အတ္တလန္တာရဲ့ခံစစ်ကို အင်တာတို့ ဘယ်လိုထိုးဖောက်မလဲ

အတ္တလန္တာရဲ့ခံစစ်ကို အင်တာတို့ ဘယ်လိုထိုးဖောက်မလဲ

အင်တာမီလန်-အတ္တလန္တာ
ဘောလုံးဝါသနာရှင်များ သတိမထားမိလိုက် ဘဲ ခြေစွမ်းရော၊ ရလဒ်ပါ တရိပ်ရိပ် တိုးတက်
ကောင်းမွန်လာသော အင်တာမီလန်သည် ယခုတစ်ပတ်တွင် သုံးပွဲဆက်တိုက်နိုင်ပြီး ခြေစွမ်းအား
ဖြင့် ဦးမော့လာသည့် အတ္တလန္တာ နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်ရာ စိတ်ဝင်စား စရာ ဖြစ်လာ
သည်။

သုံးယောက်ခံစစ် ကစားကွက်နှင့် အသားကျ လာပြီဖြစ်သော အင်တာမီလန်သည် ခံစစ်ကြောင်း
လုံခြံုကျစ်လျစ်လာခြင်းနှင့်အတူ အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းပါ တိုးတက်ကောင်းမွန် လာ
သည်။

အစောပိုင်းက ဆင်မြူရယ်၊ ရိုလန်ဒို၊ ဂျူအန် တို့ဖြင့် သုံးယောက်ခံစစ် အထိုင်ချရာတွင် အစပိုင်း
ရုန်းကန်ရပြီးနောက် ပြန်ကောင်းလာ သော အင်တာမီလန်နောက်တန်းတွင် အဓိက ဘောလုံး
သမားများဖြစ်သော ရာနော့ချီယာ၊ ဟူဂိုကမ်ပါနာရိုတို့ ပြန်လည်ကစားလာနိုင် သောအခါ၌ ကစား
ကွက်ထောင့်စေ့လာသည်။

အထူးသဖြင့် အင်တာမီလန်နောက်တန်းသည် သုံးယောက်ခံစစ်ပုံစံကို ကျစ်လျစ်လုံခြံုစွာ
ကစားနိုင်သောကြောင့် ကွင်းလယ်သည် ခံစစ်ဘက်ကို အာရုံစိုက်မှု လျော့နည်းသွားကာ အချိတ်
အဆက်မိရန်နှင့် တိုက်စစ်တွင် ကစား ကွက်များ ဖန်တီးပေးရန် ပိုမိုအာရုံစိုက်လာ နိုင်ခြင်းကြောင့်
အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း မြင့်တက်လာခြင်း ဖြစ်သည်။

၃-၅-၂ ကစားကွက်အရ ကွင်းလယ်တွင် ကစားသမားငါးယောက် ထားသောကြောင့် အင်တာ
မီလန်သည် ကွင်းလယ်၌ ပြိုင်ဘက် ထက် လူတစ်ယောက် အသာစီးရသကဲ့သို့ ရှိသည်။ ကွင်း
လယ်ဗဟိုသုံးယောက်တွင် ဘရာဇီးလ် ကစားကွက်ဖန်တီးရှင် ဟာနန်နက်စ်၊ ကိုလံဘီယာလက်
ရွေးစင် ဂူအာရင်နှင့် တိုက်စစ် အားသန်သော ၀ါရင့်ကစားသမား ကမ်ဘီယာဆို တို့ကို ထည့်
ကစားခဲ့ရာ ချိတ်ဆက်ပံ့ပိုးပေးမှုနှင့် လူခွဲနေရာယူခြင်းတို့ ကောင်းမွန်သေသပ်လာ သည်။

အထူးသဖြင့် အင်တာမီလန်ကွင်းလယ် တွင် ကစားသမား အနည်းဆုံး သုံးယောက်မှ လေးယောက်
ထိ 'လှုပ်' လာသောကြောင့် ကစားကွက် 'တက်' လာသည်။ နည်ပြ မက်ဇာရီသည် တိုက်စစ်တွင်
၀ါရင့် တိုက်စစ်မှူး ပလာစီယိုကို လူငယ်ကစားသမား အိုင်ကာဒီနှင့် တွဲဖက်ခဲ့ရာ စွမ်းဆောင်ရည်
ကောင်းလာသည်။

၀ါရင့်တိုက်စစ်မှူး ပလာစီယို သည် ဘောလုံး 'ကိုင်' ပြီး လူငယ်ကစားသမား အိုင်ကာဒီက 'လှုပ်'
သောကြောင့် အင်တာမီလန် တိုက်စစ်သည် ထိန်းရခက်သည်။ တစ်ဖန် ကွင်းလယ်မှ ဟာနန်နက်စ်၊
ကမ်ဘီယာဆိုတို့က ဖန်တီးပ့ံပိုးမှုများ ပြုလုပ်ပေးလာနိုင်ခြင်းကြောင့် အရေးပါသော ဂိုးများကို
သွင်းယူလာနိုင်သည်။

တစ်ဖက်တွင် အတ္တလန္တာသည် သုံးပွဲဆက် တိုက်နိုင်ကာ ခြေစွမ်းတစ်ဟုန်ထိုး တက်လာ သည်။
ယူဒီးနိစ်ကွင်းတွင် ၁-၁ သရေကျပြီး နောက် အတ္တလန္တာသည် ချီယေဗိုကို ၂-၁၊ လာဇီယိုကွင်းတွင်
၁-၀၊ ဆမ်ဒိုးရီးယားကို ၃-၀ ဖြင့် နိုင်ခဲ့ရာ စုစုပေါင်းခြောက်ဂိုးသွင်းနိုင်ခဲ့ သည်။ ၄-၂-၃-၁ ကစား
ကွက်ဖြင့် ခြေတွေ့လာ သော အတ္တလန္တာတွင် တိုက်စစ်ကို အဓိကပုံဖော် နေသူများမှာ အာဂျင်
တီးနား ကစားသမားများ ဖြစ်သော ဂျာမန်ဒင်းနစ်နှင့် မိုရာလက်စ်တို့ ဖြစ်သည်။

'အထောင်' တိုက်စစ်မှူး ဂျာမန်ဒင်းနစ်နောက် တွင် ကစားကွက်ပုံဖော်သူ မိုရာလက်စ်၊ တောင်ပံ
တိုက်စစ်သမားများဖြစ်သော ဘိုနာဗန်ကူရာ၊ အက်စတီဂါရီဘီယာတို့က လိုက်ဖြည့်ပေးသော
ကြောင့် အတ္တလန္တာတိုက်စစ်သည် သွက်လက် ထက်မြက်လာသည်။ တစ်ဖန် အတ္တလန္တာခံစစ်
ကြောင်းတွင် အဓိက အားထားရသူများ ပြန်လည်ပါ၀င်လာခြင်းကြောင့် လုံခြံုလာသည်။

ပြီးခဲ့သော သုံးပွဲဆက်တိုက် နိုင်ခဲ့ရာတွင် တစ်ဂိုးသာ သွင်းခံရသော အတ္တလန္တာခံစစ်ကြောင်းကို
လျှော့တွက်လို့ မရနိုင်တော့ပေ။ အထူးသဖြင့် ဗဟိုခံစစ်တွင် ၀ါရင့်ကိုလံဘီယာကစားသမား
မာရီယိုရစ်ပက်စ် နှင့် အီတလီကစားသမား စတန်ဒါဒိုတို့ဖြင့် 'အထိုင်ချ'ထားသောကြောင့်
ဘောလုံးလမ်းကြောင်း တွက်ဆမှုများ ကောင်းမွန်လာသည်။ ရစ်ပက်စ်နှင့် စတန်ဒါဒိုတို့သည်
တောင်ပံ ခံစစ် သမားများနှင့် ကွင်းလယ်ခံစစ်သမားများကိုပါ အော်ဟစ်ညွှန်ကြားပေးနိုင်သော
ကြောင့် အတ္တ လန္တာခံစစ်ကြောင်း လူကပ်ပုံ၊ နေရာယူပုံနှင့် ကာကွယ်ဖျက်ထုတ်ပုံများ သေသပ်
လာသည်။

ဆိုရပါလျှင် အင်တာမီလန်ရော၊ အတ္တလန္တာ ပါ ခံစစ်ကြောင်း လုံခြံုကျစ်လျစ်မှုကြောင့် အသင်း
ဖော်များ၏ ယုံကြည်မှုကို ရရှိလာခြင်း နှင့်အတူ အသင်းလိုက်ခြေစွမ်း ထက်မြက်လာ ကြသော
အသင်းများဖြစ်ကြသည်။ နှစ်သင်း စလုံးသည် 'ရစ်သမ်'မိနေသော်လည်း တစ်ဦးချင်း ကျွမ်းကျင်
မှုနှင့် 'လုပ်ရည်ကိုင်ရည်'ပိုင်းများ တွင် အင်တာမီလန် တစ်ပန်းသာသည်။

ထိုအချက် ကို အိမ်ရှင်အားသာချက်ဖြင့် ပေါင်းထည့်လိုက်ပါက ယခုပွဲတွင် ရွေးချယ်သင့်သော
အသင်းမှာ အင်တာမီလန်ဖြစ်ပြီး ဂိုးနည်းသောပွဲ ဖြစ်လာ နိုင်သည်။



ဖတ်ရှုမှုအများဆုံး