ဒီတစ်ပတ်တော့ ထိပ်ဆုံးသုံးသင်းရဲ့ပွဲတွေကို နားဦးမယ်

ဒီတစ်ပတ်တော့ ထိပ်ဆုံးသုံးသင်းရဲ့ပွဲတွေကို နားဦးမယ်

ဗလင်စီယာ - ဘီလ်ဘာအို
ဒီတစ်ပတ်ကစားမယ့်ပွဲစဉ်တွေ ကြည့်တဲ့အခါမှာတော့ ချန်ပီယံဆုအတွက် အပြိုင်ကစား နေကြ
တဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ အလက်တီကို သုံးသင်းစလုံး သိပ်မခက်ခဲနိုင်တဲ့ ပွဲမျိုးတွေကြံု
နေပါတယ်။

ဘာစီလိုနာက အဝေး ကွင်းမှာ ဗယ်လာဒိုးလစ်၊ ရီးယဲလ်မက်ဒရစ်က အိမ်ကွင်းမှာ လီဗန်တေး၊
အလက်တီကိုက အဝေးကွင်းမှာ ဆယ်လ်တာဗီဂိုလိုအသင်းတွေနဲ့ ကစားရဖို့ရှိနေကြလို့ စာရွက်
ပေါ်မှ အနေအထားတွေအရတော့ သုံးသင်းစလုံး အနေအထားကောင်းနိုင်ပြီး ဂိုးပြတ်၊ မပြတ်ပဲ
စောင့်ကြည့်ရမယ့်ပွဲမျိုးတွေ ဖြစ်လာနိုင်တယ်။

အဝေးကွင်းမှာ ကစားကြရမယ့် ဘာစီလိုနာနဲ့ အလက်တီကိုအတွက်တော့ ချန်ပီယံလိဂ် ကစား
ဖို့လည်း ရှိနေကြလို့ ပြိုင်ပွဲနှစ်ခုကြား အာရုံ မျှအောင် ထိန်းသိမ်းကစားရမယ့်အခြေအနေ မျိုးလို့
ပြောနိုင်ပေမယ့် ပြိုင်ဘက်အနေအထား တွေအရတော့ အနိုင်ရအောင် ကစားနိုင်စွမ်းတော့ရှိကြ
လိမ့်မယ် ထင်ပါတယ်။

ရီးယဲလ်မက်ဒရစ်ကလည်း အိမ်ကွင်းမှာ ကစားရမယ် ဆိုပေမယ့် အခုတစ်လော ခြေစွာနေတဲ့
လီဗန် တေးလိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဂိုးတွေရဖို့ ခက်ခဲနိုင်ဖို့ကလွဲပြီး အနိုင်ရလဒ်
ရအောင်တော့ ကစားနိုင်မယ့် အခြေအနေမျိုး မှာရှိနေတယ်။ ဒါကြောင့် ဒီတစ်ပတ်ကစားကြမယ့်
ပွဲတွေ ထဲမှာ အပြိုင်အဆိုင်ဖြစ်နိုင်မယ့် ပွဲတစ်ပွဲဖြစ် တဲ့ ဗလင်စီယာနဲ့ ဘီလ်ဘာအိုပွဲကိုပဲ ရွေး
ချယ်ပြီး ခန့်မှန်းကြည့်ချင်မိပါတယ်။

လက်ရှိအနေအထားတွေအရတော့ ဘီလ်ဘာအိုဟာ ချန်ပီယံ လိဂ် ၀င်ခွင့်ရဖို့အတွက် အကောင်း
ဆုံးအနေအထားကို ပိုင်ဆိုင်ထားပြီး ဗလင်စီယာကတော့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက်
အမှားခံ လို့ရတဲ့ အခြေအနေမျိုးဖြစ်လို့ ဒီပွဲဟာပိုပြီး အကြိတ်အနယ်ရှိမယ့် ပုံမျိုးပေါ်နေတယ်။
လက်ရှိ ဗလင်စီယာကလည်း ၂၀၁၄ ခုနှစ်အတွင်းမှာ ကစားပုံသိသိသာသာအားကောင်းလာ
နေတာ တွေ့ရတယ်။

၂၀၁၄ အတွင်း ကစား ခဲ့တဲ့ပွဲတွေမှာ ဆယ်လ်တာဗီဂိုကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးခဲ့တဲ့တစ်ပွဲ
တည်းသာ ရှုံးပွဲရှိခဲ့ပြီး ကျန်တဲ့ ခုနစ်ပွဲကိုတော့ (ရာယိုနှင့်ပွဲမပါသေး) အရှုံးမရှိအောင် ကစား
ထားနိုင်တာတွေ့ရ တယ်။ ဒီလိုပဲ ၂၀၁၄ အတွင်း အိမ်ကွင်းမှာ လေးပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘူး။

ဒါကြောင့် ဗလင်စီယာရဲ့ လက်ရှိကစားအားဟာ ဘီလ်ဘာ အိုကို အကောင်းဆုံးခြိမ်းခြောက်နိုင်
စွမ်းရှိနေတာတော့ အမှန်ပါပဲ။ ဘီလ်ဘာအိုကတော့ ဒီရာသီ ထိပ်ဆုံးအသင်း သုံးသင်းပြီးရင်
ခြေအမှန်ဆုံးအသင်းလို့ ပြောနိုင် တယ်။ ဒါကြောင့်လည်း လက်ရှိသူတို့ရပ်တည် နေတဲ့ချန်ပီယံ
လိဂ်ဝင်ခွင့် နောက်ဆုံးနေရာဖြစ်တဲ့ အဆင့်(၄)နေရာဟာ သူတို့အတွက်ထိုက်တန်တယ်လို့
တောင် ပြောလို့ရပါတယ်။


 

ဘီလ်ဘာအိုဟာ နည်းပြကီကေဖလောရက်စ် လက်ထဲမှာ အကောင်းဆုံးကစားပြနေနိုင်ပေမယ့်
၂၀၁၄ ခုနှစ်အတွင်း ကစားခဲ့တဲ့ပွဲတွေကိုကြည့်ရင် တော့ အဝေးကွင်းမှာ ဆိုဆီဒက်ကိုရှုံးပြီးနောက်
ပိုင်း သုံးပွဲဆက်တိုက် အရှုံးမရှိအောင် ကစား ထားနိုင်ခဲ့တယ်။ အစပိုင်းက အဝေးကွင်းပွဲတွေ မှာ
ဘီလ်ဘာအိုကစားပုံဟာ ခံစစ်မတည်ငြိမ်မှု မျိုး တွေ့နေရပေမယ့်လည်း နောက်ဆုံးကစားခဲ့ တဲ့
အဝေးကွင်းသုံးပွဲမှာတော့ ပေးဂိုးတစ်ဂိုးသာရှိပြီး ဂိုးမပေးရအောင် နှစ်ပွဲကစားထားနိုင် တယ်။

နောက်ဆုံးအဝေးကွင်းပွဲမှာလည်း ဘက်တစ်ကို ၂-၀ နဲ့အနိုင်ယူထားတာတွေ့ရ တယ်။ ဒါကြောင့်
ဘီလ်ဘာအိုရဲ့ အဝေးကွင်း ကစားပုံဟာ ၂၀၁၄ ထဲမှာ ပိုပြီးတိုးတက် မှုရှိလာတယ်လို့တော့
ပြောနိုင်ပါလိမ့်မယ်။ ဘီလ်ဘာအိုအတွက် နောက်တစ်ချက် အခွင့် အရေးသာနေတာက နည်းပြ
ကီကေဖလောရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဗလင်စီယာကို အကောင်းဆုံးကိုင်တွယ်ပြပြီး ယူရိုပါ
လိဂ် ၀င်ခွင့်ရတဲ့အထိ ဦးဆောင်ပေးနိုင်ခဲ့တဲ့သူ တစ်ယောက်ဖြစ်နေတဲ့အချက်ပါပဲ။

ဒါကြောင့် ဖလောရက်စ်ဟာ ဗလင်စီယာရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကောင်းကောင်း
သိနေတဲ့အနေအထားမျိုးမှာ ရှိနေပါတယ်။ ဗလင်စီယာကတော့ အခုနောက်ပိုင်းကစားပုံ
တိုးတက်လာတာမှန်ပေမယ့် ခံစစ်ကစားပုံ ကိုတော့ စိတ်ချထားလို့မရသေးပါဘူး။ ဒါပေမဲ့
ဘာစီလိုနာကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး နောက်ပိုင်းမှာတော့ ဗလင်စီယာကစားပုံဟာ
စိတ်ဓာတ်အားပါ ပိုကောင်းလာခဲ့ပြီး ဘာစီလိုနာ ပွဲ နောက်ပိုင်းကစားခဲ့တဲ့ သုံးပွဲမှာ ခံစစ်ကစား
ပုံလည်း တိုးတက်မှုပိုပြလာတာတွေ့ရတယ်။ ဘာစီလိုနာနဲ့ပွဲအပြီး သုံးပွဲကစားထားရာမှာ
ပေးဂိုးတစ်ဂိုးသာရှိထားပြီး ခံစစ်ပိုင်း တည်ငြိမ် လာမှုကို တွေ့နေရတယ်။

တိုက်စစ်ပိုင်းကတော့ အိမ်ကွင်းပွဲတွေမှာ ဂိုးရဖို့ သိပ်မပူရပါဘူး။ ဘီလ်ဘာအိုကတော့ ဒီပွဲမှာ
ဗလင်စီယာ တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ အဓိကကြိုးစားရ ဖွယ်ရှိနေပေမယ့် အသင်းလိုက်စုစည်း
မှုရှိပြီး လျင်မြန်စွာကစားတတ်ပုံကတော့ ဗလင်စီယာ ဘက်ကို ဖိအားပြန်ပေးနိုင်မယ့်အနေအထား
မျိုးလို့ပြောနိုင်တယ်။ ဒါပေမဲ့ အဝေးကွင်းပွဲတွေ မှာတော့ ဘီလ်ဘာအိုရဲ့ခံစစ်ကြောင်းကို လုံးဝ
စိတ်ချထားလို့မရသေးပါဘူး။

ဘီလ်ဘာအိုရဲ့ ခံစစ်ဟာ အဝေးကွင်းပွဲတွေမှာ အသင်းကြီး တွေနဲ့ ရင်ဆိုင်ရတိုင်း ဂိုးပေးရလေ့ရှိ
ပါတယ်။ ဒါကြောင့်လည်း ဒီပွဲမှာ ဘီလ်ဘာအိုခံစစ် ဗလင် စီယာ တိုက်စစ်ကိုဘယ်အခြေအနေ
လောက် အထိ တောင့်ခံကစားသွားနိုင်မလဲဆိုတာက အဓိကစဉ်းစားရတော့မယ့်အချက်လို့
ပြောနိုင် တယ်။ ဗလင်စီယာအတွက်ကတော့ ယူရိုပါလိဂ် ၀င်ခွင့်ရဖို့ ရုန်းကန်နေရချိန်မျိုးဖြစ်လို့
အိမ်ကွင်း မှာ ကစားရမယ့်ပွဲတွေမှာ အတတ်နိုင်ဆုံး အမှတ် ရအောင် ရှာလိမ့်မယ်။

ဒီပွဲကနေအမှတ်မယူနိုင်ခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ ခက်ခဲသွားနိုင်တဲ့အတွက် ဗလင်စီယာဟာ
အမှတ်မရရအောင်တော့ ကစားသွားမယ်ထင်ပါတယ်။ သရေကျပြီး ဂိုးများနိုင်မယ့်ပွဲလို့ပဲ မှန်း
ထားချင်ပါတယ်။

အခြားပွဲစဉ်များ
ဗယ်လာဒိုးလစ် - ဘာစီလိုနာ *
* ဘက်တစ် - ဂီတာဖေး
* ဆယ်လ်တာ - အလက်တီကို
* ဂရန်နာဒါ - ဗီလာရီးယဲလ်
အက်စ်ပန်ညို - အယ်လ်ချီ *
အယ်လ်မီရီယာ - ဆီဗီလာ *
* ရီးယဲလ် - လီဗန်တေး
အိုဆာဆူနာ - မာလာဂါ *
ဆိုစီဒက် - ရာယို



ဖတ်ရှုမှုအများဆုံး