တောင်တရုတ်အသင်းကို အနိုင်ယူပြီး ဒုတိယမြောက် နိုင်ပွဲရရှိခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

တောင်တရုတ်အသင်းကို အနိုင်ယူပြီး ဒုတိယမြောက် နိုင်ပွဲရရှိခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

၂၀၁၄ ခုနှစ် AFC cup ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တောင်တရုတ်အသင်းတို့
ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ
ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်သည် အုပ်စုတတိယမြောက် ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးပါသော ပွဲစဉ်
တစ်ပွဲ ဖြစ်သောကြောင့် နှစ်သင်းစလုံး အစွမ်းကုန် ကြိုးစား ကစားခဲ့ကြသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အမာခံ ကစားသမားများနှင့် ဧည့်သည် တောင်တရုတ်အသင်း
ကို ရင်ဆိုင်ခဲ့ပြီး ဘရာဇီး တိုက်စစ်မှူးများဖြစ်သော ဆီဇာနှင့် အီမာဆင်တို့၏ ခေါင်းတိုက်သွင်းဂိုး
များဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန်(၃၅)မိနစ်တွင်ဆီဇာနှင့် (၇၆)မိနစ်တွင်
အီမာဆင်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် စည်းကျပ်ဒိုင်၏ ဆုံးဖြတ်ချက်တစ်ချို့သည် အငြင်းပွားစရာဖြစ်ခဲ့ပြီး တောင်တရုတ်
အသင်းမှ ကစားသမား နောက်ခံလူတစ်ဦးနှင့် အသင်းအုပ်ချုပ်သူတို့ အထုတ်ပယ်ခံခဲ့ရသည်။

အရှုံးရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရသော တောင်တရုတ်အသင်းသည် အုပ်စုပွဲစဉ်(၃)ပွဲ ကစားအပြီးတွင်
(၃)ပွဲစလုံးရှုံးနှိမ့်ထားပြီး အုပ်စုတက်ရန် မျှော်လင့်ချက် မှေးမှိန်ခဲ့ရပြီး အနိုင်ရရှိခဲ့သော ရန်ကုန်
ယူနိုက်တက်အသင်းသည် အုပ်စုတက်ရန် အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်၂၀၁၄ ခုနှစ် AFC cup ပြိုင်ပွဲ၏ အုပ်စု(G)တွင် မလေးရှားကလပ်
ကီလန်တန်၊ ဗီယက်နမ်ကလပ် နန်ဘီး၊ ဟောင်ကောင်ကလပ် တောင်တရုတ်တို့နှင့် တစ်အုပ်စု
တည်းကျရောက်လျက်ရှိပြီး ကီလန်တန်အသင်းကို ၅ဂိုး ၃ဂိုး ဖြင့်လည်းကောင်း တောင်တရုတ်
အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အိမ်ကွင်းတွင် အနိုင်ရရှိထားပြီး နန်ဘီးအသင်းကို
အဝေးကွင်း၌ ၃ဂိုး၂ဂိုးဖြင့် ရှုံးနှိမ့်ထားသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ရမှတ် (၆)မှတ် ရရှိထားကာ အုပ်စု(G) ၏ ဒုတိယနေရာတွင်
ရပ်တည်နေသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု စတုတ္ထမြောက်ပွဲစဉ်အဖြစ် ဧပြီလ ၂ ရက်နေ့တွင်
တောင်တရုတ်အသင်းနှင့် ဟောင်ကောင်တွင် အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

AFC cup



ဖတ်ရှုမှုအများဆုံး