ဒီတစ်ပတ်ကတော့ ဘွန်ဒက်စ်လီဂါမှာ ပွဲကြီး ပွဲကောင်းတွေပါပဲ။ ပွဲကြိုခန့်မှန်းသူများ အကျပ်တွေ့
စေတဲ့ သီတင်းပတ်လည်းဖြစ်ပါတယ်။ အော့စ်ဘတ်နဲ့ ရှော်လ်ကေး၊ ဒေါ့မွန်နဲ့ မွန်ချင်၊ ၀ါဒါဘရီမင်နဲ့
စတုဂတ်၊ ဘိုင်ယန်နဲ့ လေဗာကူဆင်၊ ဟမ်းဘတ်နဲ့ နုရင်ဘတ်ပွဲတွေဟာ စိတ်ကူးနဲ့ လက်တွေ့
တစ်ထပ်တည်းကျပါ့မလားဆိုတဲ့အတွေးကို တွေးနေမိပါတယ်။
အော့စ်ဘတ် - ရှော်လ်ကေး
ပ - အကျော့ရလဒ် - ရှော်လ်ကေး ၄-၁ အော့စ်ဘတ်
ရှော်လ်ကေးအနေနဲ့ ချန်ပီယံလိဂ်မှာ အိမ်ကွင်း ၁-၆ အရှုံးကိုရော၊ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်း
မှာ ၅-၁ နဲ့ ရှုံးခဲ့ရတဲ့ အရှုံးကိုရော ချေဖျက်ဖို့ ရှော်လ်ကေးတို့ တင်ကစားမယ်လို့ ထင်ပါတယ်။
စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့အပြင် အော့စ်ဘတ် ကတောင် အပေါ်စီးက စိန်ခေါ်လာလို့၊ ရှော်လ်
ကေးကို အပြည့်အဝ ယုံကြည်လိုက်မယ်။
ဒေါ့မွန် - မွန်ချင်ဂလက်ဘတ်
ပ - အကျော့ရလဒ် မွန်ချင် ၂-၀ ဒေါ့မွန်
အကြိတ်အနယ်ရှိမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ အိမ်ရှင် ဒေါ့မွန်ဟာ အဆင့် (၂) မှာ ရောက်ရှိ နေပေ
မယ့် အဆင့် (၈) က မွန်ချင်ကလည်း ရှိန်နေမှာတော့ မဟုတ်ပါဘူး။ နောက်ဆုံး အိမ်ကွင်း နှစ်ပွဲ
မှာ ပေးဂိုးမရှိ အနိုင်ယူထားတဲ့ ဒေါ့မွန်ကို အကြိုက်ပိုမိပါတယ်။
၀ါဒါဘရီမင် - စတုဂတ်
ပ - အကျော့ရလဒ် စတုဂတ် ၁-၁ ၀ါဒါဘရီမင်
၀ါဒါဘရီမင်က အဆင့် (၁၁) မှာ ရပ်တည် နေပြီး ဧည့်သည်စတုဂတ်ကတော့ အဆင့် (၁၅) မှာ
ရပ်တည်နေတာပါ။ ဒီအသင်းတွေဟာ ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်းအသင်းကြီးတွေဖြစ် တဲ့
အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲပါ။ အဝေး ကွင်း သုံးပွဲဆက်တိုက် မကောင်းထားတဲ့ စတုဂတ်
ကို ငြင်းပယ်ချင်ပါတယ်။
ဟော့ဖန်ဟိမ်း - မိန့်ဇ်
ပ - အကျော့ရလဒ် မိန့်ဇ် ၂-၂ ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်းအသင်းအနေနဲ့ သူတို့ရဲ့ အိမ်ကွင်းမှာ မိန့်ဇ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ သုံးကြိမ်စလုံး အနိုင်
မရတာကို သတိထားဖို့တော့ လိုပါတယ်။ မိန့်ဇ် သရေခံကစားသွားနိုင်လို့ ဧည့်သည်ကို ရွေးချယ်
ချင်ပါတယ်။
ဘရောက်ချ် - ၀ုဖ်ဘတ်
ပ-အကျော့ရလဒ် ၀ုဖ်ဘတ် ၀-၂ ဘရောက်ချ်
၂၀၁၃ မှတ်တမ်းတွေအရကတော့ ၀ုဖ်ဘတ် ရဲ့ အိမ်ကွင်းမှာ ဘရောက်ချ်ကချည်း စိုးမိုးထား တာ
တွေ့ရပါတယ်။ ၀ုဖ်ဘတ်အနေနဲ့ သရေကျ ရင်တောင် အပြည့်အဝ ဆုံးရှုံးသွားမယ့် အနေ အထား
ရှိနေပါတယ်။ ဟမ်းဘတ်နဲ့ပွဲမှာအနိုင်၊ မွန်ချင် နဲ့ပွဲမှာ သရေကစားထားတဲ့ ဘရောက်ချ် ကို
ယုံကြည်ရမှာ ဖြစ်ပါတယ်။
ဟာသာဘာလင် - ဟန်နိုဗာ
ပ-အကျော့ရလဒ် - ဟန်နိုဗာ ၁-၁ ဟာသာဘာလင်
နှစ်သင်းစလုံး နောက်ဆုံးပွဲစဉ်တွေမှာ သရေ တွေချည်း ကစားထားပါတယ်။ ဟန်နိုဗာက
လေဗာကူဆင်ကို အိမ်ကွင်းမှာ ၁-၁ သရေကျ ခဲ့သလို ဟာသာဘာလင်ကလည်း မိန့်ဇ်ကို
၁-၁ သရေကျခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အိမ်ကွင်း၊ အဝေးကွင်း ကစားပုံတွေက
အားရ စရာမရှိတဲ့အတွက် ဒီပွဲစဉ်ကတော့ သရေနဲ့ နိဂုံးချုပ်ပါမယ်။
ဘိုင်ယန်မြူးနစ် - လေဗာကူဆင်
ပ-အကျော့ရလဒ် - လေဗာကူဆင် ၁-၁ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် စံချိန်တင် သွင်းဂိုးတွေ လုပ်ပြ နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ ကန်ရမယ့်
ချန်ပီလိဂ် ကြားပွဲရှိတာရယ်။ သုံးဂိုး အပြတ်နိုင် မှ အပြည့်အဝ ပျော်ရွှင်ခွင့်ရမှာရယ်တို့ကြောင့်
ဘိုင်ယန်ကို သံသယရှိပါတယ်။ လေဗာကူဆင် ကလည်း PSGကို ကြားရက်မှာ ကစားရမှာမို့
သူလည်း ပွဲပန်းနေနိုင်ပါတယ်။ လေဗာကူဆင်ရဲ့ အဝေးကွင်းကစားပုံအရ ဘိုင်ယန် သုံးဂိုးပြတ်
နိုင်ဖို့ မလွယ်လောက်ဘူး။
ဟမ်းဘတ် - နုရင်ဘတ်
ပ-အကျော့ရလဒ် - နုရင်ဘတ် ၀-၅ ဟမ်းဘတ်
ပထမအကျော့မှာ ဂိုးပြတ်ရှုံးထားတဲ့ နုရင် ဘတ် ပြန်လာနိုင်ဖို့တော့ မမျှော်လင့်ရဲပါဘူး။ ဒါပေမဲ့
သရေကျသွားရင် နုရင်ဘတ်အတွက် အကျိုးအမြတ် ရှိနိုင်တာကို တွေ့ရတယ်။ အခြေ အနေတွေ
က မျှတနေလို့ သရေကျရင် အကျိုး အမြတ်ရှိမယ့် နုရင်ဘတ် ဘက်ကနေမယ်။
ဖရန့်ဖတ် - ဖရိုင်းဘတ်
ပ - အကျော့ရလဒ် - ဖရိုင်းဘတ် ၁-၁ ဖရန့်ဖတ်
ဖရန့်ဖတ်က အဆင့် (၁၃) မှာ ရပ်တည်နေ ပြီး၊ ဖရိုင်းဘတ်ကတော့ တန်းဆင်းဇုန်ထဲမှာ အဆင့်
(၁၇) ရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းကို သုံးသပ်မယ်ဆိုရင် ဖရန့်ဖတ် က အိမ်ကွင်း
နောက်ဆုံး သုံးပွဲမှာ အရှုံးတော့ မရှိပါ ဘူး။ ဒါပေမဲ့ တန်းဆင်းဇုန်ရဲ့ ရုန်းကြွသံ ဟစ်ကြွေး မယ့်
ဖရိုင်းဘတ် သရေ ခံကစားရင် သိပ်ပြီး အံ့ဩမနေပါနဲ့။















