၀က်စ်ဘရွန်း - မန်ယူ
နှစ်သင်းစလုံးရုန်းကန်နေကြရတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ၀က်စ်ဘရွန်းနည်းပြ ပီပီမဲလ်
အတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေသလို မိုယက်စ်အတွက်လည်း ဒီပွဲကအရေးကြီးနေပါ တယ်။
၀က်စ်ဘရွန်းမှာဒဏ်ရာရနေတဲ့ ဆက်ဆင်နွန်ပြန်ပါလာလို့ တိုက်စစ်နဲ့ကွင်းလယ် ပိုကောင်း
လာနိုင်ပါတယ်။ အိမ်ကွင်းမှာအသင်းကြီးတွေကို အနိုင်မကစားနိုင်ပေမယ့် သရေကစားနိုင်စွမ်း
ရှိတဲ့ အသင်းဖြစ်လို့ မန်ယူခက်ခက်ခဲခဲကစားရပါလိမ့်ဦးမယ်။ ပြီးခဲ့တဲ့ အပတ်က မန်ယူတို့
ပွဲမကစားထားတဲ့အတွက် အနားရနေတာမှန်ပေမယ့် နိုင်ငံတကာခြေစမ်း ပွဲတွေကြောင့်
ကစားသမားတွေပွဲပန်းနေနိုင်ပါတယ်။မန်ယူအနိုင်ရဖို့ မလွယ်တာသေချာလို့ ၀က်စ်ဘရွန်းကိုရွေး
လိုက်ပါ။
ခရစ္စတယ်ပဲလေ့စ်-ဆောက်သမ်တန်
ခရစ္စတယ်ပဲလေ့စ်ကို လျှော့မတွက်ပါနဲ့၊ ရုန်းအားကောင်းနေပါတယ်။ ဆွမ်ဆီးကိုသရေကစားခဲ့တဲ့
ပြီးခဲ့တဲ့အပတ်ကပွဲစဉ်မှာ ကစားပုံတော်တော်ကောင်းခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကစားတာကောင်း
ပါတယ်။ ဆောက်သမ်တန် ဒီသီတင်းပတ်တွေအတွင်းမှာ ခြေစွမ်းပြန်ကျနေပါတယ်။ နှစ်ပွဲဆက်
တိုက်ရှုံးပွဲတွေ့ထားပါတယ်။ နောက်ပြီး ဆောက်သမ်တန်အနေနဲ့ တစ်ခါတစ်ရံ ခြေစွမ်းကမယုံနိုင်
လောက်အောင် ပျက်တတ်တဲ့ အကျင့်ကလည်း ရှိနေပါတယ်။အခုလည်း အဝေးကွင်းမှာ ရုန်းကန်
ရနိုင်ပါတယ်။ ခရစ္စတယ်က အိမ်ကွင်းမှာအမှတ်ရအောင် ကစားနိုင်စွမ်း ရှိတာကြောင့် ဒီပွဲမှာလည်း
အမှတ်ရသွားနိုင်ပါတယ်။ ခရစ္စတယ်သရေနဲ့ အနိုင်ပါ။
ကာဒစ်ဖ်-ဖူလ်ဟမ်
ကာဒစ်ဖ်ရော၊ ဖူလ်ဟမ်ပါ တန်းဆင်းဇုန်ထဲမှာရှိနေတဲ့ အသင်းတေ ွဖြစ်ပါတယ်။ ရုန်းကန်နေတဲ့
နှစ်သင်းတွေ့တဲ့ပွဲမို့ အကြိတ်အနယ်ဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့စပါးနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့်
ကာဒစ်ဖ်အနေနဲ့အိမ်ကွင်းမှာ အနိုင်ရအောင်ကစားဖို့တော်တော်ပြင်ဆင်ထားနိုင်တဲ့ ပွဲဖြစ်နိုင်ပါ
တယ်။ ဖူလ်ဟမ်ကလည်းနည်းပြသစ်နဲ့ဖြစ်ပေမယ့် ထင်သလောက်ကစားအား တက်မလာပါဘူး။
ကာဒစ်ဖ်ကွင်းမှာ ဖီးလစ်မာဂတ် ခံစစ်ကို ဘယ်လောက်ပြင်ဆင်မလဲဆိုတာ ကိုပဲ စောင့်ကြည့်ရ
ပါမယ်။ ဖူလ်ဟမ်အနေနဲ့ အဝေးကွင်းမှာ အမြင့်ဆုံး သရေတစ်မှတ်ရအောင် ပြင်ဆင်လာဖွယ်
တော့ရှိနေပါတယ်။ ခြေရည်တူနှစ်သင်းတွေ့တဲ့ပွဲမှာ အားပေးမယ်ဆိုရင် အိမ်ရှင်ကိုပဲ အားပေး
ရပါလိမ့်မယ်။
နောဝစ်ချ်-စတုတ်
နောဝစ်ချ်ခြေက မှန်းရခက်ပါတယ်။ အိမ်ကွင်းဆိုရင် ကစားပုံကောင်းပေမယ့် အဝေးကွင်းဆိုရင်
တော့ မစွံပါဘူး။ အခုအိမ်ကွင်းအားနဲ့ နောဝစ်ချ်ကစားပါလိမ့်ဦးမယ်။ စတုတ်က အိမ်ကွင်း ရော
၊ အဝေးကွင်းပါကစားပုံကောင်းလာပါတယ်။ အာဆင်နယ်ကိုအနိုင်ကစားလိုက်လို့လည်း
စိတ်ဓာတ်တက်လာနေပါတယ်။ ဒါ့ပြင် စတုတ်က အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်တဲ့
အသင်းပါ။ အခုနောဝစ်ချ်ရဲ့ကွင်းမှာ သွားကစားရမှာဖြစ်ပေမယ့် စတုအတွက် အခက်အခဲတော့
မရှိနိုင်ပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားပုံက တူနေပါတယ်။ စတုတ်က ပိုမာတဲ့အတွက် ဒီပွဲမှာ
စတုတ် ကိုပဲကြိုက်ပါတယ်။
ချယ်လ်ဆီး-စပါး
ပထမအကျော့ကစားတုန်းက သရေကျခဲ့ပါတယ်။ချယ်လ်ဆီးတိုက်စစ်မှူးတောရက်စ် အထုတ်
ခံခဲ့ရပါတယ်။ အခုအိမ်ကွင်းမှာ ချယ်လ်ဆီးအနိုင်ရအောင် ကစားပါတော့မယ်။ စပါးက နည်းပြ
သစ်တင်ရှားဝုဒ်လက်ထက်မှာ ကစားပုံကောင်းတယ်ဆိုပေမယ့် အသင်းကြီးတွေနဲ့ တွေ့တဲ့အခါ
မှာတော့ စပါးရလဒ်တွေ ဆိုးဝါးပါတယ်။ တင်ရှားဝုဒ်ပြင်ဆင်မှုအပိုင်း အားနည်းပါတယ်။ အဝေး
ကွင်းဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ်။ အတက်၊ အကျလည်း မြန်ပါတယ်။ အခုလည်း
ချယ်လ်ဆီး ဖိဖိစီးစီးကစားလာမယ့်ပွဲဖြစ်လို့ စပါးခံစစ်ကိုပဲအားထား ရပါလိမ့်မယ်။ ဒီပွဲမှာ စပါး
အတွက် အမြင့်ဆုံးမျှော်လင့်နိုင်တာကတော့ သရေရလဒ်ပါပဲ။ ချယ်လ်ဆီးအနိုင်ရမှာသေချာတဲ့
ပွဲဖြစ်ပါတယ်။














