ရန်ကုန်ကို အနိုင်ယူပြီး မကွေး အဆင့်(၄)နေရာရောက်

ရန်ကုန်ကို အနိုင်ယူပြီး မကွေး အဆင့်(၄)နေရာရောက်

၂၀၁၄ ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၇)များကို ပြီးခဲ့သည့် မတ်လ ၁၅၊ ၁၆ ရက်များတွင်
ကျင်းပပြုလုပ်ခဲ့ရာ ရတနာပုံ၊ နေပြည်တော်၊ မကွေး၊ မနောမြေအစရှိသော အသင်းများ အားလုံး
နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။

ရတနာပုံအသင်းသည် အိမ်ကွင်းဗထူး၌ ဆောက်သမ်းမြန်မာအသင်းကို ခြောက်ဂိုး - ဂိုးမရှိဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ် တွင် ရတနာပုံအသင်း၏တိုက်စစ်မှူး ဖွန်ဆီကာ က ဟက်
ထရစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းနှင့် မကွေး အသင်းတို့၏ပွဲစဉ်တွင်မကွေးအသင်းက ၄-၁ ဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။ နေပြည်တော် ပေါင်းလောင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသော နေပြည်တော်
အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့၏ ပွဲစဉ် တွင် အိမ်ရှင်နေပြည်တော်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။

နေပြည်တော် အသင်းသည် အမှတ်ပေးဇယား၏ ဒုတိယ နေရာတွင် ရမှတ် ၁၈ မှတ်ဖြင့် ရတနာပုံ
အသင်း ကို ဆက်တိုက်ဖိအားပေးလျက်ရှိသည်။ အခြားပွဲစဉ်များတွင် ကမ္ဘောဇအသင်းနှင့် ဇွဲကပင်
အသင်းတို့၏ပွဲစဉ်သည် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်
အသင်းတို့၏ ပွဲစဉ်သည် လည်း တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

မနောမြေအသင်းနှင့် GFA အသင်းတို့၏ ပွဲစဉ် တွင် မနောမြေအသင်းက သုံးဂိုးဪဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၈)ပွဲစဉ်များကို လာမည့် မတ်လ ၂၂၊ ၂၃ ရက်နေ့
များတွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်အသင်းနှင့် ရတနာပုံအသင်း၊
ဇေယျာရွှေမြေအသင်းနှင့် ကမ္ဘောဇအသင်း၊ ဇွဲကပင်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်း၊ မကွေးအသင်းနှင့် GFA အသင်း၊
ချင်းယူနိုက်တက်အသင်းနှင့် မနောမြေအသင်းတို့ အသီးသီယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး