ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာ
လာလီဂါရဲ့ ချန်ပီယံပြိုင်ဆိုင်မှုဟာ ဒီတစ်ပတ် မှာတော့ အခြေအနေ တစ်မျိုးပြောင်းသွားနိုင် ခွင့်ရှိ
နေပါတယ်။ မဟာအသင်းကြီးနှစ်သင်း ထိပ်တိုက်ဆုံနေတဲ့ပွဲမှာ ရီးယဲလ်သာ နိုင်လိုက် ရင် ချန်ပီယံ
ဆုအတွက် အကောင်းဆုံးအခွင့် အရေးတစ်ရပ်ကို ပိုင်ဆိုင်သွားတော့မှာဖြစ်ပြီး ဘာစီလိုနာကတော့
ဒီရာသီ ချန်ပီယံဆုကို လက်လွှတ်လိုက်ရသလောက်ဖြစ်သွားတော့မှာ ပါ။
ဒါကြောင့် ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရေးပါနေတဲ့ ပွဲတစ်ပွဲလို့ ပြောလို့ရပါတယ်။ ပထမ
အကျော့ ဘာစီလိုနာကွင်းမှာ ကစားခဲ့တုန်းကတော့ ဘာစီလိုနာက ၂-၁ နဲ့ အနိုင်ရရှိ ထားခဲ့ပြီး
အခုဘာနေဗျူးမှာ ဆုံမယ့်ပွဲကတော့ ရီးယဲလ်ထက်စာရင် ဘာစီလိုနာအတွက် ပိုပြီး အရေးကြီးနေ
တဲ့ပွဲတစ်ပွဲလို့ ပြောနိုင်ပါလိမ့် မယ်။
ဒီပွဲနိုင်လိုက်ရင် ရီးယဲလ်ကို မမီသေးပေ မယ့် တစ်မှတ်ကွာအနေအထားအထိ ပြန်လိုက် နိုင်မယ့်
အခြေအနေကြောင့် ဘာစီလိုနာရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပြန်အားကောင်း လာဖို့ရှိနေပေမယ့်
ရှုံးခဲ့ရင်ပဲဖြစ်ဖြစ်၊ သရေကျ ခဲ့ရင်ပဲဖြစ်ဖြစ် ဘာစီလိုနာအတွက် နစ်နာမှုအပြည့်ရှိမယ့်ပွဲမျိုးပါပဲ။
နောက်ဆုံးပွဲသိမ်းမယ့် ပွဲစဉ်(၃၈) မှာလည်း အလက်တီကိုနဲ့ ကစားရဖို့ ရှိနေတဲ့ ဘာစီလိုနာဟာ
အခုပွဲမှာသာ အနိုင်မရ ခဲ့ဘူးဆိုရင် ချန်ပီယံမျှော်လင့်ချက်ကင်းမဲ့သွား ဖို့က သေချာနေပါတယ်။
ဒါကြောင့်လည်း ဒီပွဲ ဟာ ဘာစီလိုနာအတွက် အနိုင်မရရအောင် ဖွင့်တိုက်ရတော့မယ့် ပွဲတစ်ပွဲဖြစ်
လာပါတယ်။ နောက်ဆုံးကစားထားတဲ့ အဝေးကွင်းရလဒ်တွေအရတော့ ဘာစီလိုနာရဲ့ အဝေးကွင်း
ကစား ပုံဟာ အားရစရာမရှိတာအမှန်ပါပဲ။
အဝေးကွင်း မှာ ဘာစီလိုနာဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါနဲ့ ကိုပါဒယ်ရေးမှာ သုံးပွဲဆက်
တိုက် နိုင်ပွဲပျောက်နေခဲ့တယ်။ လာလီဂါမှာ ဗယ်လာ ဒိုးလစ်နဲ့ ဆိုစီဒက်ကို နှစ်ပွဲဆက်ရှုံးနိမ့်ထား
ခဲ့ပြီး ကိုပါဒယ်ရေးမှာလည်း ဆိုစီဒက်ကို ၁-၁ သရေသာ ကစားထားနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့ အဝေး
ကွင်းကစားပုံဟာ အားရစရာမရှိတာ အမှန်ပါပဲ။ ဒီအချိန်မှာ ရီးယဲလ်ကတော့ တဖြည်းဖြည်း တည်
ငြိမ်တဲ့ခြေစွမ်းမျိုးကို ထုတ်ပြနေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တည်ငြိမ်မှုလျော့ပါးနေခဲ့တဲ့ ရီးယဲလ်ရဲ့ခံစစ်ကြောင်းဟာ ၂၀၁၄ ခုနှစ်အတွင်း
မှာတော့ သိသိသာသာ တိုးတက်လာခဲ့ပြီး လာလီဂါမှာ ၂၀၁၄ အတွင်း ဂိုးပေးရတဲ့ ပွဲဆိုလို့ နှစ်ပွဲ
သာရှိခဲ့တယ်။ ပီပီ၊ ရာမို့စ်တို့နှစ်ယောက် စလုံး ပုံမှန်ခြေစွမ်း ပြန်ရလာတဲ့အပြင် ဗာရာနီ လည်း
ပြန်ကစားနိုင်တဲ့အချိန်မှာ ရီးယဲလ်ခံစစ် တောင့်တင်းလာမှုက ပိုပြီးသိသာလာနေတယ်။
နောက်ပြီး နည်းပြအန်ဆယ်လော့တီရဲ့ အတွေ့ အကြံုပိုင်းကလည်း စကားပြောလာတာ တွေ့ရ
တယ်။ ရီးယဲလ်ဟာ အခုနောက်ပိုင်းပွဲတွေမှာ အနိုင်ရသင့်ရထိုက်တဲ့ ပွဲတိုင်းကို အနိုင်ရအောင်
ကစားထားနိုင်ပြီး ရမှတ်တွေကို အရသိမ်းယူ နိုင်ခဲ့လို့ ထိပ်ဆုံးနေရာကို အမှားအယွင်းမရှိ ရယူ
ထားနိုင်ခဲ့တာလို့ ပြောလို့ရနေတယ်။
အသင်းရဲ့ကွင်းလယ်ပိုင်းကလည်း ဒုတိယ ရာသီဝက်မှာစုဖွဲ့မှု ပိုကောင်းလာသလို အန်ဆယ်
လော့တီရဲ့ကွင်းလယ်ပိုင်းတည်ဆောက်မှုအပိုင်း ဟာ ပိုပြီးအလုပ်ဖြစ်လာတာ တွေ့ရတယ်။ ကွင်း
လယ်မှာ ခံစစ်ကူကစားနိုင်မယ့် ကစား သမားဆိုလို့ အလွန်ဆိုတစ်ယောက်တည်းကို ထားကာ
ဒီမာရီယာ၊ မိုဒရစ်တို့နဲ့ တွဲဖက် တည်ဆောက်ထားတဲ့ ကွင်းလယ်ပိုင်းဟာ တဖြည်းဖြည်းနဲ့ တည်
ငြိမ်လာနေတယ်။
လူစားဝင်ကစားခွင့်ရကြတဲ့ အစ္စကိုနဲ့ အီယာရာမန်ဒီ တို့ကလည်း ကစားခွင့်ရတဲ့အချိန်မှာ
အကောင်း ဆုံးခြေစွမ်းပြနိုင်အောင် ကြိုးစားနေကြလို့ ရီးယဲလ်ရဲ့ ကွင်းလယ်ပိုင်းဟာ ဒုတိယ
ရာသီဝက် မှာ ပိုပြီးတည်ငြိမ်လာတယ်။ တိုက်စစ်ပိုင်းမှာ လည်း ရော်နယ်ဒိုမရှိတဲ့ အချိန်မျိုး
မှာတောင် လူစားဝင်ကစားခွင့်ရပြီး အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို သွင်းပေးနိုင်တဲ့
ဂျီဆီးလိုကစားသမားမျိုးကို ပွဲထုတ်ပေးနိုင်ခဲ့တဲ့ အန်ဆယ်လော့တီရဲ့ နေရာပေးမှုကလည်း
ချီးကျူးစရာပါပဲ။
ဘေးလ် ပုံမှန်ခြေစွမ်းမျိုးမရှိ ပေမယ့် အခွင့်အရေးရရင် ဂိုးသွင်းနိုင်တာ၊ ဘန်ဇီမာရဲ့အလှုပ်အတိုး
တွေကလည်း ပိုပြီး ထိရောက်မှုရှိလာတာတွေက ရီးယဲလ်တိုက်စစ် အတွက် အားရစရာအချက်
တွေပါပဲ။
ဒီပွဲမှာ မာလာဂါနဲ့ပွဲတုန်းက ဒဏ်ရာရထားတဲ့ ဘန်ဇီမာ ပါ၀င်လာဖို့မသေချာရင်တောင် ဂျီဆီးလို
လူငယ် တိုက်စစ်မှူးမျိုးရှိနေတဲ့ ရီးယဲလ်အတွက် တိုက်စစ် ပိုင်း စိုးရိမ်စရာသိပ်မရှိလှပါဘူး။ ဘာစီ
လိုနာခံစစ်ဟာ ဒီရာသီမှာ အမှား အယွင်းတွေများလွန်းပြီး တည်ငြိမ်မှုလျော့နည်း လွန်းနေတာက
ရီးယဲလ်လိုအသင်းမျိုးနဲ့ အရေး ကြီးတဲ့ အဆုံးအဖြတ်ပွဲ ကစားတဲ့အခါမျိုးမှာ အသင်းအတွက်
အဓိကအနှောင့်အယှက်ပေး မယ့် နေရာတစ်ခုလိုဖြစ်လာနိုင်ပါတယ်။
အခု နောက်ပိုင်း ဘာစီလိုနာရဲ့ အဝေးကွင်းအသင်း လိုက်ကစားပုံကလည်း အားရစရာသိပ်မရှိ
လှတဲ့အပြင် တိုက်စစ်ပိုင်းကလည်း အဝေးကွင်း မှာ ဂိုးသွင်းနှုန်း အားလျော့နေတဲ့အချက်က
ရီးယဲလ်ရဲ့ခိုင်မာတဲ့ ခံစစ်ကြောင်းကို ထိုးဖောက်ဂိုးရဖို့ ကြိုးစားတဲ့နေရာမှာ အခက်အခဲရှိလာ
နိုင်မလားဆိုတာလည်း အဓိက စဉ်းစားရမယ့်အချက်တစ်ခုလို ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ အခုပွဲအတွက် ဘာစီလိုနာကို မျှော် လင့်နိုင်တာက ဘာစီလိုနာဟာ ဒီပွဲမကစားမီ ချန်ပီယံ
လိဂ်ပွဲလည်း ကစားမထားရတဲ့အတွက် အသင်းက အနားပိုရနေပြီး ရီးယဲလ်ကိုရင်ဆိုင်ဖို့ ပြင်ဆင်
ချိန် အပြည့်အဝရနေတဲ့ အချက်ပါပဲ။
ရီးယဲလ်ကတော့ ရှော်လ်ကေးနဲ့ကြားထဲမှာ ချန်ပီယံလိဂ်ပွဲ နွှဲထားရသေးတယ်။ ဒါပေမဲ့ တစ်ချက်
ပြန်ကြည့်ရင်တော့ ရှော်လ်ကေးကို ပထမအကျော့ ဂိုးပြတ်အနိုင်ယူထားနိုင်တာ ကြောင့် ကွာတား
ရောက်ဖို့ သေချာနေပြီဖြစ်တဲ့ ရီးယဲလ်ဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲကို အားကုန်မထုတ်ဘဲ
ဘာစီလိုနာနဲ့ပွဲအတွက် ချန်ထားပြီး ထိန်းကစားနိုင်ခွင့် ရှိနေတဲ့ အချက်ပါပဲ။ တစ်ချက်စောင့်ကြည့်
ရမှာက ဘာစီလိုနာ ဟာ အရေးကြီးတဲ့ပွဲမျိုးဆိုရင် ပိုမိုအားစိုက် ကစားလေ့ရှိသလို မက်ဆီကလည်း
တခြားပွဲတွေ ထက်ပိုပြီးညှစ်ကစားတတ်တဲ့ အကျင့်ရှိနေတဲ့ အချက်ပါပဲ။
ဒါပေမဲ့ မဟာပြိုင်ဘက်အသင်းကြီး တွေပီပီ ရီးယဲလ်ကလည်း သူတို့အတွက် ချန်ပီယံ အခွင့်
အလမ်းတစ်ခုကို အိမ်ကွင်းမှာ မျှော်လင့်ချက်လျော့နည်းသွားအောင် ဖန်တီးနိုင်ဖို့ သိပ် မရှိလို့
ဘာစီလိုနာအတွက် ဒီပွဲမှာ ရီးယဲလ်ဆီက အမှတ်ပြည့်ရရေးဆိုတာ သိပ်ပြီးမလွယ်နိုင်ဘူး
ထင်ပါတယ်။
စောင့်ကြည့်ရမှာကတော့ အဝေး ကွင်း သုံးပွဲဆက်နိုင်ပွဲပျောက်နေတဲ့ ဘာစီလိုနာ ဟာ ဒီပွဲမှာ
မထင်မှတ်ဘဲ ပြန်အောင်သွားနိုင် မလားဆိုတဲ့ အချက်ကိုပါပဲ။ သေချာတာက တော့ ဒီပွဲဟာ
ဂိုးများဖို့ရှိနေပြီး အနိုင်ရမယ့် အသင်းကိုတော့ ရွေးချယ်ရခက်နေတာ အမှန်ပါပဲ။
အခြားပွဲစဉ်များ
* ဆယ်လ်တာ - မာလာဂါ
* ဂရန်နာဒါ - အယ်လ်ချီ
အက်စ်ပန်ညို - လီဗန်တေး *
ဗယ်လာဒိုးလစ် - ရာယို *
* ဘီလ်ဘာအို - ဂီတာဖေး
အိုဆာဆူနာ - ဆီဗီလာ *
ဘက်တစ် - အလက်တီကို *
* ဗလင်စီယာ - ဗီလာရီးယဲလ်
အယ်လ်မီရီယာ - ဆိုစီဒက် *














