မြန်မာလက်ရွေးစင်အသင်းခြေစမ်းပွဲများကစားမည်

မြန်မာလက်ရွေးစင်အသင်းခြေစမ်းပွဲများကစားမည်

လာမည့်မေလအတွင်း မော်ဒိုက်နိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်သော AFC Challenge cup
ပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်မည့်မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည်ရန်ကုန်မြို့၌ခြေစမ်း
ပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မလေးရှားလက်ရွေးစင်အသင်း၊ဂျပန်ဂျေလိဂ်ကလပ်ဆီရီဇိုအိုဆာ
ကာ အသင်းများနှင့် ချစ်ကြည်ရေးခြေစမ်းပွဲများယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဆက်သွယ်ညှိနှိုင်းမှုအရ မလေးရှားလက်ရွေးစင်အသင်းနှင့်လာ
မည့် မေလ (၆)ရက်နေ့တွင် လည်းကောင်း၊ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာအသင်းနှင့် ဇွန်လ
၂၈ရက်နေ့တွင် လည်းကောင်းလာရောက်ယှဉ်ပြိုင်ကစားရန်သဘောတူညီခဲ့ကြကြောင်းသိရ
သည်။

မြန်မာ့လက်ရွေးစင်အသင်းကိုဆာဘီးယားလူမျိုးနည်းပြ အဗရာမိုဗစ်က တာဝန်ယူကိုင်တွယ်လျက်
ရှိပြီး ၂၀၁၄ AFC Challenge cup ပြိုင်ပွဲအတွက်လာမည့် ဧပြီလ ၂၃ရက်နေ့တွင် မြန်မာ့လက်ရွေး
စင်အသင်းကို စတင်စုဖွဲ့ပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်မလေးရှားလက်ရွေးစင်အသင်းသည်
မတ်လ ၁ရက်နေ့က ဖိလစ်ပိုင်အသင်း နှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပြီး မတ်လ
၅ရက်နေ့က ယီမင်နိုင်ငံတွင်၂၀၁၅ အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၂ဂိုး၁ဂိုးဖြင့် အနိုင်ရရှိခဲ့
သည်။

နောက်ထပ်ခြေ စမ်းကစားမည့် ဆီရီဇိုအိုဆာကာအသင်းသည်၂၀၁၄ ဂျေလိဂ်ပြိုင်ပွဲဝင်အသင်း
တစ်သင်းဖြစ်ပြီး ဂျေလိဂ်ပြိုင်ပွဲပွဲစဉ်(၂)အပြီးတွင်အဆင့်(၅)နေရာတွင် ရပ်တည်နေသော အသင်း
ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး