ဘိုလော့နာ-ကက်ဂလီယာရီ
တန်းမဆင်းရဖို့အတွက် 'ညှစ်'ရမယ့် အချိန်ကို ရောက်နေလို့ ဘိုလော့နာရဲ့ ကစားအားနဲ့
စိတ်ဓာတ်မြင့်တက်လာမယ်လို့ ယူဆရတယ်။ ဒါပေမဲ့ ဘိုလော့နာတိုက်စစ်မှာ လူထည့်ကစားပုံ
မတည်ငြိမ်တဲ့အချက်ကိုတော့ မေ့ထားလို့မရ ဘူး။ ကက်ဂလီယာရီကတော့ ထိပ်သီးတွေကို
ခံကစားနိုင်ပေမယ့် သူလိုကိုယ်လိုအသင်းတွေ ကို ရင်ဆိုင်တဲ့အခါ ခြေစွမ်းရော၊ ရလဒ်ပါ သိပ်
မကောင်းဘူး။ဘိုလော့နာကို ပိုကြိုက်တယ်။
ကာတာနီးယား-ဂျူဗင်တပ်
ဆက်တိုက်ခြေစွမ်းကျဆင်းလို့ အောက်ဆုံး ရောက်နေတဲ့ ကာတာနီးယားခြေစွမ်းဟာ ဂျူဗင်တပ်
ကို ဘက်ပေါင်းစုံက ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဂျူဗင်တပ်ကလည်း ယူရိုလိဂ် မှာ ဖီအိုရင်
တီးနားကို အသဲအသန်ကစားရမှာ ဖြစ်လို့ စီးရီးအေမှာ 'ချို' ကစားသွားနိုင်တယ်။ ဂျူဗင်တပ်
ခပ်ပါးပါးအနိုင်ထက် ပိုမကစား လောက်ဘူးလို့ ယူဆမိတယ်။
ချီယေဗို-ရိုးမား
အိမ်ကွင်းမှာ 'ညှစ်'အားရှိလို့ ချီယေဗိုကို လျှော့တွက်လို့မရပေမယ့် နောက်တန်းတည်ငြိမ်
ကျစ်လျစ်မှုမရှိဘူး။ ချီယေဗိုဟာ တိုက်အား၊ တွန်းအားရှိပေမယ့် ထိပ်တန်းအသင်းကြီးတွေ ကို
ခံကစားနိုင်တဲ့ခြေစွမ်း မရှိဘူးဆိုတာ မကြာ သေးမီက ဖီအိုရင်တီးနား၊ ဂျူဗင်တပ်တို့ကို ၃-၁ နဲ့
ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲတွေမှာ ပေါ်လွင် ခဲ့တယ်။ ရိုးမားကတော့ အောက်ဖက်ကအသင်း တွေ
နိုင်ပွဲရနေပြီး အမှတ်ကပ်လာလို့ အသင်း ကို 'ဆွဲတင်'ရတော့မယ့် အခြေအနေကို ရောက်နေ
တယ်။ လတ်တလောမှာ ဂိုးသွင်းနှုန်း ကျဆင်း သွားတာကလွဲရင် ရိုးမားမှာ အပြစ်အနာအဆာ
မရှိပါဘူး။ ရိုးမားတို့ သုံးမှတ်သေချာပေါက် ယူနိုင်မယ့်ပွဲ ဖြစ်ပါတယ်။
လာဇီယို-အေစီမီလန်
ကက်ဂလီယာရီကွင်းမှာ နှစ်ဂိုးပြတ်နိုင်လိုက် လို့ လာဇီယိုခြေစွမ်း ပြန်ပြီးဦးမော့လာမယ်လို့ ယူဆ
ရတယ်။ ကလိုဆေးကို တိုက်စစ်ဖန်တီးရှင် အဖြစ် နေရာရွှေ့ပြီး ကီတာနဲ့ လူလစ်တို့ကို တောင်ပံ
တိုက်စစ်တွေမှာ လိုက်ဖြည့်ကစားတဲ့ သုံးယောက်တိုက်စစ်ပုံစံကို လာဇီယို ပြောင်း ကစားရာမှာ
အံဝင်ပြီး တိုက်စစ်အား တိုးတက် လာတယ်။ အေစီမီလန်ကတော့ ချန်ပီယံလိဂ် အပါအဝင် ပြီးခဲ့
တဲ့လေးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ၁၁ ဂိုးသွင်းခံလိုက်ရလို့ နောက်တန်း 'ပွင့်'နေတာ ပေါ်လွင်နေတယ်။
လာဇီယိုသာ အာရုံစိုက် ပြီး ဖိဖိစီးစီးကစားရင် နိုင်ဖို့မခက်ဘူး။
နာပိုလီ-ဖီအိုရင်တီးနား
ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ဖွင့်ကစားနေ ရပေမယ့် စီးရီးအေမှာ နာပိုလီတို့ အားထည့်ပြီး ကစား
နေတယ်။ အထူးသဖြင့် နာပိုလီရဲ့ တောင်ပံ တိုက်စစ်က အချိတ်အဆက်မိလာလို့ တိုက်စစ်ကို
ပိုပြီးဖွင့်ကစားလာတာ တွေ့ရတယ်။ တစ်ဖက် မှာ ဖီအိုရင်တီးနားကလည်း ယူရိုလိဂ်နဲ့ စီးရီးအေ
ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်းဖွင့်ကစားနေရာ မှာ ပွဲကျပ်တွေ ဆက်နေတယ်။ အထူးသဖြင့်
ယူရိုပါလိဂ်မှာ ဂျူဗင်တပ်ကို ရင်ဆိုင်နေရလို့ နာပိုလီကွင်းမှာ သွားကစားတဲ့အခါ ဖီအိုရင်တီးနား
တို့ ခြေပျက်သွားနိုင်တယ်။ ချိန်ခွင်လျှာ က နာပိုလီဘက်မှာ အကဲပိုနေတယ်။
ပါးမား-ဂျီနိုအာ
နိုင်ပွဲဆက်နေတဲ့ ပါးမားခြေစွမ်းက ရစ်သမ်မိပြီး တောက်လျှောက်တက်လာတယ်။ အထူး သဖြင့်
ပါးမားတိုက်စစ်ဟာ ထိပ်သီးတွေနဲ့ သူတင်ကိုယ်တင် ယှဉ်နိုင်တဲ့အဆင့်မှာရှိတယ်။ ၀ါရင့်တိုက်စစ်
မှူး အမော်ရီ၊ ဘီယာဘီယန်နီတို့လည်း ကာဆာနိုနဲ့ အချိတ်အဆက်မိပြီး အေစီမီလန်နဲ့ပွဲမှာ ဂိုးတွေ
သွင်းနိုင်ခဲ့တယ်။ ဂျီနိုအာကတော့ ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်မှာ ချီယေဗိုကို ၂-၁၊ ဂျူဗင်တပ်ကို ၁-၀
နဲ့ ရှုံးထားတယ်။ သမ္ဘာရှိသူ အများအပြားပါ၀င်နေပေမယ့် လတ်တလော ခြေကျနေတယ်။ ပုံမှန်
အတိုင်းခြေစွမ်းပြနိုင်မယ်ဆိုရင် ပါးမားတို့ သုံးမှတ်သေချာတယ်။
ဆမ်ဒိုးရီးယား-ဗီရိုနာ
တိုရီနိုကို ၂-၀၊ လီဗော်နိုကို ၄-၂ နဲ့ ဆက်တိုက် နိုင်ပြီးနောက် အတ္တလန္တာကွင်းမှာ သုံးဂိုးပြတ် ရှုံးတဲ့
ဆမ်ဒိုးရီးယားခြေစွမ်းက တည်ငြိမ်မှုမရှိ တာကို ဖော်ပြနေတယ်။ ဒါပေမဲ့ အီဒါ၊ ဂါဘီယာ ဒီနီ၊ အိုကာ
ကာ မက်ဆီလိုပက်ဇ်တို့ ပါ၀င်နေတဲ့ ဆမ်ဒိုးရီးယားရဲ့ တိုက်စစ်အားကိုတော့ လျှော့ တွက်လို့မရဘူး။
ဗီရိုနာကတော့ မတ်လထဲမှာ ခြေစွမ်းထိုးဆင်းလာတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်မှာ
တစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့ ဗီရိုနာတိုက်စစ်ဟာ ခြေစွမ်းထက်မြက်တုန်းက အနေအထားမျိုးမှာမရှိတော့
တာ သေချာတယ်။ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။
တိုရီနို-လီဗော်နို
လတ်တလော တိုရီနိုခြေစွမ်း ဆက်တိုက်ကျဆင်းနေတယ်။ အထူးသဖြင့် ဂိုးသွင်းနှုန်းကျဆင်း
သွားပြီး ဂိုးပေါက်ပျောက်သလောက် ရှိနေတယ်။ လီဗော်နိုကတော့ တန်းမဆင်းရဖို့ ရှိသမျှအစွမ်း
အစ အကုန်ထုတ်ပြီး 'ညှစ်' နေလို့ စိတ်ဓာတ်ရော၊ ကစားအားပါ လျှော့တွက်လို့မရ ဘူး။ လီဗော်နို
ရှေ့တန်းက ဘရာဇီးလ်၊ အာဂျင် တီးနားတိုက်စစ်တွဲဖြစ်တဲ့ ပေါ်လင်ဟို-ဘဲလ်ဖိုဒီ တို့ ခြေစွာနေ
တယ်။ လီဗော်နိုဘက်က အရဲစွန့် သင့်တယ်။
ယူဒီးနိစ်-ဆက်စူလို
ယူဒီးနိစ်တို့ အိမ်ကွင်းစွာပေမယ့် လူထည့် သွင်းကစားပုံအပြောင်းအလဲရှိလို့ ခြေစွမ်းမတည်ငြိမ်တဲ့
အချက်ကို ထည့်သွင်းစဉ်းစား ရမယ်။ ကွင်းလယ်နဲ့တိုက်စစ်မှာ လူငယ်လူသစ် တွေကို ထည့်
ကစားပြီး ၀ါရင့်တွေဖြစ်တဲ့ ဒီနာ တယ်လီ၊ ပင်ဇီတို့ကို ဒုတိယ ပိုင်းတွေမှာ လူစား လဲပေးနေရတယ်။
ဆက်စူလိုက တန်းမဆင်း ရဖို့ အားစိုက်ကစားလာခြင်းနဲ့အတူ ခြေစွမ်း ရော၊ ရလဒ်ပါ တိုးတက်
လာတယ်။ တိုက်စစ်အား ကောင်းလာပြီး ဂိုးသွင်းနှုန်းတက်လာတယ်။ ဆက်စူလိုကို ရွေးချယ်
သင့်တယ်။














