ဘိုင်ယန်ကိုရှုံးခဲ့တဲ့ လေဗာကူဆင် အိမ်ကွင်းမှာ အနိုင်ပြန်ယူမယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၆)

ဘိုင်ယန်ကိုရှုံးခဲ့တဲ့ လေဗာကူဆင် အိမ်ကွင်းမှာ အနိုင်ပြန်ယူမယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၆)

ဖရိုင်းဘတ် - ၀ါဒါဘရီမင်
ပထမအကျော့ရလဒ်၊ ၀ါဒါဘရီမင် ၀-၀ ဖရိုင်းဘတ်
ဖရိုင်းဘတ်က အဝေးကွင်းမှာ ဖရန့်ဖတ်ကို ၁-၄ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းမှာ စတု
ဂတ်ကို သရေပဲကစားနိုင်တဲ့ ၀ါဒါဘရီမင် အဝေးကွင်းမှာ နိုင်ဖို့ဆိုတာ အိပ်မက်ပဲဖြစ်လိမ့် မယ်။

ရှော်လ်ကေး - ဘရောက်ချ်
ပထမအကျော့ရလဒ်၊ ဘရောက်ချ် ၂-၃ ရှော်လ်ကေး

အဝေးကွင်းမှာ အော့စ်ဘတ်ကို ၁-၂ နဲ့ နိုင်ခဲ့တဲ့ ရှော်လ်ကေး တတိယနေရာဆက်ထိန်း ဖို့
ဘရောက်ချ်ကို အိမ်ကွင်းမှာ ဂိုးမိုးရွာလိမ့် မယ်။ နျစ်သင်းပေါင်း သွင်းဂိုးအများကို အရန် ကစား
သင့်တယ်။

စတုဂတ် - ဟမ်းဘတ်
ပထမအကျော့ရလဒ်၊ ဟမ်းဘတ် ၃-၃ စတုဂတ်

စတုဂတ်က တန်းဆင်းဇုန်ထဲမှာ ရောက်ရှိ နေပြီး ၂၅ ပွဲမှာ ၂၁ မှတ်ပဲရသေးတဲ့အနေအထား ဖြစ်
သလို ဟမ်းဘတ်ကလည်း ၂၃ မှတ်သာ ရသေးတာမို့ ပြိုင်ဆိုင်မှုပြင်းထန်မယ့်ပွဲဖြစ်မှာ သေချာနေ
ပါတယ်။ နျစ်သင်းပေါင်း သွင်းဂိုး အများနဲ့ စတုဂတ်ရဲ့ တန်းဆင်းဇုန်ရုန်းကြွအား ကို စောင့်ကြည့်
မယ်။

ဟန်နိုဗာ - ဒေါ့မွန်
ပထမအကျော့ရလဒ်၊ ဒေါ့မွန် ၁-၀ ဟန်နိုဗာ

ဟန်နိုဗာဟာ အဝေးကွင်းမှာတောင် ဟာသာ ဘာလင်ကို သုံးဂိုးပြတ်အနိုင်ယူနိုင်စွမ်း ရှိပါ တယ်။
ဟန်နိုဗာအနေနဲ့ အိမ်ကွင်းမှာ ဒေါ့မွန် ကို အနိုင်ယူနိုင်စွမ်းမရှိဘဲ အမြင့်ဆုံးသရေ လောက်ပဲ
ခံကစားနိုင်မှာပါ။

၀ုဖ်ဘတ် - အော့စ်ဘတ်
ပထမအကျော့ရလဒ်၊ အော့စ်ဘတ် ၁-၂ ၀ုဖ်ဘတ်

ရမှတ်အနေအထားအရ နှစ်မှတ်သာ ကွာခြား ချက်ရှိလို့ ပြိုင်ဆိုင်မှု ပြင်းထန်ပါလိမ့်မယ်။ ဥရောပ
၀င်ခွင့်ရုန်းကန်နေရတဲ့ အသင်းနျစ်သင်းမို့ အိမ်ရှင်ဝုဖ်ဘတ်ကို ကြိုက်ပါတယ်။

မိန့်ဇ် - ဘိုင်ယန်မြူးနစ်
ပထမအကျော့ရလဒ် ဘိုင်ယန်မြူးနစ် ၄-၁ မိန့်ဇ်

ဘိုင်ယန်မြူးနစ်ဟာ ပွဲ ၅၀ ရှုံးပွဲမရှိစံချိန်တင် ထားနိုင်ပါတယ်။ နောက်ပြီးဘွန်ဒက်စ်လီဂါမှာ နောက်
ဆုံး ၁၇ ပွဲ ဆက်တိုက် နိုင်ပွဲဆက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ပုံစံက အကောင်းဆုံးရောက်နေပါ တယ်။
အဝေးကွင်းဖြစ်ပေမယ့် ဘိုင်ယန်အမှား ခံမယ်မထင်ပါဘူး။ ဘွန်ဒက်စ်လီဂါဖလားကို ယူဖို့ ၂၅ ပွဲမှာ
ရ၁ မှတ်ယူထားတဲ့ ဘိုင်ယန် သုံးမှတ်အပြည့်ယူပါလိမ့်မယ်။

မွန်ချင်ဂလက်ဘတ် - ဟာသာဘာလင်
ပထမအကျော့ရလဒ်၊ ဟာသာဘာလင် ၁-၀ မွန်ချင်

မွန်ချင်ကွင်းမှာ နောက်ဆုံးနှစ်ကြိမ် တွေ့ဆုံ ချိန် ဟာသာဘာလင် မယှဉ်နိုင်ပါဘူး။ မွန်ချင်ပဲ
စားသွားလိမ့်မယ်လို့ ထင်ပါတယ်။

နုရင်ဘတ် - ဖရန့်ဖတ်
ပထမအကျော့ရလဒ်၊ ဖရန့်ဖတ် ၁-၁ နုရင်ဘတ်

တန်းစီဇယားမှာ အမှတ်သုံးမှတ်ကွာဟလို့ ပြိုင်ဆိုင်မှုပြင်းထန်မယ့်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့
ဒီပွဲစဉ်မှာ သရေကျမယ်လို့ပဲ ထင်နေ မိတယ်။

လေဗာကူဆင် - ဟော့ဖန်ဟိမ်း
ပထမအကျော့ရလဒ်၊ ဟော့ဖန်ဟိမ်း ၁-၂ လေဗာကူဆင်

ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့တဲ့ လေဗာကူဆင် ထပ်ပြီးအရှုံးခံမယ်လို့ မထင်ပါဘူး။ နောက် တစ်ခါ
ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်အတွက် အသည်းအသန်တိုက်ပွဲဝင်နေရချိန် အိမ်ကွင်း မှာ ဟော့ဖန်ဟိမ်း
ကို လျှော့ပေါ့ကစားမှာတော့ မဟုတ်ပါဘူး။ လေဗာကူဆင်နဲ့ နှစ်သင်းပေါင်း သွင်းဂိုးအများကို
ကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး