ဘာစီလိုနာ - အိုဆာဆူနာ ရာသီတစ်ဝက်ကျော်တဲ့အထိ ထိပ်ဆုံးနေရာ ကနေ ဦးဆောင်
ကစားနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ အခုနောက်ပိုင်းမှာတော့ ကစားပုံတဖြည်းဖြည်း လျော့ကျလာသ
လိုတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ အဝေးကွင်းပွဲမှာလည်း ရှုံးပွဲ ကြံုသွားခဲ့လို့ ဘာစီလိုနာရဲ့ ချန်ပီယံဘွဲ့
ဆက်ထိန်း ရေး မျှော်လင့်ချက်ဟာ အတော်လေးကို ယိမ်းယိုင် သွားခဲ့ပါတယ်။ ဘာစီလိုနာဟာ
နေမာရဲ့ အပြောင်းအရွှေ့ အရှုပ်အထွေးပြဿနာ ပေါ်ပေါက်လာတဲ့နောက်ပိုင်းမှာ ကစားပုံသိသာ
စွာ ပြောင်းလဲ သွားတာတော့ သေချာတယ်။ နည်းပြမာတီနို အပါအဝင် အသင်းအပေါ်ကိုပါ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း မြင့်တက်လာတာနဲ့အမျှအသင်းကလည်း ခြေစွမ်းပိုင်းမှာ
လျော့ကျလာ တာတွေ့ရတယ်။
နောက်ဆုံးကစားခဲ့တဲ့ လာလီဂါငါးပွဲမှာ နှစ်ပွဲသာအနိုင်ရခဲ့သလို နောက်ဆုံးအဝေးကွင်း သုံးပွဲ
ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တာကလည်း ဘာစီလိုနာရဲ့ချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက်ကို
သိသာစွာထိခိုက်သွား စေခဲ့ပါတယ်။ အခုပွဲကို အိမ်ကွင်းမှာ ပြန်ကစား ရမှာဖြစ်ပေမယ့် ချန်ပီယံ
လိဂ်ကစားထားရ တာရယ်၊ ဗယ်လာဒိုးလစ်နဲ့ပွဲအပြီး အသင်းအတွင်း မညီညွတ်တဲ့အခြေအနေမျိုး
ပေါ်ပေါက်လာနေတာက ဘာစီလိုနာရဲ့ရှေ့ရေးကို ပိုပြီးလှုပ်ခတ်စေတော့မလားဆိုတာ စောင့်ကြည့်
ချင်စရာဖြစ် လာပါတယ်။
အိုဆာဆူနာကတော့ အခုနောက်ပိုင်း လာလီဂါပွဲတွေမှာ ပုံမှန်ခြေစွမ်းမျိုးပြနေတာမှန်ပေမယ့်
အဝေးကွင်းပွဲတွေဆိုရင်တော့ သိပ်ပြီးစိတ်ချထားလို့မရတဲ့ အသင်းမျိုးပါပဲ။ နောက်ဆုံးကစားခဲ့တဲ့
အဝေးကွင်း လေးပွဲဆက် တိုက် နိုင်ပွဲပျောက်နေပြီး တိုက်စစ်ပိုင်းကလည်း တစ်ဂိုးပဲ သွင်းနိုင်ခဲ့တဲ့
အနေအထားဟာ ဘာစီလိုနာရဲ့ ပုံမှန်ခြေစွမ်းမျိုးနဲ့ဆိုရင် နူးကမ့်မှာ သိပ်ပြီးစိုးရိမ်စရာမလိုတဲ့ ပြိုင်
ဘက်မျိုးလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ ခက်တာက ဘာစီလိုနာရဲ့ခြေစွမ်းပါပဲ။ ဘာစီလိုနာဟာ အခု နောက်ပိုင်းပွဲတွေမှာ လူထု
တ်ပုံအပြောင်းအလဲ တွေများသလို နည်းပြမာတီနိုကိုယ်တိုင်လည်း ဖိအားတွေအောက်မှာ ရုန်း
ကန်နေရပြီး အမှား အယွင်းတွေ လုပ်မိနေတာလည်း တွေ့နေရ တယ်။ မက်ဆီ၊ နေမာတို့ ပြန်
ကစားနိုင်ပြီ ဆိုပေမယ့် သူတို့နှစ်ယောက်စလုံးရဲ့ ခြေစွမ်းဟာ ပုံမှန်အခြေအနေမျိုးမှာ မရှိကြ
သေးဘူး။
အထူးသဖြင့် မက်ဆီရဲ့ကစားပုံဟာ ဒီရာသီမှာ အရင်ရာသီတွေကလောက် တက်ကြွပြင်းထန်
မှုမျိုး သိပ်မရှိဘဲ ပုံမှန်အနေအထားမျိုးနဲ့သာ ကစားနေတာ တွေ့ရတယ်။ ဘာစီလိုနာရဲ့အနေ
အထားကလည်း မက်ဆီမကစားနိုင်တဲ့ ပွဲတွေမှာဆိုရင် အသင်းဟာ လွတ်လွတ်လပ်လပ် ပိုကစား
နေပြီး ဂိုးရနှုန်းတွေ မြင့်တက်တတ်ပေမယ့် မက်ဆီပါနေတဲ့အချိန်မှာဆိုရင်တော့ မက်ဆီကို အား
ကိုးလွန်းပြီး အသင်းလိုက်ကစားပုံ လျော့ကျနေတာ တွေ့ရတယ်။
ဒီပုံစံဟာ မက်ဆီခြေတွေ့ရင် အသင်းအတွက် ဂိုးရဖို့မပူရပေမယ့် မက်ဆီသာ ခြေမတွေ့ဘူးဆိုရင်
တော့ အသင်း ဟာ ဂိုးရဖို့ ပိုပြီးခက်ခဲသွားတတ်တာ တွေ့ရ တယ်။ နေမာကလည်း ဘရာဇီးလ်
အသင်းနဲ့ ခြေစွမ်းပြနိုင်ပေမယ့် ဘာစီလိုနာမှာတော့ သာမန်အဆင့် ကစားသမားတစ်ယောက်
ထက်ပိုတဲ့ခြေစွမ်းမျိုး ထုတ်မပြနိုင်သေးပါဘူး။ သူ့ရဲ့ ဂိုးသွင်းနှုန်းကလည်း အားရစရာမရှိလှသလို
သူကိုယ်တိုင်ကလည်း ကစားရာမှာ အားစိုက်မှု လျော့ပါးနေသလို တွေ့နေရလို့ ဘာစီလိုနာရဲ့
အနာဂတ်ရှေ့ရေးဟာ စိုးရိမ်စရာပဲလို့ ပြောရ မလိုဖြစ်နေတယ်။
ဗယ်လာဒိုးလစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆိုရင် နေမာရော၊ မက်ဆီပါ သာမန်ကစား သမားတစ်
ယောက်ရဲ့ ခြေစွမ်းမျိုးတောင်မရဘဲ ကစားခဲ့ကြတာဟာ ဘာစီလိုနာအတွက်တော့ စိတ်ပျက်စရာ
အကောင်းဆုံးပွဲတစ်ပွဲလို့ ပြောလို့ ရပါတယ်။ ခံစစ်ကြောင်းမှာလည်း မာတီနိုဟာ ပီကေးတစ်
ယောက်တည်းကိုပဲ အထိုင်ထားကာ ကစားသမားအမျိုးမျိုး လှည့်လည်ပွဲထုတ်ကစားနေတဲ့
အတွက် ခံစစ်ပိုင်းက တည်ငြိမ်မှု သိသာစွာ အားနည်းနေခဲ့တယ်။
ဒီကြားထဲ အဲလ်ဗက်စ်ကလည်း တိုက်စစ်ကို လိုက်ပါလွန်း ပြီး အမှားများတတ်တာ၊ မာရှေယာနို
ကို ပွဲထုတ်တဲ့အခါမျိုးမှာလည်း တစ်ဦးချင်းအမှားမျိုးတွေ မကြာခဏလုပ်ပြတတ်တာတွေကြောင့်
ဘာစီလိုနာရဲ့ခံစစ်ဟာ လုံးဝစိတ်ချထားလို့မရတဲ့ အနေအထားမျိုးကို ရောက်လာပါတယ်။ ဒါပေမဲ့
ဘာစီလိုနာအတွက် အခု အိုဆာဆူနာ နဲ့ကစားရမယ့်ပွဲဟာ ချန်ပီယံမျှော်လင့်ချက် အတွက်
အရေးပါတဲ့ပွဲတစ်ပွဲလို့တော့ ပြောလို့ရ နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲပြီးရင် ရီးယဲလ်
မက်ဒရစ်နဲ့ ဘာနေဗျူးမှာကစားရမယ့် အနေအထားဟာ အခုအိုဆာဆူနာနဲ့ပွဲမှာ ဘာစီလိုနာ
သာ အမှတ်ပြည့်ယူမထားနိုင်ခဲ့ဘူးဆိုရင် အဆိုးဆုံးအခြေအနေကို ရောက်သွားတော့မှာ
သေချာတယ်။
ဒီပွဲမှာ အမှတ်ပြည့်ရထားမှ ထိပ်ဆုံးက ရီးယဲလ်ကို ဖိအားပေးနိုင်မယ့်အခြေအနေမှာဆက်ရှိနေ
မှာဖြစ်လို့ ဘာစီလိုနာ အနေနဲ့ ဒီပွဲကို အမှားခံမှာ မဟုတ်တာတော့ သေချာသလောက်ပါပဲ။
ဘာစီလိုနာရဲ့ အိမ်ကွင်း ပွဲတွေကို ပြန်ကြည့်လိုက်ရင်လည်း ပြတ်သားတဲ့ အနိုင်တွေနဲ့ ပုံမှန်
ကစားပြနေနိုင်တာ တွေ့ရ တယ်။ အိမ်ကွင်းဆိုရင် တိုက်စစ်ကစားပုံက လည်း ပိုမြူးတတ်တယ်။
ဒီပွဲမတိုင်မီ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲအဖြစ် မန်စီးတီးနဲ့ ကစားထားရ ပေမယ့်လည်း အဲဒီပွဲကို
အိမ်ကွင်းမှာကစား ထားရတာဖြစ်လို့ ဘာစီလိုနာအတွက် ပွဲပန်းမှု အနေအထားလည်းသိပ်မရှိနိုင်
ပါဘူး။ ဒါပေမဲ့ သတိထားရမယ့် အချက်ကတော့ အိုဆာဆူနာရဲ့ ခံစစ်ကစားပုံပါပဲ။
အိုဆာဆူနာ ဟာ အဝေးကွင်းပွဲတွေမှာ ပိတ်ဆို့ကစားပြီး ရသလောက် အမှတ်ယူနိုင်ဖို့ ကြိုးစား
လေ့ရှိလို့ ဘာစီလိုနာအတွက် ဂိုးရဖို့ရုန်းကန်ရမယ့်အနေအထားမှာတော့ရှိတယ်။ ဒါကြောင့် အခု
ပွဲမှာ ဘာစီလိုနာသာ ဂိုးစောစောမရခဲ့ဘူးဆိုရင် ဖိအားပိုဝင်လာပြီး လက်ကျန်အချိန်တွေမှာ အမှား
အယွင်းတွေ လုပ်လာနိုင်တာကိုလည်း သတိတော့ထားရလိမ့်မယ်ထင်ပါတယ်။
အိုဆာ ဆူနာကလည်း နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ပွဲမှာ လီဗန်တေးလိုအသင်းကိုတောင်
နှစ်ဂိုးပြတ် အရေးနိမ့်ထားခဲ့တာကိုကြည့်ရင်တော့ ဘာစီ လိုနာအတွက် အချိန်တန်ရင် ဒီပွဲကို
အနိုင်ယူပြီး သုံးမှတ်အပြည့်ရဖို့ မခက်လှဘူးထင်ပါတယ်။ အဓိကစဉ်းစားရမှာတော့ ဂိုးပြတ်
မပြတ်ပါပဲ။ ချန်ပီယံမျှော်လင့်ချက်နဲ့ ကစားပြရမယ့် အခြေ အနေမျိုးဖြစ်လို့ အိမ်ရှင်ကိုပဲ ကြိုက်
တယ်။
အခြားပွဲစဉ်များ
* ဂီတာဖေး - ဂရန်နာဒါ
* လီဗန်တေး - ဆယ်လ်တာ
* ရာယို - အယ်လ်မီရီယာ
* မာလာဂါ - ရီးယဲလ်
* အလက်တီကို - အက်စ်ပန်ညို
အယ်လ်ချီ - ဘက်တစ် *
* ဆီဗီလာ - ဗယ်လာဒိုးလစ်
* ဆိုစီဒက် - ဗလင်စီယာ
ဗီလာရီးယဲလ် - ဘီလ်ဘာအို *















