပီယံ ရွှေခါးပတ် ဆင်မြန်းခွင့်ရခဲ့တာကိုလည်း Ring က ကောင်းချီးပေး
ထားပါတယ်။

အခုပွဲကို စီစဉ်သူ Promotor အက်ဒီယမ် ကလည်း ပွဲရလဒ်နဲ့ ပတ်သက်ပြီး အခုလို ဆိုသွား ပါ
တယ်။ "လက်ညီတဲ့ စူပါနှစ်ဦးတွေ့တာ ကြောင့် ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်ခဲ့တာ အားလုံး အသိ
ပါ။ ဂလပ်စ်ဂိုမြေမှာ အကြိမ်ကြိမ် အနိုင်ရ ထားသူ ရစ်ကီကလည်း အကောင်းဆုံး ထိုးသတ် ခဲ့
တာပါ။ ခုနစ်မှတ် အကွာနဲ့ သရဖူလက်လွှဲခဲ့ရ တာကိုတော့ အားလုံးက နားလည်ပေးနိုင်ကြ မှာပါ။

စိန်ခေါ်မှုတွေ ပြင်းထန်တဲ့ ဒီကြိုးဝိုင်း ကမ္ဘာမှာ ချန်ပီယံသစ်တွေ အဆက်မပြတ် ပေါ်ထွက်လာမှာ
ဆိုတာ အမှန်ပါပဲ"လို့ ESPN နဲ့ တွေ့ဆုံချိန်မှာ ဖြေကြားသွားပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ်ပါ၊
WBO လိုက်ဝိတ်ချန်ပီယံသရဖူဟာ စွမ်းဆောင်ပြနိုင်သူ၊ ထိုက်တန်သူတွေရဲဲ့ လက်ထဲမှာပဲ
ရှိနေမယ်ဆိုတာကိုတော့ ခြွင်းချက် မရှိ လက်သင့်ခံကြရမှာပဲ မဟုတ်ပါလား။ ပူပူ နွေးနွေး
WBO လိုက်ဝိတ်ချန်ပီယံသစ် တဲရင့်စ် ရဲ့ပွဲတွေကို စောင့်စားရင်း...။



ဖတ်ရှုမှုအများဆုံး