ဘိုလော့နာ - ဆက်စူလို
အိမ်ကွင်းစွာတဲ့ ဘိုလော့နာဟာ ပြီးခဲ့တဲ့ အိမ်ကွင်း နှစ်ပွဲဆက်တိုက်မှာ ရိုးမားကို ၁-၀၊ ယူဒီးနိစ်ကို
၂-၀ ရှုံးထားလို့ အခုပွဲကိုတော့ နိုင်အောင်ဖျစ်ညှစ်ကစားမှာ သေချာတယ်။ လူငယ်ကစားသမား
တွေ ကို ထည့်သုံးလာလို့ ဘိုလော့နာရဲ့ ကစားအား၊ ပြေးအားတွေ တိုးတက်လာပေမယ့် ခြေစွမ်း
မတည်ငြိမ် ဘူး။ တန်းဆင်းလက်မှတ် ရသွားပြီဖြစ်တဲ့ ဆက်စူလိုကတော့ ဆက်တိုက် စိုက်ဆင်း
နေပြီး အဖြည့်ခံ အဆင့်မှာပဲရှိတယ်။ အားထည့်ကစားရင် ဘိုလော့နာအတွက် သုံးမှတ်သေချာ
တယ်။
ကာတာနီးယား - ကက်ဂလီယာရီ
ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်မှာ ချီယေဗိုနဲ့ ဂျီနိုအာတို့ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ကာတာနီးယား ခြေစွမ်း
က အကျဘက်ပြနေတယ်။ လူထည့်သွင်းပုံ မတည်ငြိမ်လို့ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်း
ထိခိုက်သွားတယ်။ ကက်ဂလီယာရီကတော့ ယူဒီးနိစ်ကို သုံးဂိုးပြတ်နိုင်ထားတဲ့ ခြေစွမ်းကို
ဆက်ထိန်းနိုင်ဖို့လိုတယ်။ ကက်ဂလီယာရီ တိုက်စစ်မှာ ကိုလံဘီယာတိုက်စစ်မှူး ဗစ်တာအီ
ဘာဘို နဲ့ ၀ါရင့်တိုက်စစ်သမား ပင်နီလာတို့ တွဲပြီးခြေစွမ်းပြလာတယ်။ နောက်ပြီး ကက်ဂလီ
ယာရီဟာ အိမ်ကွင်း၊ အဝေးကွင်းမရွေး ခြေစွမ်းပြတတ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ကက်
ဂလီယာရီ ကိုပိုကြိုက်တယ်။
ချီယေဗို - ဂျီနိုအာ
တန်းမဆင်းရရေးအတွက် ချီယေဗိုတို့ ရှိသမျှ စိတ်ဓာတ်၊ ခွန်အားသုံးပြီး ဖျစ်ညှစ်ကစားလာလို့
လျှော့တွက်လို့ မရတော့ဘူး။ အိမ်ကွင်းပွဲစဉ်တွေမှာ ချီယေဗိုတို့ အချိတ်အဆက်မိပြီး ကစားကွက်
ပေါ်လွင်တယ်။ ဂျီနိုအာကလည်း ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ခြေစွမ်းပြန်တက်လာတယ်။
အထူးသဖြင့် ဂျီနိုအာတိုက်စစ် ထက်မြက်လာပြီး လေးပွဲဆက်တိုက်မှာ ခုနစ်ဂိုးသွင်းခဲ့လို့ တစ်ပွဲ
ပျှမ်းမျှ နှစ်ဂိုးနှုန်းနီးပါး ရှိတယ်။ အခုလည်း ချီယေဗိုကွင်းမှာ ဂျီနိုအာတို့ ရှိန်နေမှာမဟုတ်ဘဲ
တိုက်စစ်ဖွင့် ကစားဦးမှာပါ။ ဒါပေမဲ့ တန်းမဆင်းရဖို့ 'ညှစ်' လာတဲ့ အိမ်ရှင်ချီယေဗိုဘက်က
အရဲစွန့်သင့်တယ်။
နာပိုလီ - ရိုးမား
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ဂျီနိုအာ၊ လီဗော်နိုတို့ကို သရေကျခဲ့လို့ နာပိုလီခြေစွမ်းတည်ငြိမ်မှုကို
မေးခွန်းထုတ်ရမလို ဖြစ်နေတယ်။ ယူရိုပါလိဂ်နဲ့ စီးရီးအေ ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ဖွင့်
ကစားနေရတဲ့ နာပိုလီဟာ စီးရီးအေဘက်မှာ စွမ်းဆောင်ရည်ပိုင်း ထိခိုက်ကျဆင်းသွားတယ်။
ရိုးမားကတော့ ခြေစွမ်းကောင်းမွန်တည်ငြိမ်ပေမယ့် တော့တီ မကစားနိုင်ခြင်းနဲ့အတူ ဂိုးသွင်းအား
အနည်းငယ်ကျဆင်းလာပြီး နှစ်ပွဲဆက်တိုက်မှာ တစ်ဂိုးသာ သွင်းနိုင်တော့တယ်။ ပြီးခဲ့တဲ့အပတ်
ကလည်း အင်တာကို သရေ ကျခဲ့တာကြောင့် ဒီပွဲမှာ ရိုးမားတို့ ပြန်ညှစ်မယ် ထင်တယ်။ ဒါပေမဲ့
ရိုးမား ဟာ အချိတ်အဆက်မိပြီး ကစားကွက်ထောင့်စေ့တယ်။ နာပိုလီတို့ သရေထက် မပိုနိုင်ဘူး။
လာဇီယို - အတ္တလန္တာ
ယူရိုပါလိဂ်က ထွက်လိုက်ရပြီးနောက် စီးရီးအေဘက်ကို ပြန်ပြီးအာရုံစိုက်လာလို့ လာဇီယိုခြေစွမ်း
ပြန်တက်လာတယ်။ အထူးသဖြင့် ကွင်းလယ်တိုက်စစ်နဲ့ ကစားကွက်ဖော်တဲ့အပိုင်းမှာ အရင်ခြေ
စွမ်းမျိုး ပြန်လည်ရရှိလာတယ်။ အတ္တလန္တာကတော့ အိမ်ကွင်းမှာ အနိုင်ညှစ်ကစားပေမယ့် အဝေး
ကွင်းမှာ သာမန်ခြေစွမ်းပဲရှိတယ်။ အခုပွဲကလည်း လာဇီယိုရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာ
ကြောင့် အတ္တလန္တာတို့အတွက် အမြင့်ဆုံးမျှော်လင့်လို့ရတာက သရေရလဒ်ပါပဲ။ လာဇီယို နိုင်ပွဲ
ဆက်ဦးမယ့် အခြေအနေမှာရှိတယ်။
ဂျူဗင်တပ် - ဖီအိုရင်တီးနား
ဖေဖော်ဝါရီလဆန်းမှာ ဗီရိုနာကို ၂-၂ သရေကျတဲ့ပွဲကလွဲရင် ကျန်တဲ့ပွဲတိုင်း နိုင်ထားတဲ့ ဂျူဗင်
တပ် ခြေစွမ်းက စီးရီးအေမှာ ပြိုင်ဘက်ကင်း အနေအထားလောက်မှာရှိတယ်။ ရှေ့လယ်နောက်
ချိန်ခွင်လျှာမျှတပြီး အရန်အင်အားတောင့်တင်းတယ်။ ဖေဖော်ဝါရီလထဲမှာ တေဗက်ဇ်-လော်ရန်
တေး တိုက်စစ်အတွဲ ပြန်လည်ခြေစွမ်းပြလာပြီး အသစ်ရောက်လာတဲ့ တိုက်စစ်မှူး အော့စ်ဗဲလ်ဒို
ကပါ ခြေစွမ်းပြဂိုးသွင်းနိုင်လို့ ဂျူဗင်တပ်တိုက်စစ်အားက ကြောက်စရာပါ။ ဖီအိုရင်တီးနားကတော့
ယူရိုပါလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ခုကြားမှာ ရုန်းကန်နေရတယ်။ အဓိကတိုက်စစ်မှူး ရော့စီလည်း
ဒဏ်ရာရထားပြီး ဂိုမက်ဇ်၊ အသစ်ရောက်လာတဲ့ မာထရီတို့ရဲ့ ဂိုးသွင်းနှုန်းကလည်း အားရစရာ
မရှိသေးဘူး။ အဖြေက ဂျူဗင်တပ်လက်ထဲမှာရှိတယ်။
ပါးမား - ဗီရိုနာ
ဆက်တိုက် ခြေတက်လာတဲ့ပါးမားဟာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ 'ဖော်မြူလာ'မျိုး ကစားနေတယ်။
ပါးမားတိုက်စစ်မှာ ၀ါရင့်သမ္ဘာရင့်တွေဖြစ်တဲ့ ကာဆာနို၊ အမော်ရီအတွဲနဲ့အတူ လူလတ်တိုက်စစ်
မှူး ဘီယာဘီယန်နီကပါ တွဲဖက်ခြေစွမ်းပြလာတယ်။ ပြီးခဲ့တဲ့ ငါးပွဲဆက်တိုက်မှာ လေးပွဲက ဂိုး
သွင်းမခံရလို့ ပါးမားခံစစ်ကြောင်း လုံ ခြံုကျစ်လျစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ဗီရိုနာလည်း
ခြေစွမ်း အားဖြင့် မညံ့ပေမယ့် နောက်တန်းစိတ်မချရသလို အဝေးကွင်းခြေစွမ်းနဲ့ရလဒ်တွေ
အားရစရာမရှိဘူး။ ပါးမားကို ပိုကြိုက်တယ်။
ဆမ်ဒိုးရီးယား - လီဗော်နို
ရိုးမားနဲ့ အေစီမီလန်တို့ကို ဆက်တိုက်ဂိုးပြတ် ရှုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်မှာ တိုရီနိုကို နှစ်ဂိုးပြတ်
နိုင်လိုက်လို့ ဆမ်ဒိုးရီးယားဟာ အလယ်အလတ်နဲ့ အသင်းငယ်တွေကို ရင်ဆိုင်ရာမှာ ခြေစွမ်း
ထက်မြက်သေးတယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်။ ဆမ်ဒိုးရီးယားရှေ့တန်းမှာ အားထားရတဲ့
တိုက်စစ်မှူး ဂမ်ဘီယာဒီနီ ပြန်ကစားလာပြီး ဂိုးတွေသွင်းနိုင်လို့ အားတက်စရာပါ။ လီဗော်နိုက
တော့ တန်းမဆင်းရဖို့ ဖျစ်ညှစ်ကစားလာတယ်။ ပြိုင်ဘက်လီဗော်နိုရဲ့ စိတ်ဓာတ်နဲ့ကစားအား
ကြောင့် ဆမ်ဒိုးရီးယားတို့ အချိတ်အဆက်မမိရင် နိုင်ဖို့သိပ်မလွယ်ဘူး။
ယူဒီးနိစ် - အေစီမီလန်
အစောပိုင်းက ခြေစွာလာတဲ့ ယူဒီးနိစ်တို့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတယ်။ တိုက်စစ်နဲ့
ဂိုးသွင်းအား ယူဒီးနိစ်တို့ သိသိသာသာ လျော့ကျသွားခြင်းမျိုး မရှိပေမယ့် နောက်တန်းတည်ငြိမ်
မှု ကျဆင်းလာပြီး ပေးဂိုးတွေ မြင့်တက်လာတယ်။ အေစီမီလန်ကတော့ နည်းပြသစ် ဆီးဒေါ့ဖ်
လက်ထက်မှာ ကွင်းလယ်တိုက်စစ် ဦးစားပေးလာပြီး ကစားပုံ သွက်လက်လာတယ်။ ထိပ်တန်း
အသင်းကြီးတွေ ရင်ဆိုင်ရာမှာ ရလဒ်မကောင်းပေမယ့် အလယ်အလတ်နဲ့ အသင်းငယ်တွေကို
ရင်ဆိုင်တဲ့အခါ အေစီမီလန်တို့ ခြေစွမ်းရော ရလဒ်ပါ တိုးတက်မှုရှိလာတယ်။ အေစီမီလန်ကို
ရွေးချယ်သင့်တယ်။














