တလောက MFF မီဒီယာတာဝန်ခံဆိုသူတစ်ဦး က ဂျာနယ်တစ်ခုနဲ့ ဗျူးရာမှာ အထက်ပါ
အတိုင်းပြောသွားတာပါ။
မြန်မာအပါအဝင် အရှေ့တောင်အာရှဘောလုံးအဆင့် အခြေအနေ ကို အဲဒီပုဂ္ဂိုလ်လေးက
အခုမှမြင်တွေ့တယ်ထင်တယ်။ သူ့ကို အပြစ်မြင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးအဆင့်ကို
ဟိုတုန်းကနဲ့ ဒီနေ့ ခေတ်ဆိုပြီး သုံးသပ်တင်ပြချင်တာပါ။ မကြာမီ က အိုမန်မှာ ကျင်းပသွားခဲ့တဲ့
အာရှ ယူ-၂၂ ပြိုင်ပွဲ မှာ အရှေ့တောင်အာရှက တစ်ခုတည်းသော ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်း
ဟာ အိမ်ရှင် အိုမန်ကို ၄-၁၊ တောင်ကိုရီးယားကို ၃ဪဝ နဲ့ ရှုံးပြီး နောက်ဆုံးပွဲမှာ ဂျော်ဒန်
ကို ၆-၁ နဲ့ ရှုံးတဲ့ပွဲတွေ ကို သူကြည့်ပြီးပြောတာဖြစ်မယ်။
စာရေးသူကတော့ တောင်ကိုရီးယားနဲ့ တစ်ပွဲပဲကြည့်လိုက်ရတယ်။ သူပြောသလိုပါပဲ။
ခြေအတော်ကွာပါတယ်။ အခြေခံဘောလုံး ပညာက လုံးဝမယှဉ်နိုင်ဘူး။ အရပ်အမောင်း လည်း ကောင်းကြတယ်။ ဘောလုံးယှဉ်လုရင် တောင်ကိုရီးယားပဲရတယ်။ ဘောလုံးအပေး
အယူ သေသပ်တယ်။ အခြေခံပိုင်တော့ ယုံကြည် မှုပြည့်ဝပြီး ကစားတာငြိမ်တယ်။ မြန်မာအသင်း
အခြေခံကိုတော့ ယုံကြည်မှုမရှိဘူး။ ပြာနေ တယ်။ အပေးအယူတွေမှားတယ်။ တစ်ဖက်အသင်းက
ထိုးဖောက်တိုက်စစ်ဆင်တာကိုပဲ တွေ့ရတယ်။ ဒါတောင် ဂိုးသွင်းမသေချာလို့ ဂိုးအရနည်းသွား
တာပါ။ စောစောတုန်းက ရေးသလိုပဲ မီဒီယာတာဝန်ခံက အာရှနဲ့ အရှေ့တောင်အာရှ အဆင့်
ကွာလွန်းတယ် ဆိုတာ အခုမှမြင်တွေ့လို့ ပြောတာလားဆိုတာ မေးစရာဖြစ်လာတယ်။
စာရေးသူက ဟိုရွှေခေတ်က ဘောလုံးသမား ကြီးတွေပဲ အာရှအဆင့်ရှိကြတယ်လို့ ပြောချင်
တယ်။ ဒီတုန်းက အရှေ့တောင်အာရှနိုင်ငံ အချို့က ဘောလုံးတိုးတက်မှုနှေးသေးတယ်လို့
ဆိုပေမယ့် မြန်မာအသင်းကတော့ အရှေ့တောင် အာရှကိုကျော်ပြီး အာရှမှာ နေရာရနေကာ
မြန်မာရဲ့ပြိုင်ဘက်အစ္စရေးက ဥရောပ အဆင့်ရှိတယ်။ အီရန်ဆိုရင်လည်း အတော်ကောင်းတာ
သူတို့ကိုနိုင်ပြီး မြန်မာ အာရှချန်ပီယံဖြစ်ခဲ့တယ်။ တောင်ကိုရီးယားနဲ့ကတော့ သူ တစ်ပြန်
ကိုယ်တစ်ပြန်ပါ။ အရှေ့တောင်အာရှမှာ ဆိုရင် မြန်မာကို ယှဉ် နိုင်တာတောင် ဗီယက် နမ်၊
မလေးနဲ့ အင်ဒိုတို့ ပဲရှိတယ်။ ထိုင်း၊ ဖိလစ် ပိုင်နဲ့ လာအိုတို့ကို မြန်မာက ခေါင်းထဲ ထည့်ကို
မတွက် တာပါ။
အရှေ့တောင် အာရှ ငွေတံဆိပ် ရဖူးတဲ့ မျိုးလှိုင်ဝင်းနဲ့ သန်းတိုးအောင်တို့ကစားတဲ့ပွဲကို ဒီတုန်းက
အောင်ဆန်းကွင်းမှာ အတူကြည့်နေတဲ့ အခုအားကစားစာစောင်တစ်ခုရဲ့ အယ်ဒီတာ ချုပ်တစ်ဦး
က မြန်မာဘောလုံးသမားတွေ ကစားပုံကို ချီးကျူးခဲ့တယ်။ အဲဒီအချိန်က မြန်မာအသင်းမှာ
အခြေခံကောင်းကြပေမယ့် ထိုင်းနဲ့ စင်ကာပူအသင်းတွေက ခြေတက်လာ ချိန်ဖြစ်တော့ မြန်မာ
တွေဟာ ငွေနဲ့ပဲ ကျေနပ် ခဲ့ရတယ်။ စာရေးသူက သူ့ကို ရွှေခေတ်ဘောလုံး သမားတွေအကြောင်း
ပြောပြတော့ သူတအံ့တဩဖြစ်သွားတယ်။
ဟိုတုန်းက မြန်မာ့ လက်ရွေးစင်အသင်းက ဂိုး၊ နောက်၊ လယ်၊ ရှေ့တန်းတွေဟာ ရေခံမြေခံ
သိပ်ကောင်းကြတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိကြတယ်။ အချင်းချင်းနားလည် တယ်။
နည်းပြဆရာမှာတဲ့ အတိုင်း ကစားတတ်ကြ တယ်။ ကွင်းအတွင်း ဘယ်လိုကစားရမယ်ဆိုတာ
ပြောဆိုကြပြီး နောက်တန်းက တင် ပေးတာကို အလယ် တန်းက ရှေ့ကိုပို့ပေး တယ်။
အဲဒီကမှတစ်ဆင့် အောင်ခင်က ဂိုးအဖြစ်ပြောင်းခဲ့တော့ မြန်မာ ဟာ အာရှချန်ပီယံဖြစ်ခဲ့တာကို
နောက်တန်း ခံစစ်မှူး စိုးမြင့်(ရှဲကြီး)က ပြောပြတာကို အဲဒီ အယ်ဒီတာချုပ်ကို ပြန်ပြောလိုက်ရ
တယ်။ မြန်မာအသင်း ဘောလုံးရလို့ ရှေ့ကိုရောက်ရင် ပဲ ရင်တစ်လှပ်လှပ်နဲ့ကြည့်နေရတယ်။
နောက်တန်းကလည်း တစ်ဖက် ရှေ့တန်းကို ထိန်းထားနိုင် သလို ဂိုးသမားတွေကလည်း စိတ်ချ
ရတယ်။ အရပ်အမောင်း ကောင်းပြီး ဘောကြောကို နားလည်နေကြတော့ ဂိုးပေါက် လုံခြံုစိတ်ချ
ရတယ်။
ဒီတုန်း က မြန်မာဟာ အာရှကို ထိုးဖောက်နေရာရတဲ့တစ်ခုတည်း သော အရှေ့တောင် အာရှနိုင်ငံ
ပဲဖြစ် ခဲ့တယ်။ စောစောက ကျွန်တော်ရေး သလို ဒီနေ့အရှေ့တောင် အာရှဘောလုံးဟာ အာရှ
အဆင့်နဲ့ ကွာဟ နေတာ မီဒီယာတာဝန်ခံ အခုမှသိသလားလို့ မေးရတာက လည်း သူတို့က
ဟိုခေတ် ရွှေခေတ်ဘောလုံး သမားကြီးတွေ ကစားတာ မမြင် ဖူးကြဘူး။အချို့တော့ မျိုးလှိုင်ဝင်း၊
သန်းတိုးအောင်နဲ့ တင်မြင့်အောင်တို့ ကစားတာလောက်တော့ မြင်ဖူးကြမယ်ထင်တယ်။
ဟိုတလောက ဗခအသမ ှအမေ နဲ့ မျိုးလှိုင်ဝင်းပါတဲ့ လက်ရွေးစင် ဟောင်းအသင်းတို့ ချစ်ကြည်
ရေးခြေစမ်းပွဲကို ကြည့်လိုက်ရတယ်။ နည်းပြချုပ်ဖြစ်နေတဲ့ မျိုးလှိုင်ဝင်းက ငယ်မူငယ်သွေး ခြေစွမ်း
ကို ပြသွားတာ ဒီနေ့ဘောလုံးသမားလေးတွေ အတု ယူဖို့ ကောင်းတယ်။ သူ့အချိန်က မျိုးလှိုင်ဝင်း
ဟာ အလိမ်အလှည့်ကောင်းတယ်။ အပေးအယူ သေသပ်တယ်။ ဂိုးသွင်းသေချာတယ်။ ဒါတွေဟာ
သူအခြေခံပိုင်လို့ပဲဖြစ်တယ်။ ဒီနေ့မျိုးလှိုင် ၀င်းလို ဘောလုံးသမားတွေ မပေါ်သေးဘူး။ ဥပမာပြော
ရဦးမယ်။ ဒီနေ့အရှေ့တောင် အာရှမှာ ခြေစွာနေကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ မလေးနဲ့ စင်ကာပူလက်
ရွေးစင်အသင်းတွေ ဟာ အာရှဖလားခြေစစ်ပွဲအောင်ပြီး အာရှဖလားပြိုင်ပွဲနွှဲခွင့်ရတဲ့တိုင် အုပ်စုကပဲ
အမှတ်အနည်းဆုံး၊ ရှုံးပွဲအများဆုံးနဲ့ နှုတ်ဆက်ခဲ့ရတယ်။
စင်ကာပူ ဆိုရင် ဆူဇူကီးဖလား သုံးကြိမ်ရဖူးပေမယ့် အာရှ မှာ မတိုးနိုင်ပါဘူး။ အနီးစပ်ဆုံးပြော
ရရင် မလေး ယူဪ၂၃ အသင်းဟာ ၂၀၀၉ နဲ့ ၂၀၁၁ တွေမှာ ဆီးဂိမ်းချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့တယ်။
ဒါပေမဲ့ သူတို့လက်ရွေးစင်အသင်းကြီး အာရှအဆင့်မှာ ဖျာလိပ်ပြီး ပြန်ရတယ်။ ဆီးဂိမ်း ချန်ပီယံဖြစ်
လို့ ဂုဏ်တက်ပေမယ့် သူက ယူဪ၂၃ ပဲဖြစ်တယ်။ ဒါကြောင့် အရှေ့တောင်အာရှအဆင့်ဟာ
အာရှအဆင့်နဲ့ အတော့်ကိုလှမ်းပါသေးတယ်။ ဒီနေ့အာရှမှာ ဂျပန်၊ တောင်ကိုရီးယား၊ အီရန်နဲ့ ဩ
စတြေးလျတို့ဟာ ထိပ်သီးအဆင့်ရှိပြီး ဥဇဘက်၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊ ယူအေအီး၊ ကာတာ၊
ဆော်ဒီ၊ တရုတ်နဲ့ ဂျော်ဒန်တို့က အဆင့်(၂)ပါ။ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ ပါလက်စတိုင်း၊
ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ တာဂျီကစ္စတန်တို့ဟာ တတိယအဆင့်ပါ။
မြန်မာ့လက်ရွေးစင်အသင်းကတော့ တတိယတန်းအသင်းတွေကို သူတင်ကိုယ်တင်ကစားရမယ့်
အခြေအနေပါ။ ဒါကြောင့် အာရှအဆင့်ကို တိုးဝင်ဖို့ မြန်မာ့ဘောလုံး အများကြီး ကြိုးစားရပါ့မယ်ဗျာ။















