မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

အားကစားဝန်ကြီးဌာနနှင့် Mega Lifesciences Ltd. တို့မှပူးပေါင်းစီစဉ်ကျင်းပသောမြန်မာနိုင်ငံ
၏ပထမဦးဆုံး အမျိုးသမီးလမ်းလျှောက်ပွဲ(Walkathon)ကို ပြီးခဲ့သည့် မတ်လ၁၆ ရက်နေ့ နံနက်
၆ နာရီမှစတင်၍ပြည်သူ့ရင် ပြင်တွင်ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုနှင့် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော သွေးအားနည်း
ရောဂါအ သိပေး မှုနှင့်အာဟာရချို့တဲ့မှုပြဿနာအားတိုက်ဖျက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်အဆိုပါ
အမျိုးသမီး လမ်းလျှောက်ပွဲကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်
ကြောင်းသိရသည်။

အဆိုပါ လမ်းလျှောက်ပွဲတွင်အမျိုးသမီး ၄၀၀၀ ကျော်ပါ၀င်ခဲ့ပြီးပါ၀င်လမ်းလျှောက်ကြသော
အမျိုးသမီး များသည် ပြည်လမ်း၊ အင်းလျားကန်ဘောင်မှ စတင်လမ်းလျှောက်ခဲ့ပြီး ပြည်သူ့ဥယျာဉ်
တွင် တာဝင်ခဲ့ ကြပါသည်။

တာဝင်သောနေရာကိုသွေးအားနည်းခြင်း၊ ကင်းစင်ရာနယ်မြေ ဟုသတ်မှတ်ပြီး လမ်းလျှောက်ပွဲဝင်
သူများသည် ထိုနေရာတွင်ပင် ဆုတံဆိပ်များ၊ လက်ဆောင် ပစ္စည်းများနှင့် နံနက်စာတို့အပြင် ဂိမ်း
ကစား နည်းများစွာနှင့်အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် ပျော်ရွှင်စွာပါ၀င်ဆင်နွှဲခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး