အသေချာဆုံးက မန်စီးတီးအသင်းပါပဲ - အက်ဖ်အေဖလားကွာတားပွဲစဉ်များ

အသေချာဆုံးက မန်စီးတီးအသင်းပါပဲ - အက်ဖ်အေဖလားကွာတားပွဲစဉ်များ

အာဆင်နယ် - အဲဗာတန်
ကွာတားအဆင့်ကို ရောက်နေလို့ အရေးကြီး တဲ့ အဆင့်ကို ရောက်လာပါပြီ။ ပရီးမီးယားလိဂ်
ကစားတော့ အာဆင်နယ်ကွင်းမှာ အဲဗာတန်သရေကစားနိုင်ခဲ့ပါတယ်။အာဆင်နယ်ဟာလီဗာပူး
ကို အနိုင်ရပြီး ဒီအဆင့်ကို တက်လာ တာ ဖြစ်ပါတယ်။အဲဗာတန်ကစားအားကောင်း တဲ့အတွက်
အာဆင်နယ် ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ အသင်း ထက်စာရင်
ဂိုးအနည်းကို ရွေးချယ်တာ အကောင်းဆုံးပါ။

ရှက်ဖီးယူနိုက်တက် - ချာလ်တန်
ရှက်ဖီးယူနိုက်တက်ရောချာလ်တန်ပါလိဂ်ချန်ပီယံရှစ်တန်းက အသင်းတွေဖြစ်ပါတယ်။
ချာလ်တန်ဟာ ဒီအဆင့်ကို နှစ်ကျော့ကစားပြီး တက်လာတဲ့အသင်းဖြစ်ပါတယ်။ အောက်စ်ဖို့ဒ်
ကို သရေကျ၊ ပြန်ကစားမှအနိုင်ရ၊ ဖူလ်ဟမ်ကို သရေ ကျ၊ပြန်ကစားမှအနိုင်ရ၊ရှက်ဖီးဝင်း နက်စ်
ဒေးကိုသရေကျ၊ပြန်ကစားမှအနိုင်ရပြီး တက်လာတာဖြစ်ပါတယ်။ အခုရှက်ဖီးယူနိုက် တက်ကွင်း
မှာတော့ သရေကျဖို့မဖြစ်နိုင်တော့ ပါဘူး၊ ရှက်ဖီးယူနိုက်တက် အနိုင်ရမှာသေချာပါတယ်။ ဂိုး
လည်း များပါလိမ့်မယ်။

ဟားလ်စီးတီး - ဆန်းဒါးလန်း
ဆန်းဒါးလန်းကတော့လိဂ်ဖလားပွဲမှာရှုံးနိမ့် သွားလို့ အခုအက်ဖ်အေဖလားပွဲမှာဆီးမီးတက်
ဖို့အတွက် ဒီပွဲကို အားခဲထားပါလိမ့်ဦးမယ်။ ဟားလ်စီးတီးက ပြီးခဲ့တဲ့တစ်ပတ်က နယူး ကာဆယ်ကိုကစားရာမှာ တော်တော်ဆိုးရွားခဲ့ပါတယ်။အခုအိမ်ကွင်းဖြစ်လို့ အားသာတယ်
ထင်ရပေမယ့်ဆန်းဒါးလန်းကိုလျှော့တွက်လို့ မရပါဘူး၊ဆန်းဒါးလန်းကိုကြိုက်ပါတယ်။

မန်စီးတီး - ၀ီဂန်
လိဂ်ဖလားကို ပူပူနွေးနွေးရထားတဲ့ မန် စီးတီးအသင်း သူ့ပရိသတ်တွေစီးတီးကွင်းမှာ အောင်ပွဲ
ခံနိုင်ဖို့ထပ်မံကြိုးစားပြမယ့်ပွဲ ဖြစ်ပါတယ်။ ၀ီဂန်ဆိုတာ မနှစ်ကအက်ဖ်အေ ဖလားဗိုလ်လုပွဲမှာ
မန်စီးတီးကိုအသဲခွဲဲသွားတဲ့အသင်းဖြစ်ပါတယ်။ အခုတော့ မန်စီးတီးဟာလက်စားခြေခွင့်ရသွားပြီ
ဖြစ်ပါတယ်။ မန်စီးတီးနိုင်ပါလိမ့်မယ်၊ ဂိုးတွေလည်းအများကြီးသွင်း ပါလိမ့်မယ်။ မန်စီးတီးကနေ
ရမယ့်ပွဲ ဖြစ်ပါ တယ်။



ဖတ်ရှုမှုအများဆုံး